အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၀)

တမန်းသားမှအပြန် ခရီးဝင်္ကဘာ

ဌေးဝင်း

ငါ့ယောက်ဖဟာ သူနေတဲ့ ရဲကျွန်းကို အမြန်ဆုံးရောက်အောင် စက်လှေကို မောင်းပြီး ပြန်ခဲ့တယ်။ ဒါကြောင့် ငါဟာ စစ်တွေက ထွက်လာပြီး လမ်းမှာ တညအိပ်ဘဲ ကြာတယ်။ နောက်တရက်နေ့ ညနေ ‌လေးနာရီလောက်မှာ ငါဟာ မာန်အောင်မြို့နယ်ထဲက ရဲကျွန်းကို ရောက်သွားကြတယ်။

ဒီကျွန်းမှာက စာတိုက်တို့ တယ်လီဖုန်း ဆက်သွယ်ရေးတို့ ဆိုတာ မရှိဘူး။ ဒါကြောင့် ငါ့အစ်ကို သိန်းဟန်ဟာ စစ်တွေက သတင်းတွေကို စုံစမ်းပြီး ရဲကျွန်းက စက်လှေသမားတွေနဲ့ ငါ့ဆီကို စာနဲ့ ပို့ပေးတယ်။ ဒီမှာ ငါ့အကြောင်းကို သိတာလဲ ငါ့ယောက်ဖ တယောက်ဘဲ ရှိတာဆိုတော့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။

သူက ငါဘာလဲဆိုတာ သိနေသလို ငါလုပ်နေတဲ့ တော်လှန်ရေးကိုလည်း အားပေးတယ်လေ။ ဒါကြောင့် စစ်တွေမှာ ငါနဲ့ ပတ်သက်လို့ ဘာတွေ ဖြစ်နေလဲဆိုတာကို သိရအောင် ဒီက စစ်တွေကိုသွားတဲ့စက်လှေနဲ့ စာအဆက်အသွယ် လုပ်ပေးတယ်။ ပြီးတော့ အခုလို ပြဿနာတက်တော့ ငါ ဆယ်တန်းစာမေးပွဲကိုလည်း ဖြေလို့ မရတော့ဘူး။ စစ်တွေက ငါ့အစ်ကိုဆီက လာတဲ့ စာအရ သိရတာက-

“ကျော်ဟန်။ ရဲဒုအုပ်ဘစိန်က ငါ့အဒေါ်ဆီလာပြီး မင်းကို ပြန်ခေါ်ပေးဖို့ ပြောတယ်။ မင်းကို ပြန်ခေါ်သက်သေအဖြစ် ပြန်ခေါ်ပေးဖို့ သူတို့က အလိုရှိနေတယ်တဲ့။ မင်းကို မရရအောင် ပြန်ခေါ်ပေးပါလို့ အကူအညီတောင်းတယ်။ သူ့အထက် အရာရှိက သူ့ကို ဆောင့်နေတယ်။ မင်းကြောင့် သူ့အလုပ်မှာ ထိခိုက်နိုင်တယ်။ အဒေါ်တွေ မျက်နှာကိုထောက်လို့ မင်းကို သူ ငဲ့ညှာမိတာ သူ့အမှားတဲ့။ မင်း ဒီလိုလုပ်သွားတာ မကောင်းဘူးလို့ အပြစ်တင်နေတယ်”

လို့ ပေါ့။ သူက သူ့ရာထူးတက်ရေး ထိခိုက်မှာအပြင် နယ်ပြောင်းခံရမှာကို စိုးရိမ်လို့ ငါ့ကို ပြန်လာပြီး အဖမ်းခံဖို့ ခေါ်တာကို ငါက ဘာလို့ ပြန်လာရမှာလဲ။ ငါပြန်သွားပြီး ပြန်ခေါ်သက်သေ ထွက်ဆိုရင် ငါ တရားရုံးမှာ ငြင်းခဲ့တာတွေဟာ အလဟဿ အကျိုးမဲ့ ဖြစ်သွားမှာဘဲလေ။ ငါတော့ ပြန်ခေါ်သက်သေ မလုပ်နိုင်ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒီလို မလုပ်နိုင်ခြင်းအတွက် သူတို့ က ငါ့ကိုလက်ထိပ်နဲ့ စောင့်နေမယ်ဆိုတာ အသေအချာ သိလို့လည်း ခုလို ရှောင်ပုန်းနေခဲ့တာဘဲ မဟုတ်လား။

