အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၉-က)

“စစ်တွေမြို့မှ ဝေးရာသို့”

ဌေးဝင်း

မြေအောက် တော်လှန်ရေး တပ်သားလုပ်ရင်းနဲ့ ငါလည်း ဆယ်တန်းကို ရောက်လာပြီ။ ပေးအပ်တဲ့ တာဝန်တွေကို အကောင်းဆုံး ကြိုးစား လုပ်ကိုင်ပေးခဲ့တယ်။ ကိုယ်ဘာသာကိုယ်လည်း ငါ ပေးအပ်တဲ့ တာဝန်တွေကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်ဆိုပြီး ကျေနပ်နေမိတယ်။ ဘာကြောင့်လဲဆို ဒီအချိန်ထိ ကျည်ဆံတွေ လက်ပစ်ဗုံးတွေ စစ်ယူနီဖေါင်းတွေ စစ်ကျောပိုးအိတ်တွေကို ငါဟာ အန္တရာယ်ကင်းကင်းနဲ့ တနေရာက တနေရာသို့ သတ်မှတ်နေရာကို ရောက်အောင် သယ်ယူပို့ဆောင် လှုပ်ရှားနိုင်မှုတွေ အပေါ်မှာလည်းဘဲ မိမိကိုယ်မိမိ ယုံကြည်မှုက မြင့်နေတာ အမှန်ဘဲ။

စစ်တွေမြို့တွင်း လှုပ်ရှားမှုများမှာလည်း ငွေကြေးထည့်ဝင်တာနဲ့ စာပေးစာယူ လုပ်ဆောင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံရေး တည်ဆောက်တဲ့အခါလည်း သက်ဆိုင်သူတွေက အသိမှတ်ပြုခြင်းနဲ့ ချီးကျူးခြင်းခံရမှု အပေါ်မှာလည်း တက်တက်ကြွကြွ ဖြစ်ခဲ့ရတယ်။

ဒီလိုနဲ့ တနေ့မှာ ထူးထူးဆန်းဆန်း ကိစ္စတခုနဲ့ ငါ့ကို လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) က မှတ်ပုံတင်နံပတ် တခုတည်းနဲ့ လူနှစ်ယောက် ဖြစ်နေတယ်ဆိုပြီး ရုံးကိုလာဖို့ အခေါ်ခံရတယ်။ ဘယ်လိုဖြစ်တာလဲဆိုပြီး တွေးမိသေးတယ်။ ဒါပေမဲ့ လာအကြောင်းကြား ပေးတဲ့သူက ထန်းပင်ရင်း ရပ်ကွက်မှာနေတဲ့ အဖေအမေတွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေ လဝက ရုံးက ဦးမောင်ကျော်စိန်ဟာ အိမ်ကိုလာပြီး ပြောတာဆိုတော့ ငြင်းလို့လည်း မရဘူးလေ။ သူက

“ကျော်ဟန်” နာမည်နဲ့ မှတ်ပုံတင်နံပတ် နှစ်ခုထပ်နေတဲ့ကိစ္စ ဖြစ်နေလို့ ရုံးကို မနက် ဆယ်နာရီခွဲလောက် အရောက်လာခဲ့ပါ”

လို့ အိမ်ကို လာရောက်ကာ မှာသွားလို့ ငါဟာ စစ်တွေမြို့နယ် လဝက ရုံးကို လိုက်သွားတယ်။ ရုံးကိုရောက်လို့ ဆယ့်ငါးမိနစ်လောက်အကြာမှာ အသက်သုံးဆယ်ခန့် အရွယ်လောက်ရှိမယ့် ဝန်ထမ်းတယောက် ရောက်လာပြီး

“ကျော်ဟန်.. ဟုတ်တယ်မလား”

လို့ ငါ့ကို မေးတယ်။ ငါက

“ဟုတ်ပါတယ်”

ဆိုတော့ သူက

“လာ.. ငါနဲ့လိုက်ခဲ့”

လို့ ပြောပြီး သူက ငါ့ကို လဝက ရုံးနဲ့ အဆောက်အဦးတခုထဲမှာ ရှိနေတဲ့ SB ရုံး (ရဲထောက်လှမ်းရေး) အဖွဲ့ ရုံးခန်းတခုထဲကို ခေါ်သွားတယ်။ ရဲထောက်လှမ်းရေးရုံးမှာ ထိုင်နေတဲ့ အရာရှိဆီ ရောက်တော့

