အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၃)
ဌေးဝင်း
စာမေးပွဲဖြေပြီးနောက် မောင်တောကို သွားပြီး ဆွေမျိုးတွေဆီမှာ လျှောက်လည်နေတယ်။ အဲဒီအချိန်က မောင်တောဘင်္ဂလာဒ်ေရှ်နယ်စပ် ဆန်မှောင်ခိုလုပ်ငန်း သိပ် ခေတ်စားတဲ့ အချိန်ပေါ့။ ငါ့ရဲ့ဦးလေးတွေ ဆွေမျိုးတွေဟာ မောင်တောကနေ ဘင်္ဂလားဒေ့ရှ်က တတ်ကနား (ကယုချောင်း) ကို ဆန်မှောင်ခိုပို့တဲ့ လှေကြီးတွေ ရှိတယ်။ ငါဟာ အဲဒီလှေတွေပေါ်မှာ တက်ပြီး လိုက်ပါပြီး နယ်စပ်ကို ကူးချည် သန်းချည်လုပ်ရင်း သူတို့ဆီမှာ ရှယ်ယာအနည်းငယ်ထည့်ကာ ကုန်သည်လိုလို ကျောင်းသားလိုလိုနဲ့ မောင်တောနေလိုက် မြစ်နားရွာ (ဘင်္ဂလားဒေ့ရှ် ) ကို သွားနေလိုက်။ စစ်တွေပြန်လိုက်နဲ့ တနှစ်လောက် ဟိုလိုလို ဒီလိုလို ကျောင်းသားလိုလို ကုန်သည်လိုလိုလုပ် နေတုန်း။ ကိုစောထွန်းက ငါ့ကို မြစ်နားရွာမှာ ခေါ်တွေ့တယ်။
“ကျော်ဟန်.. ခု မင်း ကုန်သည်လိုလို ကျောင်းသားလိုလို.. လိုလိုလူ တယောက် ဖြစ်နေပြီ”
လို့ သူက ငါ့ရဲ့ ဖြစ်တည်မှုကို ပကတိအတိုင်း ဒဲ့ပြောတယ်။ ဒီတော့ ငါက
“အကြီး (စောထွန်း) ကျနော့်ကို မြင်တာ မမှားပါဘူး။ အမှန်အတိုင်း ပြောတာဘဲ။ ဒါပေမဲ့ လက်ရှိ အနေအထားက ကျနော် ခုလို နေရတာက ကျနော်အတွက် လောလောဆယ် အဆင်အပြေဆုံးအနေအထားဘဲ။ ကျနော့အခြေအနေက ဒီထက်ပိုပြီး လုပ်နိုင်တာ ဘာရှိမလဲ။ ဘာလုပ်ရမလဲ။ ကျနော့အခြေအနေက ဒီအတိုင်းဘဲ ဆက်လုပ်နေရတဲ့ အခြေအနေ။ ကျနော့်အတွက် AIO/AIA မှာ တော်လှန်ရေးက ဆက်လုပ်ဖို့က သူ့လူကိုယ်လူဆိုပြီး သတ်မှတ်ပြီး ခွဲခြား ဆက်ဆံခြင်းခံနေရတဲ့ ဒီအခြေအနေမှာ ယုံယုံကြည်ကြည်နဲ့ ရှေ့ဆက်ပြီး အဖွဲ့အစည်းခေါင်းစဉ်အောက်မှာ တာဝန်ယူဖို့ ဖြစ်မှမဖြစ်နိုင်တော့တာဘဲ”
လို့ တုန့်ပြန်ပြောလိုက်တယ်။ ငါတို့က သူ့ကို အကြီး (သို့မဟုတ်) အကြီး စောထွန်းလို့ ခေါ်ကြတယ်။ သူက ခေါင်းလေး တဆတ်ဆတ် ငြိမ့်ရင်း