ရဲကျွန်းမှာ ကြက်သွန်နီဖေါ်တဲ့အချိန်နဲ့ ဆုံတော့ အိမ်နားကလူတွေနဲ့ ကြက်သွန်နီ လိုက်နှုတ်ပေးရတာလည်း ပျော်စရာ ကောင်းတယ်။ နှုတ်ထားတဲ့ ကြက်သွန်တွေနဲ့ မုန်နဲ့ လဲလှယ်စားရတာလည်း ပျော်ရွှင်စရာဓလေ့ အသစ်တခုကို ခံစားခဲ့ရတယ်။ ရဲကျွန်းဟာ ကြက်သွန်နဲ့ နာမည်ကြီးသလို ဒီကျွန်းက ခွေးတွေကလည်း သိပ်သတ္တိကောင်းတယ်လို့ နာမည်ကြီးတယ်။ မိဘစဉ်လာ ပြောလာကြတာကတော့ ဒီခွေးတွေဟာ အင်္ဂလိပ်စစ်တပ်နဲ့အတူ ပါလာတဲ့ ခွေးတွေတဲ့။ သူတို့ဟာ ခလေးမွေးတဲ့အခါ ကျောက်ဆောင်ကြားတွေ လှိုင်ခေါင်းတွေကြားမှာ မွေးတတ်ကြတယ်လို့ ဒေသခံတွေက ပြောတာ ကြားဖူးတယ်။

ရဲကျွန်းကို ရောက်ပြီး တလကျော်လောက်အကြာမှာ ဗိုလ်ကြီး မောင်ထွန်းအောင်ဆီက စာတစောင် ရောက်လာတယ်။ စာက တိုတိုတုတ်တုတ်ကလေး။

“စစ်တွေကို အမြန် ပြန်လာပါ။ ခရီးထွက်ရန် ရှိသည်”

တဲ့။ လိုရင်း တိုရှင်းဘဲ။ တနည်းအားဖြင့် ငါ့ အထက်အရာရှိက ငါ့ကို ပြန်လာဖို့အကြောင်းကြားစာနဲ့ ခေါ်တာ။ သူနဲ့ငါ ညီအကိုဆိုပြီး ငါစစ်တွေကို လာဖို့ မလွယ်ဘူးလို့ ဖြေရှင်းချက်ပေးပြီး ငြင်းလို့မရဘူး။ တော်လှန်ရေးတပ်မှာက သူက ငါ့ အထက်အရာရှိ။ ဒါကြောင့် ငါက ကိုတင်အောင်ကို တခြားလူတွေမရှိတဲ့နေရာကို လက်တို့ ခေါ်သွားပြီး တီးတိုး ပြောရတယ်။

“ယောက်ဖ ငါ စစ်တွေကို ပြန်ရတော့မယ်”

“ဟေ … ဘာဖြစ်လို့လဲ။ မင်း ပြန်သွားပြီး အဖမ်းခံမလို့လား”

“မဟုတ်ဘူး ယောက်ဖ။ ငါ့ကို အကိုလတ် ဗိုလ်ကြီး မောင်ထွန်းအောင်က ပြန်လိုက်လာဖို့ ခေါ်စာပို့လိုက်တယ်။ ငါ အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်။ အဲဒါ ယောက်ဖ ငါ စစ်တွေကို ပြန်ဖို့ ဒီတရက် နှစ်ရက် အတွင်းမှာ စီစဉ်ပေးပါ”

လို့ ဆိုတော့ သူဟာ ငါ့ကို သေချာ စိုက်ကြည့်နေပြီး

“အေး.. မင်း ပြန်ရမယ် ဆိုတော့လည်း ငါက ဘယ်လို တားလို့ ရမလဲ။ ပြီးတော့ မင်းက ငါ့ထက် အငယ်ဆိုပေမဲ့ မင်းတို့ လုပ်နေတဲ့ အလုပ်က ငါ့ထက် ကြီးတယ်။ ခက်တာက ငါ့မှာလည်း ဒီမှာ အလုပ်က တိုးလိုး တန်းလန်း”

ဆိုကာ သူ့ခေါင်းကို ကုတ်နေလို့ ငါက

“ယောက်ဖကို လိုက်ပို့လို့ ငါ ပြောနေတာ မဟုတ်ပါဘူး။ အသိ ဘုတ်နဲ့ ထည့်ပေးလိုက်ဖို့ ပြောတာပါ”