“ဒီမှာ ကျော်ဟန်ပါ”

ဆိုပြီး အဲဒီအရာရှိဆီ သတင်းပို့ပြီး သူဟာ ဘေးနားက ခုံမှာ ရပ်နေတယ်။ ရဲအုပ်က ငါ့ကို သူ့စားပွဲရှေ့က ထိုင်ခုံကို လက်ညိုးထိုးပြပြီး

“အဲဒီမှာ.. ထိုင်”

ဆိုပြီး ထိုင်ခိုင်းလိုက်တယ်။ ထိုင်ပြီးတာနဲ့ ချက်ချင်းဘဲ လက်နှိတ်စက်နဲ့ ရိုက်ထားတဲ့ စာရွက်တထပ်ကို ဖတ်ခိုင်းပြီး သူဟာ ငါ့ကို စိုက်ကြည့်နေတယ်။

စာသုံးမျက်နှာလောက်ဘဲ ဖတ်ရသေးတယ်။ ဟာ.. သွားပြီဆိုတဲ့ အသိစိတ်နဲ့အတူ ဆောက်တည်ရာမရ ထူထူပူပူ ထိတ်ကနဲ ဖြစ်သွားတယ်။ ငါ့ရဲ့ လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်ခဲ့တာတွေထဲက တချို့က အဲ့ဒီစာရွက်ပေါ် မှာ တိတိကျကျ ရေးထားတာကို ဖတ်မိနေရပြီ ဖြစ်လို့။ ငါလုပ်တာကို ငါတောင် ဒီလောက်ထိ သေသေချာချာ ပြန်ရေးနိုင်မှာမဟုတ်ဘူး “ဟူး” ဆိုပြီး သက်ပြင်းချရုံမှအပ ဘာမှ မတတ်နိုင်ပြီ။ စာကိုဖတ်အပြီးမှာ သူဟာ ငါ့မျက်နှာကို စေ့စေ့ကြည့်ပြီး သူ့နံမည်က ဘစိန်။ ရဲထောက်လှမ်းရေးဘက်က အရာရှိလို့ ဆိုတယ်။ သူဆက်ပြောတာက

“ငါဟာ မင်းအဒေါ် ဒေါ်ညိုကြိုင်နဲ့ အလွန်ရင်းနှီးတယ်။ ငါ့ အလုပ်ကိစ္စအတွက် စာမေးပွဲလာဖြေတုန်းက သူတို့အိမ်မှာ တည်းခိုပြီး စာမေးပွဲ ဖြေခဲ့ဖူးတာတွေ ရှိတယ်။ ပြီးတော့ ငါ့အမျိုးသမီးနဲ့လည်း မင်းအဒေါ်နဲ့ က ဆွေမျိုးရင်းချာတွေ ဖြစ်နေတာရယ်။ တခါ မင်းပြားမြို့က မင်းအကိုဝမ်းကွဲ ထွန်းဝေနဲ့လည်း သူငယ်ချင်းဖြစ်တယ်”

ငါလည်း စိတ်ထဲ မွန်းကြပ်သလို ခံစားနေရလို့ ဘာမှ မတုန့်ပြန်မိခင် သူက

“ဒီမှာ ကျော်ဟန်. မင်းရဲ့ လုပ်ဆောင်ထားမှုတွေကို မင်းကိုယ်တိုင် အသိဆုံးဘဲ ဖြစ်တယ်။ ဒါ မင်းငြင်းလို့ရမယ့် ဟာလည်း မဟုတ်ဘူး။ ငြင်းလည်းငြင်းဖို့ မကြိုးစားနဲ့”

လို့ ဆိုတော့ ငါဟာ ငါ့အခြေအနေကို ကောင်းကောင်း သဘောပေါက်လိုက်ပြီ။ သူအခုလို ရှင်းပြနေတာကိုက ငါနဲ့ပတ်သက်ပြီး သူ့မှာ ထောက်ထားစရာ ရှိနေလို့သာ ချက်ချင်း လက်ထိပ်ခတ်ပြီး အချုပ်ထဲ မထည့်သေးတာလို့။ အဲဒါကို သေချာစေတာက

