စကမ က ရုရှားနဲ့ စစ်ရေးထက် စီးပွါးရေးကို ဦးတည်နေလား

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆) အသွင်ကူးပြောင်းရေး အယောင်ဆောင် စစ်အစိုးရဟာ ရုရှားနိုင်ငံနဲ့ စစ်ရေးထက် စွမ်းအင်နဲ့ စီးပွါးရေးကဏ္ဍကို ဦးတည်နေလားဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေကြပါတယ်။ မင်းအောင်လှိုင်ဟာ အာဏာသိမ်းထားစဉ် ကာလကတည်းက ရုရှားနဲ့ မဟာမိတ်ဖက်နိုင်ငံအဖြစ် ဆက်ဆံရေး တည်ဆောက်နေတာဟာ အခု ရွေးတုအစိုးရ ဖြစ်လာတဲ့အထိ
Read more

ဂွမြို့နယ် ဆပ်သွားရွာကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းသားပါ နှစ်ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာကို ဒီကနေ့ စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားတစ်ဦး အပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဒဏ်ရာ ရရှိသွားသူတွေကတော့ ဆပ်သွားရွာမှာ
Read more

သစ်ပုတ်တောင်တန်းကို စစ်ကောင်စီက ဗုံး ၂ လုံး လာကြဲ တိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ အဉ္ဇနပူရမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီးက တောင်တန်းတစ်နေရာကို စစ်ကောင်စီက ဒီကနေ့ မွန်းလွဲပိုင်းမှာ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၀
Read more

စစ်တွေမှာ မီတာခ အဆမတန် ဈေးကြီးမှာကို လူထုစိုးရိမ်နေ

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆) ၃ နှစ်နီးပါး ကြာပြီးမှ လျှပ်စစ်မီး ပြန်လည် ရရှိလာနေတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ မီတာခ နှုန်းထားတွေ အဆမတန် ဈေးကြီးမှာကို လူထုက စိုးရိမ်နေကြပါတယ်။ လျှပ်စစ်မီးကို ၂၄ နာရီ အချိန်ပြည့် ပေးတာမျိုး မဟုတ်ဘဲ နာရီ
Read more

ဝီရဌာနီက ဒေသခံတချို့ စစ်ကောင်စီတပ် လေကြောင်းရန်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရ

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆) ရက္ခိုင်ပြည် ဝီရဌာနီမြို့နယ်က ဒေသခံပြည်သူတချို့ဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းက တိုက်ခိုက်နေတဲ့ လက်နက်ကြီးရန်ကြောင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “အခုလည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီအနီးအနားက ရွာတွေကနေ တခြားနေရာတွေကို တိမ်းရှောင်သွားကြတယ်။ ထွက်ပြေးသွားကြတာ‌တွေ ရှိပါတယ်။ အခုလို
Read more

ရွေးတုတပ်ရဲ့ လက်နက်ကြီးကြောင့် ရသေ့တောင်မှာ သားအမိ နှစ်ယောက်သေဆုံး

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆) ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ် မိုးစဲကမ်းဒေသကို စက်တင်ဘာလ ၂၀ ရက်မှာ စစ်တွေအခြေစိုက် ရွေးတုအစိုးရတပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာကြောင့် သားအမိ နှစ်ဦး သေဆုံးသွားခဲ့တယ် သိရပါတယ်။ သေဆုံးသွားသူတွေကတော့ မိုးစဲကမ်း၊ ဇီးကိုင်းကျေးရွာမှာ နေထိုင်ကြတဲ့ အသက် ၇၂
Read more

မိုင်းယု ၁၀၅ မိုင်မှာ ညီနောင်မဟာမိတ်အဖွဲ့ ဘောလုံးပြိုင်ပွဲပြုလုပ်

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆) ရှမ်းပြည်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅) မိုင်မှာ မိုးရာသီ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၂၀ ရက်က စတင် ကျင်းပခဲ့ပါတယ်။ အဆိုပါ ဘောလုံးပြိုင်ပွဲကိုတော့ ညီနောင်မဟာမိတ်အဖွဲ့တွေ ဖြစ်ကြတဲ့ ကိုးကန့်တပ်
Read more

ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်း AA သိမ်းဆည်းရမိတဲ့ စစ်အသုံးအဆောင်များ

အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၆) ရက္ခိုင်ပြည် စစ်တွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ်အစပ် တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော်က ရွေးတုအစိုးရတပ်ထံမှ သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ စစ်သုံပန်းများအပြင် သေဆုံးသူ ရွေးတုအစိုးရတပ်ဖွဲ့ဝင်တချို့ကို သတင်းထုတ်ပြန်လိုက်ပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းများတွင် စက်သေနတ်များ၊ လက်နက်ကြီးများ၊ ဒရုန်းများ၊ ခဲယမ်းမီးကျောက်များနဲ့ စစ်ဝတ်စုံအချို့
Read more

တရုတ်နယ်စပ် ခေါင်လန်ဖူးရှိ ရွေးတုတပ် ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၆) ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ နယ်ခြားမှတ်တိုင် (၃၀) အနီးမှာရှိတဲ့ ရွေးတုအစိုးရတပ်ရဲ့ အရေးပါတဲ့ ဗျူဟာစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ဒေသစစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read more

ဒရုန်းဗုံးကြောင့် ကျဆုံးခဲ့တဲ့ KNDF တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဈာပန ကျင်းပ

အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၆) ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရွေးတုအစိုးရတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁၄) က တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဈာပနအခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်မှာ ကျင်းပ
Read more