NewsPolitic

သံတွဲသား ထွန်းနိုင်စိုးရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရခိုင်ယူနိုက်တက် V.U.E Nay Pyi Taw ကိုနိုင်

အာရက္ခတိုင်းမ်စ် (၅ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ငပလီသား ထွန်းနိုင်စိုးရဲ့ တစ်လုံးတည်းသော ဂိုးကြောင့် ရခိုင်ယူနိုက်တက် (Rakhine United FC) အသင်းက V.U.E Nay Pyi Taw အသင်းကို အနိုင်ရခဲ့ပါတယ်။

ထွန်းနိုင်စိုးရဲ့ ဂိုးကို သံတွဲသားပဲဖြစ်တဲ့ ညီညီထွန်းက ဖန်တီးပေးခဲ့တာဖြစ်ပြီး ညီညီထွန်းက ဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုနဲ့ ထိုက်တန်တယ်လို့ ဖော်ပြထားပါတယ်။

သံတွဲသား နှစ်ဦးအကြား နားလည်မှုကြောင့် ဂိုးရခဲ့တာလို့လည်း ရခိုင်ယူနိုက်တက်က ဆိုပါတယ်။

ရခိုင်ယူနိုက်တက်အသင်းက မြန်မာလိဂ်ပြိုင်ပွဲမှာ လေးပွဲဆက်တိုက် အနိုင်ရခဲ့လို့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို အသင်းဒါရိုက်တာတွေ၊ ဥက္ကဋ္ဌ ဦးကျော်လွှင်နဲ့ နည်းပြချုပ် ဦးမိုးဟိန်းမြင့်တို့က စုစုပေါင်း ကျပ် ၇၂ သိန်း ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အသင်းက ဒီဆုငွေဟာ ပွဲစဉ်တွေအတွင်း အသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်စွာ ကစားခဲ့မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးတာလို့ ဆိုပြီး ကွင်းအတွင်း၊ ကွင်းပြင်ကနေ အားပေးခဲ့တဲ့ ပရိသတ်တွေရဲ့ အားပေးမှုက အရေးပါတဲ့ အင်အားဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှေ့လာမယ့်ပွဲစဉ်တွေမှာလည်း ပိုကောင်းတဲ့ရလဒ်တွေ ရရှိအောင် ဆက်ကြိုးစားသွားမယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

Related posts

‌စကမရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရက္ခိုင်ပြည်မပါဝင်

Rakhita Times

စစ်ကောင်စီ ရေတပ်က လက်နက်ကြောင့် ကျောက်ဖြူဒေသခံ ၂ ဦီးသေ၊ ၇ ဦး ဒဏ်ရာရ

Rakhita Times

NCA ကို အခြေခံပြီး ဆွေးနွေးကြရန် စောမြရာဇာလင်း တိုက်တွန်း

Rakhita Times

Leave a Comment