“ဟေ့ကောင် ချာတိတ်.. မင်းဟာ အသက် ငယ်ငယ်ရွယ်ရွယ် ငချွတ်ကလေးဘဲ ရှိသေးတယ်။ မင်းလုပ်ထားတာတွေက ထောင်ကျမယ့် လုပ်ပေါက်တွေ ချည်းဘဲ။ မင်းနားလည်ရမှာက ထောင်ကျရင် ပညာသင်ကြားခွင့် ဆုံးရှုံးမယ်။ ငါ မင်းကို ထောင်ထဲမှာ အချိန်တွေကုန်ပြီး အသက် မကြီးသွားစေချင်ဘူး။ ရှင်းရှင်းပြောရရင် မင်းလောက် မလုပ်ထားတဲ့ ကောင်တွေတောင် အခု ထောင်ထဲမှာရောက်နေကြပြီ”

ဆိုပြီး စိုးရိမ်စိတ်ဝင်နေတဲ့ ငါ့ကို သူက ဖြဲခြောက်နေတယ်။ ဆက်ပြီး သူက

“မင်း… မောင်စောမြင့်ကို သိလား။ သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြစ်နားရွာမှာနေတဲ့ သူ့အစ်ကို စောထွန်း (ခ) ဦစောမောင် ကို သွားတွေ့ရုံ တခုထဲနဲ့ ထောင်ထဲမှာ တနှစ်လောက် ရှိနေပြီ။ ခု မင်းလုပ်ထားတာတွေက ထောင်ဒဏ် ခုနစ်နှစ်လောက်ထိ ကျနိုင်တယ်ဆိုတာ သိရဲ့လား”

ဆိုတော့ ငါ တကယ်ဘဲ ပြာသွားတယ်။ သူ ဆက်ပြောတာကြောင့်သာ ငါ စိတ်သက်သာရာ နည်းနည်း ရသွားတာ။

“ဒါပေမဲ့ မင်းကို ငါ့အနေနဲ့ အထက်ကို တင်ပြပြီး စီစဉ်ပေးလို့ရတဲ့ အခွင့်အရေးတခုတော့ ရှိတယ်။ မင်းအဒေါ်တို့ အစ်ကိုတို့ရဲ့ မျက်နှာကိုကြည့်ပြီး ငါ အကောင်းဆုံး စီစဉ်ပေးနိုင်တာက အခု ထွက်ဆိုချက်တွေကို မင်းနဲ့ ဆက်စပ်ပတ်သက်တဲ့ တရားခံတွေက ထွက်ဆိုပြီးသား ဖြစ်တယ်။ အဲဒါကို မင်း ငြင်းလို့မရဘူး။ အဲဒါကြောင့် အဲဒီ သူတို့ ထွက်ဆိုချက်တွေအတိုင်း ဟုတ်မှန်ကြောင်း မင်း တရားရုံးမှာ အမှန်အတိုင်း ထွက်ဆိုပေးမယ်ဆိုရင် မင်းဟာ အစိုးရသက်သေ ဖြစ်သွားမယ်။ မင်း သက်သေမခံနိုင်ဘူးဆိုရင် မင်းကို ဖမ်းချုပ်ပြီး ၁၇/၁ -၁၇/၂ ပုဒ်မနဲ့ ငါတို့က တရားစွဲတာကို လုပ်ရလိမ့်မယ်။ မင်းအနေနဲ့ တရားခံ လုပ်မှာလား။ သက်သေ လုပ်မှာလား ဆိုတာ မင်းကို စဉ်းစားဖို့ အချိန် ငါးရက်ပေးမယ်”

ဆိုပြီး ပြောရင်းနဲ့ နောက်ထပ် ဖိုင်တတွဲကို ငါမြင်သာအောင် မနီးမဝေးမှာ ချထားတာကို တွေ့လို့ လှမ်းကြည့်လိုက်တော့ “သိန်းလှမောင် ရန်အောင်ပြင် (ထွက်ဆိုချက်) ဆိုတာကို မြင်ရချိန်မှာ ငါ့မျက်လုံးတွေ ပြာသွားတယ်။ ဘယ်လိုမှ ငြင်းလို့ မရနိုင်တော့ဘူးဆိုတာ သိလိုက်ရလို့ဘဲ ဖြစ်တယ်။ ရန်အောင်ပြင်က သိန်းလှမောင် ဆိုတာ Arakan Liberation Party (ALP) ပါတီက ရောင်နီထွန်း ဖြစ်တယ်။ သူက ငါနဲ့ အတူစား အတူသွား လှုပ်ရှားခဲ့ဖူးသူထဲက တယောက်ဘဲ။