ဆိုတော့ ယောက်ဖက

“ကောင်လေး .. ငါ မင်းကို ဘယ်လို စိတ်ချနိုင်မလဲ။ မင်း ဘာဆိုတာကို ငါက သိထားတော့။ ဒီကိုလာနေတုန်း တခုခု မင်းဖြစ်သွားရင် ငါ့တာဝန် မကင်းဘူးလေ။ မင်းအမကလည်း ငါ့ကို တသက်လုံး ပြောလို့ ဆုံးမှာ မဟုတ်တော့ဘူး။ ပြီးတော့ မင်းလို တော်လှန်ရေးသမား လူငယ်တယောက်ကို ကူညီ စောင့်ရှောက်ပေးရမဲ့ တာဝန်လည်း ငါ့မှာ ရှိတယ်။ ပြီးတော့ ခုခေတ် လူငယ်တွေထဲမှာ ငါ့ညီလို တိုင်းပြည်နဲ့ လူမျိုးအတွက် ဘဝကို ပေးဆပ်ပြီး လုပ်ဝံ့သူ ရှားတယ် မဟုတ်လား”

လို့ သူက ငါ့ကို အလေးတနက် ပြောတယ်။ ငါက

“ရတယ် ယောက်ဖ။ ငါ့ကို ဒီမှာ သိတဲ့သူ တယောက်မှ ရှိတာမှ မဟုတ်တာ”

ဆိုတော့ သူက ခေါင်းကို ခါယမ်းပြီး

“မင်းဟာ ပုလိပ်ဘက် အလိုရှိနေသူလေ။ မင်းကို ထောက်လှမ်းရေးက အလိုရှိတာဆိုတော့ သူ့လက်အောက်က ပုလိပ်တွေကို မင်းကို မရှာခိုင်းဘဲ နေမလား”

“အဲဒါတော့ ဟုတ်တယ်။ ရှာခိုင်းမှာ သေချာတယ် ယောက်ဖ”

“အေး.. အဲဒါကြောင့် ငါ့မှာ ဘယ်လောက်ဘဲ မအားပါစေ။ ငါကိုယ်တိုင် ငါ့စက်လှေနဲ့ မင်းကို စစ်တွေကို ပြန်ပို့ပေးပါ့မယ်”

ဆိုပြီး သူ ငါ့ကို စစ်တွေကို ပြန်လိုက့်ပို့တယ်။

စစ်တွေရောက်တော့ ငါဟာ ငါ့အကို ဗိုလ်ကြီး မောင်ထွန်းအောင်တည်းနေကျ ဘုန်းကြီးကျောင်းကို သွားတယ်။ အိမ်ကို ပြန့်လို့က မဖြစ်ဘူး မဟုတ်လား။ အကိုနဲ့ငါ အဲဒီဘုန်းကြီးကျောင်းမှာ နှစ်ည အိပ်တယ်။ သုံးရက်မြောက်နေ့ နံနက် ၆ နာရီလောက်မှာ အဝတ်တထည် ကိုယ်တခုနဲ့ ငါ ဘုန်းကြီးကျောင်းက ထွက်လာခဲ့တယ်။ နာဇီရွာဈေးဘက်က လှည့်ပတ်ပြီး ကုလားရွာကို ဖြတ်တယ်။ အဲဒီကနေ ကန်တော်ကြီးကို သွယ်တန်းထားတဲ့ ရေပိုက်လိုင်းအတိုင်း ဆက်သွားတော့ ကန်တော်ကြီးကို ရောက်တယ်။ ကန်တော်ကြီးအလွန်မှာ ထောက်လှမ်းရေး (၁၀) ဂိတ်နဲ့ တပ်ထိန်းဂိတ် ရှိတယ်ဆိုတော့ အဲဒီဂိတ်တွေကျော်အောင်အထိ ရွာလမ်းအတိုင်း ခြေလျင်လျှောက်ပြီးမှ လမ်းမပေါ်ကို ရောက်သွားတယ်။

ကားလမ်းမကို ရောက်ပြီးနောက် ငါ လိုင်းကားစီးပြီး ကျောက်တန်းကို ဆက်သွားတယ်။ အဲဒီကတဆင့် မူစဲကမ်းကို ကုတို့ကူးပြီး မူစဲရွာက အိမ်တအိမ်မှာ တည်းခိုပြီး တညအိပ်တယ်။ နောက်နေ့ မနက်မှာ ခြေလျှင် ခရီးဆက်ရပြန်တယ်။ ကူတောင်ကိုရောက်မှ လိုင်း စက်လှေနဲ့ ရသေ့တောင်ကို အရင်သွားပြီးမှ ဘူးသီးတောင်ကို ခရီးဆက်တယ်။