“ဒီမယ်.. ကျော်ဟန်… ငါပြောမယ်။ သေချာနားထောင်။ တော်လှန်ရေး လုပ်တာမှာ ဒီလိုအခြေအနေတွေက အဖွဲ့တိုင်းလိုလို မလွဲမသွေ ဖြတ်ကျော်ရတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ကိုယ့်ဘက်က မှန်နေဖို့ဘဲ အရေးကြီးတယ်။ ရပ်တည်ချက် မှန်ရမယ်။ ခံယူချက် ခိုင်မြဲရမယ်။ လုပ်လိုစိတ် ပြင်းပြရမယ်။ ဒါဆိုရင် လုပ်စရာမရှိဘူးလို့ ဆိုတာ လုံးဝ မရှိဘူးကွ။ လုပ်ချင်တဲ့သူအတွက် အလုပ်တွေက ရှေ့မှာ တန်းစီနေတယ်။ မင်းသိထားရမှာက လူတွေနဲ့ စုစည်းထားတဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဆိုတာ ပြဿနာ ရှိတာချည်းဘဲ”
လို့ လေးလေးနက်နက် တည်တည်ကြည်ကြည် သူက ဆိုတယ်။ သူဟာ ငါ့ထက် များစွာ အတွေ့အကြုံရင့်သူ ဖြစ်သလို ငါ့ကိုလည်း သံယောဇဉ်ကြီးမားသူ တယောက်လည်းဖြစ်တော့ ငါ ခုလို လမ်းပျောက်သလိုလို လေလွင့်နေသလိုလို ဖြစ်နေတာကို မလိုလားဘူး။ ငါ့မှာလည်း ငါ့ဘက်က ခိုင်လုံတဲ့ အကြောင်းပြချက်က ရှိနေတော့ သူ့စကားကို ခုလို တုန့်ပြန် ပြောဆိုလိုက်တယ်။
“အကြီးစောထွန်းပြောတာ သီဝရီအရ ကျနော် အငြင်းမပွားလိုဘူး။ ဒါပေမဲ့ ပကတိ ခု ဖြစ်ပျက်သွားတဲ့ ကျနော်တို့ အဖွဲ့အစည်းတွင်းက ပြဿနာက ကျနော့အမြင်အရ ပြောရရင် မဖြစ်သင့်ဘူးလို့ ထင်တယ်။ တိုင်းပြည်အတွက် လူမျိုးအတွက် ဘဝတခုလုံးကို ပုံအပ် ပေးဆပ်ပြီး အလုပ်လုပ်နေကြသူတွေကြားမှာ ကွဲအက်တာ ဖြစ်စေ နားလည်မှု လွဲတာ ဖြစ်စေ ကြုံလာရင် သွေးထွက်သံယို လုပ်ကြံသတ်ဖြတ်ပြီး ဖြေရှင်းလိုတဲ့နည်းအစား ရင်ဆိုင် တွေ့ဆုံ ဖြေရှင်းတဲ့ နည်းက အဖွဲ့အစည်းအတွက် ပို မကောင်းဘူးလား”
လို့ ငါက ငါ့ရင်ထဲ ရှိနေတဲ့အတိုင်း ပြန်ပြောတော့ သူက ငါ့စကားကို စိုက်ပြီး နားထောင်နေတယ်။ သူ့မျက်နှာကလည်း ငါ သေချာ ဘာသာပြန်ရခက်တဲ့ လက္ခဏာတွေကို မြင်ရတယ်။ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက် ပြဿနာဟာ ငါတို့အဖွဲ့အစည်းအတွက် တကယ်တော့ မုန်းတိုင်းကြီးတခု ဆိုးရွားစွာ တိုက်ခတ်ခဲ့တာဘဲ မဟုတ်လား။ အကြီးစောထွန်းဟာ ငါ့စကားကို ကြားရချိန် သူဟာ ကြေကွဲဝမ်းနည်းစိတ် နာကြည်းခံပြင်းစိတ်တွေနဲ့ ရောထွေးနေတဲ့ အရိပ်အယောင်တွေကို ငါ ခံစားနားလည်မိတယ်။ ငါ့စကားကို နားထောင်ပြီးနောက် သူက