ထောက်လှမ်းရေးအရာရှိဖြစ်သူ ဦးဘစိန်က ငါ့ကို ပထမ ဖတ်ခိုင်းတဲ့အထဲမှာ ပြည်တွင်းရေကြောင်းလိုင်း (ပရသဖ) သင်္ဘောစာရေး မောင်ကျော်သာ ရဲ့ ထွက်ဆိုချက်

(၁) လက်နှိပ်စက်တလုံးကို ကျော်ဟန် ညနေ (၇) နာရီတွင် လာပေးသည်။

(၂) ကိုယ်တော်ပညာဆီမှ သိမ်းဆည်းရမိသည့် AIO/AIA မှ ပို့သည့်စာကို ကျော်ဟန်မှ လာပေးသည်။ ကျော်ဟန်နှင့် စာဘယ်နှစ်စောင် ဘာပစ္စည်းတွေကို ဘယ်သူ့ဆီကို ပြန်ပို့ရန် ပေးလိုက်သည်။

(၃) ကိုညွန့်မောင် – သင်္ဘောစာရေး (သဇင်ထမင်းဆိုင်) ထွက်ဆိုချက် အစရှိတဲ့ဟာ အားလုံးဟာ ငါနဲ့ ပတ်သက်မှု ရှိတယ်။

အဲဒီအမှုမှာ

(၁) ကိုကျော်ဇော (ရွှေပန်းထိမ်) မောင်တော (ပစ္စတိုတလက်နဲ့ အတူ မောင်တောတွင် ဖမ်းဆီးခံရသူ)

(၂) ကိုညွန့်မောင် (ပရသဖ-သင်္ဘောစာရေး- လက်နှိပ်စက်နှင့် လူပို့ဆောင်မှု)

(၃) ကိုမောင်ကျော်သာ (လက်နှိပ်စက်နှင့် ပစ္စည်းလက်ခံရွှေ့ပြောင်း)

(၄) ဦးပညာ (စာပေးစာယူ ပစ္စည်းပို့ဆောင် စုဆောင်း အဆက်သွယ်လုပ်)

တို့ဟာ အမှုတွဲတွေ ဖြစ်ကြတယ်။

ရဲထောက်လှမ်းရေးရုံးကနေ ပြန်လာပြီးနောက် ငါ့မှာ တွေးစရာတွေ အများကြီး ဖြစ်လာတယ်။ ရဲထောက်လှမ်းရေးအရာရှိ ဦးဘစိန် ပြောလိုက်တဲ့စကားက ငါ့ဘဝဟာ အလွန်ကြီးမားတဲ့ အန္တရာယ် စက်ကွင်းထဲ ကျရောက်နေပြီဆိုတာ သတိပေးလိုက်တာဘဲ။ ကဲ ငါ ဘယ်လိုလုပ်ရမှာလဲ။ ထွက်ပြေးရမှာလား။ စာမေးပွဲကလည်း နီးနေပြီ။

ဒါကြောင့် ယောက်ဖတော်စပ်သူ ရှေ့နေ ဦးသန်းထွန်းဆီကိုသွားပြီး သူ့ကို ဖြစ်ကြောင်းစုံလင် ပြောပြပြီး အကြံတောင်းတယ်။ သူက ငါ AIO/AIA ရဲ့ UG မြေအောက်လုပ်ငန်း လုပ်နေတာကို သိနေသူလည်း ဖြစ်တယ်။ သူပြောတာက

“မင်းနဲ့ ပတ်သက်နေတဲ့ တရားခံတွေနဲ့ သွားတွေ့ပြီး သူတို့ကို ပြောပြလိုက်။ သူတို့က ဘာပြောလဲဆိုတာကို ငါ့ကို ပြန်ပြောလာလိုက်”