ဘူးသီးတောင်ကို ကြိုတင်လွှတ်ထားတဲ့ ငါ့အကို ကိုသိန်းဟန်ကို သူတည်းတဲ့ “ဒေါ်မညွန့်” ထမင်းဆိုင်ကို သွားပြီး တွေ့တယ်။ သူ့ဆီက ပစ္စည်းတချို့နဲ့ အဝတ်အစားအိတ်ကို ယူပြီး မောင်တောကို လိုင်းကားစီးပြီး ခရီးဆက်ရပြန်တယ်။

မောင်တောမှာ ဗိုလ်ကြီး မောင်ထွန်းအောင်က တနေရာမှာတည်းခိုပြီး ငါက တနေရာမှာ လူခွဲပြီး တည်းခိုကြတယ်။ နောက်တနေ့ညနေမှာ သူနဲ့ သွားတွေ့တော့ သူက ငါ့ကို

“ကျော်ဟန်.. မင်း ကြိမ်ချောင်းကို အရင်သွား။ အဲဒီကနေတဆင့် တမန်းသားရွာက ထွန်းအောင်ဖြူ အိမ်ကိုသွားပြီး စခန်းကို သွားရမဲ့ လမ်းအခြအနေကို စုံစမ်း။ ပြီးရင် မင်း ပြန်လာခဲ့။ ဒီစာကို ထွန်းအောင်ဖြူကို ပေးလိုက်”

လို့ တာဝန် ဆက်ပေးတယ်။ ငါ့ရဲ့ အဓိကတာဝန်က သတင်းသွားယူတဲ့ တာဝန်ပေါ့။ ငါက

“ဟုတ်.. အကိုလတ်။ ကျနော် စုံစမ်းပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်”

လို့ ဗိုလ်ကြီး မောင်ထွန်းအောင်ကို ပြန်ဖြေလိုက်တယ်။ သူက ဆက်ပြောတာက

“အေး.. မင်းပြန်လာမှ ငါနဲ့ မင်းနဲ့ အတူတူ စခန်းကို ဆက်သွားကြတာပေါ့”

လို့ ဆိုတယ်။ ငါလည်း သူ့ညွှန်ကြားချက်တိုင်း ခရီးဆက်ခဲ့ပြန်တယ်။ ငါဟာ ငခူရလောက်ဘဲ ရောက်ဖူးတာ။ အခု သွားတဲ့လမ်းကို တခါမှ မသွားဖူးတော့ သူက ငါ့ကို လမ်းခရီးကို အသေအချာ ရှင်းပြလိုက်တယ်။ သူကတော့ မောင်တောမှာဘဲ နေခဲ့တယ်။

ငါဟာ ကျားခေါင်းတံဆိပ် ဘေးလွယ်အိတ်နှစ်လုံးကို လွယ်ပြီး ဘုတ်နဲ့ မောင်တောကနေ ငခူရကို အရင်သွားတယ်။ ငခူရကိုရောက်တော့ ထမင်းစားချိန် ဘုတ်ကို တနာရီ ရပ်ပေးတယ်။ “ကြွက်ဖြူ” ထမင်းဆိုင်မှာ နံနက်စာ စားတယ်။ ကြိမ်ချောင်းကို နေ့လည် နှစ်နာရီလောက် ရောက်သွားတယ်။

ဘုတ်မှာ ပါလာတဲ့ ခရီးသည်တွေထဲက ရက္ခိုင်လူမျိုး တယောက်နှစ်ယောက်နဲ့ စကားပြောကြည့် မေးမြန်း ကြည့်တော့ အသက်ကြီးကြီးနဲ့ တယောက်က တမန်းသားကလို့ သိရတော့ ဝမ်းသာသွားတယ်။

“ဘကြီး.. ကြိမ်ချောင်းမှာ နားဦးမှာလား”

လို့ ငါမေးတော့ သူက

“ဘုတ်ဆိုက်တာနဲ့ ဆိုင်မှာ လဘက်ရည်တခွက် သောက်မယ်။ ပြီးရင် တမန်းသားကို သွားမယ်။ ဒါမှ မိုးမချုပ်ခင် ရောက်မယ်”

လို့ ပြောတယ်။ သူကဘဲ ဆက်ပြီး

“မင်းက ဘယ်ကို သွားမလို့လဲ”

လို့ မေးပြန်တယ်။ ငါကလည်း

“ကျနော်လည်း တမန်းသားကို သွားမလို့။ ဒါပေမဲ့ ကျနော်က တမန်းသားကို တခါမှ မရောက်ဖူးတော့ ဘကြီးနဲ့ လမ်းကြုံ အတူတူ လိုက်ခဲ့ချင်တယ်။ ရမလား ခင်ဗျာ”