“အေး.. ဖြစ်သွားပြီးတဲ့ ကိစ္စတွေက ခုချိန်မှာ ပြန်ပြင်လို့မှ မရတော့တာ။ ဒါဟာ ငါတို့အတွက် ကြီးမားတဲ့ သင်ခန်းစာတခုဘဲ။ ဖြစ်ပျက်ခဲ့တာတွေကိုလည်း ငါတို့ မင်းကို ရှင်းပြပြီးပြီဘဲ။ ထားလိုက်ပါ။ ခု ငါပြောနေတာက မင်းရဲ့ အနာဂတ်အတွက်ပါ။ ပြောလက်စ စကားကို ဆက်ပြောမယ်။ ပြဿနာရှိလို့ အခက်အခဲ ကြုံလို့သာ ကိုယ့်ယုံကြည်ချက်ကို စွန့်လွှတ်ပြီး ကိုယ်လုပ်ချင်တဲ့ ပထမဦးစားပေးအလုပ်ကို လက်လွှတ်လိုက်ရင် ဒါမှမဟုတ် လက်လွှတ်လိုက်ရမယ်ဆိုရင် မင်း ဘာဆက်လုပ်ကြရမလဲ။ ဒုတိယဦးစားပေး သို့မဟုတ် တတိယဦးစားပေးအလုပ် တခုခုကို လုပ်ရမှာဘဲ။ အဲဒီ ဒုတိယ တတိယ အလုပ်က မအောင်မြင်နိုင်ဘူးလို့လည်း ကံသေကံမ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမှာ မင်းအောင်မြင်ရင်တောင် ဒါဟာ မင်းအတွက် ဒုတိယတန်းစားအဆင့် တတိယတန်းစား အဆင့် အောင်မြင်မှုလို့ မင်းထင်မြင်နေလိမ့်မယ်။ ဒီအဆင့်ဘဲ မင်းရလာမယ်။ ငါ ပြောရဲတယ်။ မင်းဘဝမှာ ပထမဦးစားပေး တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေးလေ ငါပြောတာ မှန်လား။ မင်းစဉ်းစားပေါ့”
လို့ တည်တည်ငြိမ်ငြိမ် လေးလေးနက်နက် နဲ့ သူက ပြောနေတာကြောင့် ငါက
“အကြီး အသိဆုံးဘဲ။ ကျနော် မြို့ပေါ်မှာ မြေအောက် လုပ်ငန်းကို ဘယ်လောက်ထိ ထိထိရောက်ရောက် လုပ်နိုင်ခဲ့တယ် ဆိုတာ။ အမျိုးသားရေးနဲ့ ပတ်သက်လို့ ကျနော် အရာရာကို ပေးဆပ်ပြီး လုပ်ကိုင်ခဲ့တာတွေကို အကြီး သိတာဘဲ။ ”ပေးတဲ့တာဝန်နဲ့ အလုပ်ကို မလုပ်နိုင်တာ တခါမှမရှိသလို ငြင်းတာလည်း မရှိဘူး မလုပ်နိုင်တာလဲ မရှိခဲ့ဘူး”
လို့ ငါကလည်း တလုံးချင်း ခံစားချက်နဲ့ ပြန်ပြောပြလိုက်တယ်။ သူက
“အေး.. ဒါတွေ ငါသိလို့ ခု ပြောနေတာပေါ့ ဒါပေမဲ့… “
ဆိုပြီး သူက စကားကို ဆက်မပြောဘဲ ရပ်ထားလို့ ငါက
“ဒါပေမဲ့ ဘာဖြစ်လဲ အကြီး”
သိချင်ဇောနဲ့ မေးတဲ့အခါ သူက
“တော်လှန်ရေးသမား နိုင်ငံရေးသမားရဲ့ ဘဝက ကြမ်းတယ်။