လို့ ပြောတဲ့အတွက် နောက်တနေ့မှာ ငါဟာ ထောင်ဝင်စာသွားတွေ့ပြီး သူတို့ကို အကျိုးအကြောင်းကို ပြောပြလိုက်တယ်။ သူတို့က ငါတို့ရှေ့နေ ဦးမောင်ကျော်ဇံနဲ့ သွားတွေ့လိုက်ပါလို့ ပြောလိုက်တယ်။

ငါလည်း ငါ့ယောက်ဖတော်စပ်သူ ရှေ့နေ ဦးသန်းထွန်းကို အရင်ဆုံး ပြောပြပြီး စစ်တွေကောလိပ်ရှေ့မှာနေတဲ့ ရှေ့နေ ဦးမောင်ကျော်ဇံဆီကို သွားတွေ့ကာ အကျိုးအကြောင်းကို ပြောပြလိုက်တော့ ရှေ့နေ ဦးမောင်ကျော်ဇံ က

“မင်း ငြင်းပေးနိုင်ရင်တော့ သူတို့ အမှုပြစ်ဒဏ် သက်သာမှာကတော့ သေချာတယ်။ မင်း ငြင်းပေးရဲမှာလား”

လို့ မေးတော့ ငါက

“သူတို့ အမှု ပြစ်ဒဏ် သက်သာမယ်ဆိုရင် ကျနော် ငြင်းရဲတယ်”

လို့ ပြန်ဖြေလိုက်တယ်။ ဒီတော့ ရှေ့နေက

“ဒါဖြင့် တရာသူကြီက မေးတာမှန်သမျှကို ဘာတခုမှ မသိဘူးလို့ ဘူးခံရမယ်။ ငါပြောတာ သဘောပေါက်လား”

လို့ အကြံပေးတယ်။ ဒီတော့ ငါက

“ဟုတ်ကဲ့။ ကျနော် သူတို့ ဘာမေးမေး “ဘူး” ခံပါ့မယ်”

လို့ ငါ ကတိပေးလိုက်တဲ့အခါ သူက

“အေး မင်းသိထားရမှာက မင်း အဲလို ငြင်းတဲ့အတွက် သူတို့က မကြေနပ်လို့ မင်းကို ပြစ်ဒဏ်ပေးရင်တောင် အသိသက်သေ လိမ်လည်ထွက်ဆိုမှုနဲ့ အလွန်ဆုံး ထောင် (၆) လ ထက် ပိုချလို့ မရဘူး”

လို့ ပြောတယ်။ ရှေ့နေကြီးဆီက အပြန်မှာ ငါဟာ စောစောကလို လေးလံတွေဝေ မနေတော့ဘူး။ ရှေ့နေကြီးကို ပေးခဲ့တဲ့ ကတိအတိုင်း တရားရုံးမှာ ထွက်ဆိုဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ထားပြီးလို့လည်း ဖြစ်မှာပေါ့။ ငါ့ရဲဘော်တွေ လုပ်ဖော်ကိုင်ဘက်တွေ အခု ထောင်ထဲ ရောက်နေကြပြီ။ သူတို့ သက်သာရာရဖို့ ငါ သတ္တိရှိရမယ်။ ငါ အခု လုပ်နေတာဟာ နိုင်ငံရေး။ တော်လှန်ရေး။ မြေအောက် ယူဂျီ။

ငါ့ရှေ့က လုပ်သွားကြတဲ့ တော်လှန်ရေးသမားတွေ။ သူရဲကောင်းတွေရဲ့ လမ်းစဉ်အတိုင်း ငါလည်း ကျင့်သုံးရမှာဘဲ။ အကယ်၍ ထောင်ကျခဲ့ရင်လည်း ဘာဖြစ်လဲ။ “ထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ ပြတိုက်” လို့ ငါ့ရှေ့က နိုင်ငံရေးသမားကြီးတွေ တော်လှန်ရေးသမားကြီးတွေ ကြွေးကြော်ခဲ့ကြတာဘဲလေ။ ဒီခရီးကို လျှောက်လှမ်းနေရင်တော့ ဒီလမ်းကို ဖြတ်ရမှာဘဲ။ ရှောင်တိမ်းနိုင်သမျှတော့ ရှောင်ရမှာ ငါ့အလုပ်။