“ဘာဖြစ်လို့ မရရမှာလဲ။ လိုက်ခဲ့လေ.. ငါလည်း အဖော်ရတာဘဲ ဟာ။ ဒါနဲ့ မင်းက အလည်လာတာလား။ ဘယ်သူ့ဆီကို လာတာလဲ”

တဲ့။ ဘကြီးက မေးတယ်။ ငါက

“ကိုထွန်အောင်ဖြူဆီကို လာတာ”

လို့ ပြောလိုက်တော့

“အေး. ထွန်းအောင်ဖြူအိမ်နဲ့ ငါ့အိမ်က နီးနီးလေးဘဲ။ ငါ မင်းကို လိုက်ပြပေးမယ်”

ဆိုလို့ ငါ့မှာ ခရီးသွားဖော် ရလိုက်တယ်။ ငါလည်း သူနဲ့အတူ လိုက်လာတော့ လမ်းမှာ လုံထိန်းစခန်းနဲ့ စစ်တပ်စခန်း ၂ ခုကို ဖြတ်ကျော်ခဲ့ကြရတယ်။ အစစ်အဆေးတော့ ဘာမှ မခံခဲ့ရဘူး။ ညနေ ၅ နာရီ‌လောက်မှာ ထွန်းအောင်ဖြူအိမ်ကို တန်းတန်းမတ်မတ် ငါ ရောက်သွားတယ်။ သူ့ကို တွေ့ပြီးနောက် ငါ့ဆီမှာပါလာတဲ့ စာကို သူ့ကို ပေးလိုက်တယ်။ ထွန်းအောင်ဖြူဟာ ငါပေးတဲ့စာကို အသေအချာ ဖတ်ပြီးနောက်

“အေး.. မင်းနဲ့ ပါလာတဲ့ အိတ်တွေကို ငါ့ကို ဖွင့်ပြ”

လို့ ဆိုတယ်။ ငါက

“အကိုဘဲ ကိုယ်တိုင် ဖွင့်ကြည့်လေ”

ဆိုပြီး သူ့ကို ဖွင့်ကြည့်ခိုင်းလိုက်တယ်။ သူဟာ ပစ္စည်းတွေကို ကြည့်ပြီး

“မင်း အဝတ်အစားတွေကို သီးသန့် ထုတ်ထားလိုက်။ စခန်းကို ပို့မဲ့ဟာကို ခွဲထုတ်ထားလိုက်”

လို့ ပြောတဲ့အတွက် ငါ့အဝတ်အစားတွေကို ထုတ်ပြီး ကျန်တာကို သူ့ကို ပေးလိုက်တယ်။ ခဏနေတော့ ရေသွားချိုးကြတယ်။ အဲဒီနောက် ထမင်း အတူစားကြတယ်။ သူက အကျိုးအကြောင်းကို ငါ့ကို ပြောပြတယ်။ သူက

“စခန်းမှာ အေးအေးဆေးဆေးဘဲ။ ငါ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ စခန်းက ပြန်လာတယ်။ လောလောဆယ် မင်း စခန်းကိုသွားဖို့ အဆင်မပြေသေးဘူး။ လုံထိန်းတွေ ကင်းလှည့်နေတာတွေ ရှိနေတယ်။ နောက်တပတ်လောက်မှ လုံထိန်းတွေ ကင်းလှည့်တာက ပြန်ကြမယ်လို့ သတင်းကြားထားတယ်။ အဲဒီခါမှ စခန်းကို သွားလို့ရမယ်”

ဆိုလို့ ငါက

“ဒါဆိုရင် ငါ ဘာဆက်လုပ်ရမှာလဲ”

ပြောတော့ သူက

“မင်း အခု ပြန်သွားလိုက်။ ဗိုလ်ကြီးနဲ့အတူ ပြန်လိုက်လာခဲ့။ အဲဒီအခါမှ အတူတူ စခန်းကို ဝင်သွားရင် ပိုအဆင်ပြေတယ်”

လို့ သူက ပြောတယ်။ ငါလည်း အဲဒီမှာ နှစ်ညအိပ်ပြီးမှ သူပြောတဲ့အတိုင်း ကြိမ်ချောင်းကို ပြန်ဆင်းလာခဲ့တယ်။ ကြိမ်ချောင်းက‌နေ မောင်တောကို ပြန်ဆင်းလာလိုက်တယ်။