တော်လှန်ရေးသမားကောင်း နိုင်ငံရေးသမားကောင်းဖြစ်ဖို့က ပေးဆပ်မှု ကြိုးစားမှူနဲ့ ရင်းရတယ်။ မင်းသိတဲ့အတိုင်းဘဲ။ ဒီအလုပ်က ခိုင်မာ ပြတ်သားတဲ့ ယုံကြည်ချက် မရှိတဲ့သူတွေ လုပ်နိုင်တဲ့ အလုပ် မဟုတ်ဘူးလေ။ စိတ်ကူးယဉ်လို့ မရဘူး။ ဘဝကို ရင်းရတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အဆုံးစွန် ပေးဆပ်နိုင်စွမ်းရှိသူတွေ စွန့်လွှတ်ရဲသူတွေသာ အဖိုးတန် တော်လှန်ရေး နိုင်ငံရေးသမား ဖြစ်နိုင်တာ မဟုတ်လား”
ဆိုတော့ ငါက
“ဟုတ်တယ် အကြီး။ သမိုင်းထဲက ကြီးကြယ် မြင့်မြတ်တဲ့ နိုင်ငံရေး တော်လှန်ရေးသမားတွေဟာ အခု အကြီးပြောတဲ့ စံနှုန်းတွေနဲ့ ပြည့်စုံကြလို့ ကျနော်တို့ရဲ့ လမ်းပြကြယ်ကြီးတွေ ခေါင်းဆောင်ကြီးတွေ အဖြစ်နဲ့ ထာဝရ ရှိနေကြတာဘဲ လေ”
လို့ ငါက ပြန်ပြောလိုက်တော့ သူ့မျက်နှာမှာ အားရကျေနပ်တဲ့ အပြုံးကို ငါ တွေ့လိုက်ရတယ်။ ထိုနောက် သူက
“ငါက မင်းကို ဟိုယောင်ယောင် ဒီယောင်ယောင် ကုန်သည်လိုလို ကျောင်းသားလိုလို လုပ်နေတာကို မကြိုက်ဘူး။ မင်းဟာ တော်လှန်ရေးသမားတယောက်။ ဒီတော့ မင်းဟာ မင်း အလုပ်ကို မင်း ဆက်လုပ်ရမယ်။ ငါတို့ရဲ့အနာဂတ်က ငါတို့ရဲ့မျိုးဆက်သစ်တွေဘဲ။ အဲဒီမျိုးဆက်ဆိုတဲ့အထဲမှာ မင်းလည်း ပါတယ်”
လို့ ဆိုတော့ ငါက
“အကြီးဆီက ခုလို စကားမျိုး ကြားရတာ ကျေးဇူးတင်ပါတယ်”
ဆိုတော့ သူက
“မင်း .. မြေအောက်အလုပ်တွေ ဆက်ပြီး တာဝန်ယူလုပ်ပါ”
လို့ တာဝန်ပေးလာတယ်။ ငါလည်း သူ့ကို အားကိုးယုံကြည်မှုက အပြည့်အဝရှိနေတော့ သူပြောတာ တာဝန်ပေးတာကို လက်ခံတဲ့ပုံစံနဲ့ ငြိမ်နေလိုက်တယ်။
သူက ဆက်ပြောတယ်။
“လောလောဆယ် မင်း အခုလို ပုံစံမျိုးနဲ့ ဆက်နေလိုက်။ အထူးသဖြင့် မောင်တောနဲ့ ဒီဘက်ကို အဝင်အထွက် ပုံမှန်ရှိနေတဲ့ လမ်းကြောင်းမှာနေ ငါ လိုအပ်ရင် လိုအပ်သလို ဆက်သွယ်လာမယ်။ မင်း ကယုချောင်းက ဆေးဆိုင်နဲ့ ပန်းထိမ်ဆိုင်ကို ပုံမှန် အဆက်အသွယ် လုပ်ထား”
လို့ ပြောတော့ ငါလည်း
“ဟုတ်ကဲ့။ ဒီအတိုင်း ဆက်လုပ်မယ်”
လို့ အတည်ပြုလိုက်တယ်။