ဒီနောက်မှာ ငါလည်း ရဲထောက်လှမ်းရေးရုံးကို သွားပြီး အရာရှိ ဦးဘစိန်နဲ့ သွားတွေ့တယ်။ သူပြောတဲ့အတိုင်း သက်သေထွက်ပေးပါမယ်လို့ မှင်သေသေနဲ့ ငါ သူ့ကို ပြောလိုက်တယ်။ ဒါကြောင့် သူက ငါ့ကို အရင်တခေါက် ပေးဖတ်ခိုင်းတဲ့ ထွက်ဆိုချက်တွေကို ပြန်ဖတ်ခိုင်းတယ်။ ပြီးတော့ သူက ငါ့ကို

“မင်းမှတ်မိတယ်နော်။ သူတို့ ထွက်ဆိုထားတာကိုပဲ မင်းက ဟုတ်တယ်လို့ ပြောရမှာလောက်ဘဲ။ ဘာမှ မင်း မလုပ်တာ မပါဘူးနော်။ ငါတို့ မင်းကို ဘာမှ မလုပ်ခဲ့တာကို လုပ်ပါတယ်ဆိုပြီး အတင်းထွက်ဆိုခိုင်းတာ တခုမှ မပါဘူးနော်။ အမှန်က မင်းကို အမှုဖွင့်ရမှာ။ မင်းက အသက်လည်း ငယ်သေးတယ်။ စာသင်နေတဲ့ ကျောင်းသားတယောက်လည်း ဖြစ်တယ်ဆိုပြီး စာနာပြီး သက်သေစာရင်းထဲမှာ ထည့်လိုက်တာ ဖြစ်တယ်”

လို့ ဆိုတော့ ငါက

“ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။ ခုလို ကျနော့ကို သက်ညှာ စာနာပြီး စဉ်းစားပေးလို့”

လို့ ပြန်ပြောတော့ သူက

“မင်း တခုခုကိုတော့ ရွေးကို ရွေးရမယ်။ ဒီအမှုမှာ မင်း သက်သေ လုပ်မလား ဒါမှမဟုတ် တရားခံအဖြစ်နဲ့ ထောင်ထဲ ဝင်မလား။ နှစ်ခုမှာ တခုကတော့ မင်း မရွေးလို့ကို မရဘူး။ ဒါကြောင့် ငါတို့လည်း မင်းကို မဖမ်းချုပ်ချင်။ အပြစ် မပေးချင်။ မင်းကလည်း တရားခံ မဖြစ်ချင်။ သက်သေအဖြစ်ဘဲ မင်း ရွေးချယ်တယ်ဆိုရင် မင်းအတွက် သက်သာမယ်။ ဒါဟာ ငါတို့က မင်းကို အကောင်းဆုံး ကူညီပေးတာဘဲ ဖြစ်တယ်။ မင်းကို ငါ အတင်းခြိမ်းခြောက် တိုက်တွန်းပြီးသက်သေခံခိုင်းတာ ဘာတစ်ခုမှ မရှိဘူးနော်”

လို့ ပြောလည်း ပြောတယ်။ မေးလည်း မေးတယ်။ ငါကလည်း

“ဟုတ်ကဲ့။ ကျနော် သက်သေအဖြစ် လုပ်ပါ့မယ်”

လို့ ပြောလိုက်တယ်။

ခဏကြာတော့ သက်သေထွက်ဆိုမယ့် အကြောင်းနဲ့ ပက်သက်ပြီး ရေးထားတဲ့စာရွက်ကို ထုတ်ပေးကာ ဖတ်ခိုင်းပြီး သဘောတူကြောင်း လက်မှတ်ရေးထိုးခိုင်းလို့ ငါလည်း လက်မှတ်ရေးထိုးပြီး ပြန်လာခဲ့လိုက်တယ်။

ငါ ဆယ်တန်းစာမေးပွဲ ဖြေခါလည်း နီးလာပြီ။ ဇန္နဝါရီလကဘဲ ငါ အသဲရောင် အသားဝါ ရောဂါနဲ့ ဆေးရုံ တက်လိုက်ရသေးတယ်။ ဖေဖေါ်ဝါရီလလယ်လောက်မှာ တရားရုံး သက်သေထွက်ဆိုမယ့် စာက ရောက်လာပြီဆိုတော့။