မောင်တောကို ရောက်တော့ ဗိုလ်ကြီး မောင်ထွန်းအောင် တည်းနေတဲ့အိမ်ကို ငါသွားတယ်။ သူ့ကို မတွေ့ရဘူး။ သူ့အစား သူရေးပေးထားခဲ့တဲ့ စာတစောင်ကို အိမ်ရှင်က ငါ့ကို ထုတ်ပေးတယ်။ စာထဲမှာ ပါတာက

“ဒီစာကို ရရချင်း မင်း (ဘူးသီးတောင်) စကားဝှက် (လှေဆိပ်) ကို ဆင်းလာခဲ့”

လို့ ပါတယ်။ ငါလည်း ဒီစာကို ဖတ်ပြီးပြီးချင်း ပျာယာခတ်သွားတယ်။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ စဉ်းစားလို့ မရတော့ဘူး။

စစ်တွေကနေ မောင်တောကိုရောက်အောင် ခက်ခက်ခဲခဲ လာခဲ့ပြီးမှ အခု ဘူးသီးတောင်ကို ပြန်လိုက်လာခဲ့လို့ ပြောလာတဲ့အပေါ်မှာ ငါအနေနဲ့ တော်တော် စဉ်းစားရ ခက်သွားတယ်။ ဒါပေမဲ့ ငါ့အလုပ်က စဉ်းစားနေဖို့ထက် သူ့အမိန့်အတိုင်း သူခေါ်ရာကို အမြန်ဆုံး ရောက်အောင် သွားဖို့က အဓိကဘဲ။

ဒါကြောင့် ငါလည်း ချက်ချင်းဘဲ မောင်တောနဲ့ ဘူးသီးတောင်သွားတဲ့ လိုင်းကားနဲ့ ဘူးသီးတောင်ကို သုတ်ခြေတင်ခဲ့တယ်။ သတ်မှတ်တဲ့နေရာမှာ ဗိုလ်ကြီးမောင်ထွန်းအောင်ကို ငါ တွေ့တော့ သူ့အမူအယာက ထူးဆန်းနေတယ်။ သူ အရက်သောက်တာ ငါ မတွေ့ဖူးဘူး၊ သူ့ဆီက အရက်နံ့ရတယ်။ မျက်လုံးတွေလဲ နီရဲနေတယ်။ ငါက သူ့ကို အကိုလတ်လို့ ခေါ်လေ့ရှိတယ်။

“အကိုလတ် ဘာဖြစ်လို့ ဘူးသီးတောင်ကို ပြန်ဆင်းလာတာလဲ”

လို့ မေးတော့ သူက

“မင်း ထွန်းအောင်ဖြူနဲ့ တွေ့ခဲ့လား။ အဲဒီက အခြေအနေကို ပြော”

လို့ ဆိုပြီး ငါမေးတာကို မဖြေဘဲ သူသိချင်တာကို ငါ့ကို ပြန်မေးတယ်။

ဆိုတော့ ငါက

“ထွန်းအောင်ဖြူက.. သူ လွန်ခဲ့တဲ့ တပတ်ကဘဲ စခန်းက ပြန်လာတယ်။ စခန်းမှာ အေးအေးဆေးဆေးဘဲလို့ သူက ကျနော့ကို ပြောတယ် အကိုလတ်”

လို့ ပြန်ပြောတော့ ဗိုလ်ကြီး မောင်ထွန်းအောင်ဟာ မျက်နှာ ပိုတင်းသွားပြီး

“ဒီကောင် ပြောတာ မဖြစ်နိုင်ဘူး။ ဒီကောင် သတင်းအမှန်ကို မပြောဘူး”

ဆိုပြီး ဒေါသနဲ့ တောက်တချက်ခေါက်ပြီး ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။ ငါလည်း သူ့ တောက်ခေါက်သံရယ် သူ့ဆီက တခါမှ အရက်အနံ့ မရဖူးတာရယ်။ သူ့ အမူအယာတွေ တမျိုးဖြစ်နေတာကိုကြည့်ပြီး မင်သက်နေမိတယ်။ ခဏနေတော့ ငါ့ကို မျက်ရိပ်ပြပြီး သူအိပ်တဲ့ အခန်းထဲကို ခေါ်သွားတယ်။ သူ့အိတ်ထဲက စာတစောင်ကို ထုတ်ပြီး ငါ့ကို ပေးဖတ်ခိုင်းတယ်။ စာထဲမှာ

“မင်း ဒီစာကို ရရချင်း အမြန်ဆုံး စစ်တွေကို လိုက်လာခဲ့။ ငါ့အဖွဲ့ကလူတွေ ငါ့ကို လုပ်ကြံကြလို့။ ငါ အသက်မသေဘဲ လွတ်လာတာ။ ခု ငါ စစ်တွေမှာ ရောက်နေတယ်”