ငါလည်း တောင်တွေး မြောက်တွေးဖြစ်ပြီး ရသေ့တောင်မြို့နယ် ရန်အောင်ပြင်ရွာကို သွားပြီး သိန်းလှမောင်ကို သွားတွေ့မယ်။ အခြေအနေ မဟန်ရင် မောင်တောကတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားမယ်ဆိုပြီး အစီစဉ်ချကာ သူ ဘာတွေ ထွက်ဆိုခဲ့သလဲ မေးမယ်ဆိုပြီး စစ်တွေ ရသေ့တောင် ဘူးသီးတောင် ခရီးစဉ်ဆွဲတဲ့ ရွှေဇင်ယော်သင်္ဘောနဲ့ လိုက်လာခဲ့တယ်။

ခိုးစားမှ လူမိဆိုသလို ငါ့အတွက် ကံမကောင်းလိုက်ပုံများ။ ဒီသင်္ဘောပေါ်မှာမှ ရဲထောက်လှမ်းရေး အရာရှိ ဦးဘစိန်နဲ့ ပက်ပင်း သွားတိုးနေတော့တယ်။ သူက ငါ့ကိုမြင်တော့

“ဟေ့ကောင် ကျော်ဟန်။ မင်း ဒီရက်ပိုင်းအတွင်းမှာ ရုံးချိန်းရှိတယ်မလား။ ခု ဘယ်သွားတာလဲ”

မေးတော့

“ရသေ့တောင်ကို တညအိပ်ပဲ သွားတာ”

လို့ ပြန်ပြောလိုက်တယ်။ ရသေ့တောင်ရောက်တော့ ရန်အောင်ပြင်သွားတဲ့ စက်လှေဆိပ်ကိုသွားပြီး စက်လှေနဲ့ လိုက်သွားမယ်လုပ်တော့ စက်လှေပေါ် မှာ အသိတယောက်နဲ့ တွေ့လို့

“အစ်ကို သိန်းလှမောင် နေကောင်းလား။ သူ ရွာမှာ ရှိနေလား။ သိန်းလှမောင်ကို တွေ့လား”

လို့ တိုးတိုးလေးမေးတော့ သူက

“သူ့ကို ဖမ်းဝရမ်းထုတ်လို့ ထွက်ပြေးသွားပြီ။ သူ ရွာမှာ မရှိတော့ဘူး”

ဆိုပြီး ပြောတဲ့အတွက် ရန်အောင်ပြင်ကို ဆက်မသွားတော့ဘဲ စစ်တွေကိုဘဲ ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဒါကြောင့် ရသေ့တောင်မှာ တာဝန်ကျနေတဲ့ ဦးလေးတော်စပ်သူ လဝက အရာရှိ ဦးကျော်သာ နေအိမ်မှာ တညအိပ်ပြီး နောက်နေ့ စစ်တွေကို ပြန်လာခဲ့လိုက်တယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

15 Comment

ff66 ဒီဇင်ဘာ 9, 2025 - 4:58 မနက်

Hullo! Scoping out ff66. Short, sweet, and to the point! Could be a winner! Taking the plung. Good luck also!ff66

linkbildin_hmmn ဒီဇင်ဘာ 23, 2025 - 1:21 မနက်

С помощью линкбилдинга можно значительно повысить видимость сайта в поисковых системах.
Ссылочный профиль сайта это:
Линкбилдинг необходим для привлечения трафика на ваш сайт.
Также можно использовать гостевые посты на популярных блогах.
Некоторые методы, как покупка ссылок, могут привести к санкциям со стороны поисковиков.

Marvincauth ဒီဇင်ဘာ 24, 2025 - 8:07 ညနေ

В случае планирования путешествие в Италию, предлагаю присмотреться на агроотдых в Тоскане — это отличная возможность полюбоваться красотой природы и кулинарией региона. Фермерский туризм Италия Тоскана предлагает оригинальные направления, обеспечивающие возможность изучить с местными традициями и очарованием региона. Для тех, кто увлекается шопингом, outlets во Флоренции, в том числе прославленный The Mall, обычно приобретают благоприятные отзывы и стоило бы их посмотреть для привлекательных покупок палатин рим .