လို့ ရေးထားတယ်။ စာရဲ့အောက်မှာ (အခင်ထွန်း) လို့ လက်မှတ် ရေးထိုးထားတယ်။ စာကို ဖတ်ပြီးပြီးချင်း ငါ တွေဝေသွားတယ်။ ငါက

“အကိုလတ်.. ဒီစာ အစစ်မဖြစ်နိုင်ဘူး ထင်တယ်။ ကျနော် မနေ့ကမှ အဲဒီက ပြန်လာတာဘဲ။ ထွန်းအောင်ဖြူကလည်း စခန်းမှာ အားလုံး အေးအေးဆေးဆေးလို့ ပြောလိုက်တာဘဲ။ ဒီစာပါအတိုင်း မဖြစ်နိုင်ဘူးလို့ ထင်တယ် အကိုလတ်”

ပြောလိုက်တဲ့အခါမှာ သူက

“မင်းသိထားရမှာက ဒီလက်မှတ်ဘဲ။ ဒီမှာ ထိုးထားတဲ့လက်မှတ်က တုလို့ရတဲ့ လက်မှတ် မဟုတ်ဘူး။ စာ အရေးအသားနဲ့ ရက်စွဲပေါ်မှာ ချထားတဲ့ အစက် နှစ်စက်က အခြားလူတွေ မသိနိုင်တဲ့ လျှိဝှက်အမှတ် လက္ခဏာ ဘဲ။ ဒါဟာ အခင်ထွန်း ရေးတဲ့စာ သေချာတယ်။ သူ့ညွှန်ကြားချက်အတိုင်း ငါလုပ်ရမယ်။ နက်ဖန် မင်းနဲ့ငါ သူရှိတဲ့နေရာကို သွားရမယ်။ ငါ အစီအစဉ် လုပ်လိုက်မယ်”

တဲ့။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

14 Comment

mahjong ways ဒီဇင်ဘာ 25, 2025 - 11:37 မနက်

Guys, I’m addicted to Mahjong Ways and Mahjong Ways 2! That cascading win feature is where’s at! Get your dose of luck here mahjong ways

Marvincauth ဒီဇင်ဘာ 28, 2025 - 9:53 ညနေ

Когда вы находитесь в поиске директ рейсы из Еревана в Европу или спрашиваете, куда можно улететь из Еревана экономно, нужно обращать внимание на бюджетные предложения и аэропорты как Болгарии, Польши, так и Чехии. Максимально рационально выбирать низкие по цене авиабилеты из Москвы за границу, в том числе направления в Чехию, Новую Зеландию или даже Доминикану, а также последние предложения из Москвы окажут помощь срезать расходы на перелёте.

Пассажирам, кто летит из Ташкента, необходимо знать о непосредственных рейсах из Ташкента в Европу и широкой сети аэропортов ОАЭ и Израиля. На сайте прямые рейсы из ташкента в европу можно получить текущую информацию и присмотреть оптимальные авиабилеты в Прагу, Берлин или Анталию с лучшими lowcost вариантами. Также не упустите просмотреть аэропорты Англии, Норвегии и Албании, чтобы обогатить набор направлений для выгодных путешествий.

Marvincauth ဒီဇင်ဘာ 29, 2025 - 6:40 မနက်

В случае если вы планируете тур в Таиланд и хотите определиться, когда лучше ехать в эту страну Пхукет, стоит принимать во внимание сезонность: дождливый сезон длится с мая по октябрь, а наиболее благоприятные пляжные условия в основном с ноября по февраль. Для трансферов между Пхукетом и Самуи просто использовать лодку, а также есть опции трансфера на машине или автомобиле — расстояние и время в пути связаны от выбранного способа, детальнее как добраться из Пхукета на Самуи можно узнать тут таиланд погода .

При расчете бюджета также необходимо знать, сколько везти денег в Таиланд на 10 дней, вместе с аренду байков (как правило без прав не одобряют), экскурсии на Пхукете и времяпрепровождение в массажных салонов, а также пробовать экзотические фрукты Таиланда, пора которых варьируется по месяцам. Ценителям пляжного отдыха предлагаю обратить внимание на отличные пляжи Самуи с белым песком и путешествия на Патонге, а для спокойного отдыха — карты Тайланда с пляжами и рекомендации по безопасности всегда помогают ориентироваться легче.

Marvincauth ဒီဇင်ဘာ 29, 2025 - 7:23 ညနေ

Когда вы собираетесь в поездку и ищете информацию о прямых рейсах и аэропортах, нужно обратить внимание на многообразие направлений и вариантов перелетов. Допустим, из Москвы можно обнаружить самые экономичные билеты в Европу и иные регионы, а из Стамбула есть прямые рейсы в многие страны, включая Европу и Венесуэлу. Если вам актуально, куда можно выгодно улететь из Минска или Амстердама, предлагаю посмотреть современные предложения и маршруты на целевых сайтах авиабилеты из берлина .

Также полезно знать о главных аэропортах таких стран, как Филиппины, Дания, Польша, Южная Африка и ОАЭ, а также о эконом-перевозчиках и центрах вылета из городов таких как Еревана, Праги и Берлина. Это поможет не только снизить затраты на билетах, но и определить удобные варианты путешествий, включая прямые рейсы из Анталии или Хельсинки. Узнавайте про аэропорты и направления наперед, чтобы разумно спланировать свой маршрут и предотвратить ненужных пересадок.

Marvincauth ဒီဇင်ဘာ 30, 2025 - 6:38 မနက်

Если намереваетесь поездку на Тенерифе, обязательно не пропустите Monkey Park Tenerife и бассейны Lago Martianez для прекрасного отдыха. Также важно узнать о расписании автобуса линии 343 (teneriffa bus 343 fahrplan), чтобы просто перемещаться по острову и изучить достопримечательности, например, пляж Тереситас и популярное драконовое дерево.

Для тех, кто любит культурой и событиями, советую заглянуть в программу Carnevale Tenerife 2025, где можно погрузиться в традициями и весельем. Развернуто о Тенерифе, Канарских островах и их красотах можно прочитать тут: цены в испании . А если вас увлекают другие города Испании у моря, как Барселона, Валенсия или Малага, то обязательно посетите пляжи и архитектуру, например, кафедральный собор Валенсии или парк Цитадель в Барселоне.

Marvincauth ဒီဇင်ဘာ 30, 2025 - 9:12 ညနေ

I have lately been looking into seasonal color analysis and discovered various palettes like deep summer, light spring, and soft autumn, which truly help in comprehending which colors suit different skin tones such as amber, olive, and warm beige. Using resources like the Color Analysis Pro app or taking a complimentary color analysis quiz online can provide you with a clearer idea of your season, whether it’s deep summer colors or a cool winter color palette.

If you’re interested in your skin tone color and desire to try virtual hair color try-ons or find the optimal colors for pale skin or yellow undertone skin, there are many resources offered to explore. For those seeking detailed charts or wanting to cancel their Color Analysis Pro subscription, you can obtain more insights and support here chart color schemes . Seasonal color analysis truly makes deciding on clothing colors for your skin tone substantially easier!

one_xukr ဒီဇင်ဘာ 31, 2025 - 9:39 မနက်

êàê îòêðûòü ìàãàçèí One Price ïî ôðàíøèçå [url=http://www.oneprice.shop/]https://oneprice.shop/[/url]

http://voensud.ru/go/?http://oneprice.shop

lepetitprincepdfSok ဇန်နဝါရီ 1, 2026 - 10:58 မနက်

Une lecture qui fait du bien, tout simplement. La version ebook est là pour vous faciliter la vie. Procurez-vous Le Petit Prince PDF pour ces moments où vous avez besoin de douceur, de poésie et d’un retour à l’innocence perdue. https://lepetitprincepdf.site/ Le Petit Prince Pdf Français

Michaelbah ဇန်နဝါရီ 2, 2026 - 6:24 မနက်

Купить пластиковые окна на заказ в Москве — это отличный способ улучшить энергоэффективность вашего дома и повысить его комфорт.
Вам предложат разнообразные варианты по стоимости и срокам выполнения заказа.

production company ဇန်နဝါရီ 5, 2026 - 10:27 မနက်

need a video? video studio in milan offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.

ab-resurs ဇန်နဝါရီ 6, 2026 - 6:25 မနက်

Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

WillieThesy ဇန်နဝါရီ 6, 2026 - 1:54 ညနေ

Купить пластиковые окна на заказ в Москве — это отличный способ улучшить энергоэффективность вашего дома и повысить его комфорт.
Процесс заказа пластиковых окон интуитивно понятен и удобен.

RobertBrory ဇန်နဝါရီ 7, 2026 - 12:55 ညနေ

Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

Williambus ဇန်နဝါရီ 9, 2026 - 3:54 မနက်

Купить пластиковые окна на заказ в Москве — это отличный способ улучшить энергоэффективность вашего дома и повысить его комфорт.
Вы можете легко оставить заявку на производство пластиковых окон.

Add Comment