Для гостей, которые планируют продумать путь по Венеции или стороне Амальфитанского побережья на машине, важно осознавать, как доехать до основных точек, к примеру до исторической Аппиевой дороги или Доломитовых Альп, и грамотно составить план экскурсии. Туристический маршрут по Венеции на сутки обеспечивает возможность осмотреть главные достопримечательности, среди которых катание на гондоле — прайс гондолы в Венеции различается, но впечатления незабываемы. Для тех кто направляется на Сицилию или в Дольчеаква, там также есть немало прекрасных мест и увлекательных маршрутов.

super spin ဒီဇင်ဘာ 25, 2025 - 11:56 မနက်

Heard about super spin and wanted to investigate for myself. Pretty good, worth a look. Check it out super spin!

PatrickUpdam ဇန်နဝါရီ 19, 2026 - 10:33 ညနေ

Продвижение сайтов в Гродно требует глубокого понимания локального рынка. Мы анализируем целевую аудиторию, конкурентов и тренды региона seo гродно. Индивидуальная стратегия SEO, контекстной рекламы и SMM позволяет привлекать заинтересованных клиентов именно из Гродно и области. Результат — рост позиций, трафика и продаж.

AlfredRally ဇန်နဝါရီ 23, 2026 - 1:51 ညနေ

Скидка на установку окон в Молодечно! Акция до конца месяца заказать пластиковое окно молодечно. Успейте заказать теплые окна выгодно.

MarvinAbele ဇန်နဝါရီ 25, 2026 - 10:52 မနက်

Замена кровли в СНТ или коттеджном поселке. Работаем по всему региону кровельные работы в Молодечно. Собственная логистика, привозим материалы сами.

JosephLen ဇန်နဝါရီ 28, 2026 - 6:37 မနက်

Ремонт плоской кровли в Молодечно. Гидроизоляция рулонными материалами, ремонт стяжки, устройство разуклонки. Восстановим кровлю многоквартирного дома, гаража, склада. Используем надежные битумные и ПВХ мембраны.
кровельные работы

Georgeref ဇန်နဝါရီ 28, 2026 - 5:52 ညနေ

Шинглас гибкая черепица – популярный бренд. Предлагаем материал с улучшенными характеристиками и дизайном. Профессиональный монтаж по технологии производителя. Гарантия от завода и от нашей монтажной бригады. krovlyamolodechno.ru

AlfredRally ဇန်နဝါရီ 30, 2026 - 4:52 ညနေ

Закажите окна в Молодечно и получите подарок — москитную сетку! Акция ограничена купить пластиковое окно молодечно. Успейте забронировать.

PatrickUpdam ဇန်နဝါရီ 31, 2026 - 3:38 မနက်

Вывод сайта в ТОП поиска по Гродно — наша специализация. Глубокая техническая оптимизация, работа с контентом и ссылочным профилем раскрутка сайта гродно. Регулярные отчеты и аналитика. Добиваемся высоких позиций по самым важным для вас запросам, увеличивая видимость бизнеса.

kupit-saydingvup ဇန်နဝါရီ 31, 2026 - 1:00 ညနေ

Свой дом – своя крепость. Облицуйте ее сайдингом! Продажа в Молодечно kupit-sayding.ru. Прочность, стиль и уверенность на годы вперед.

saydingmol.ruDex ဖေ‌ဖော်ဝါရီ 2, 2026 - 10:43 မနက်

Экологичный сайдинг в Молодечно. Безопасен для здоровья, не выделяет вредных веществ. Можно использовать для детских учреждений. Сертификаты соответствия. Забота о вашем здоровье.
купить сайдинг в молодечно

saydingPusap ဖေ‌ဖော်ဝါရီ 2, 2026 - 8:55 ညနေ

Финансовая рассрочка на сайдинг в Молодечно. Не откладывайте мечту о красивом доме. Оформление через банк-партнер. Первый взнос от 10%. Подробности у менеджера.
sayding-minsk.ru

saydingminskpuh ဖေ‌ဖော်ဝါရီ 3, 2026 - 12:10 ညနေ

Сайдинг как звукоизоляция. Слой утеплителя и сама облицовка снижают уровень уличного шума в доме в Молодечно. Это важно, если дом стоит near оживленной трассы. Создайте тихую гавань для своей семьи.
заказать сайдинг в молодечно

Add Comment