ငါလည်း မောင်တောက ဆွေမျိုးအိမ်မှာနေပြီး မိမိလုပ်နေကျအလုပ်တွေကို လုပ်နေရင်းဘဲ ဘင်္ဂလားဒေ့ရှ်ရှိ တက်ကနား (ကယုချောင်း) က ဆေးဆိုင်ကို မကြာမကြာ သွားအဆက်သွယ်လုပ်။ တခါတခါ ကိုစောထွန်း ကိုယ်တိုင်လာတွေ့ပြီး ရက္ခိုင်ပြည်ထဲကနေ ရောက်လာတဲ့ လူတချို့နဲ့ တွေ့ပေးပြီး အလုပ်ကိစ္စတွေ ဆွေးနွေးကြတယ်။ တာဝန်ပေးစရာ ရှိတာတွေကို ငါ့ကိုပေးပြီး လုပ်ခိုင်းတယ်။
တခါတလေမှာ သူနဲ့ငါ မှောင်ခိုဆန်ဘုတ်တွေနဲ့ လိုက်လာပြီး စစ်တွေကို သွားကြတာတွေ ရှိတယ်။ စစ်တွေမှာ တွေ့သင့်တဲ့သူတွေနဲ့ တိတ်တဆိတ် တွေ့ဆုံကြတာမျိုးပေါ့။
တခါတလေတော့လည်း ရက္ခိုင်တော်လှန်ရေးတပ်တွေ အခြေချတဲ့ ဝါးခွတ်ချောင်း ဆိုတဲ့နေရာကို သူနဲ့ငါ အတူတူ သွားကြတယ်။ အဲဒီမှာက ရက္ခိုင်ပြည် ကွန်မြူနစ်ပါတီ Arakan Communist party (ACP) ရက္ခိုင်ပြည် လွတ်မြောက်ရေး ပါတီ Arakan Liberation Party (ALP) ရက္ခိုင်ပြည် လွတ်လပ်ရေး အဖွဲ့ Arakan Independent Organization (AIO) တို့ ရှိတယ်လေ။ ပြီးတော့ ဟာရဘင်း ဘုန်းကြီးကျောင်းမှာ သီတင်းသုံးလျှက်ရှိနေတဲ့ AIO အတွင်းရေးမှူး မောင်ရှင်ကြီးနှင့် စုက္ကရိယာရွာမှာ ကျောင်းထိုင်နေတဲ့ ရွာမပြင်ဆရာတော် ဦးသုစိတ္တတို့ ဆီကို ငါနဲ့ ကိုစောထွန်းဟာ မကြာမကြာ အဝင်အထွက် လုပ်လေ့ရှိတယ်။
ဒီလိုနဲ့ ၁၉၈၆ ကို ရောက်လာတယ်။ ဒေါင်းတောင်ယိုး စစ်ဆင်ရေးပြီးနောက် မဆလ စစ်တပ်က ငါတို့ တော်လှန်ရေးသမားတွေကို ဖြတ်လေးဖြတ်နဲ့ အပြင်းအထန် နှိပ်ကွပ်ပြီး ငြိမ်သက်သွားအောင် လုပ်ထားနိုင်ခဲ့တယ်လို့ ထင်စရာ ရှိနေခဲ့တယ်။
ဒါပေမဲ့ ၁၉၈၆ ခုနှစ် မေလဆန်းမှာ မဆလကို ရဲရဲတင်းတင်း ဆော်ပြလိုက်တဲ့ ဖြစ်စဉ်တခု ပေါ်ပေါက်လာတယ်။ အဲဒါကတော့ ရက္ခိုင်ပြည် ကွန်မြူနစ်ပါတီ Arakan Communist Party (ACP) က မင်းပြားမြို့က မင်းပြားဘဏ်ကို ဝင်ရောက် စီးနင်းလိုက်တာပါဘဲ။
ဒါကြောင့် မဆလ ထောက်လှမ်းရေးတွေဟာ သံသယရှိသူတွေကို ပိုက်စိပ်တိုက် လိုက်တော့တာဘဲ။ ဒီလို လိုက်တဲ့အထဲမှာ ငါလည်းပါတယ်လို့ သိလာရတယ်။ မောင်တောမြို့မှာ ရှိတဲ့ ထောက်လှမ်းရေး (၁၀) က တပ်ဆွယ်မှူး ဗိုလ်ကြီး နိုင်ဦး လိုက်စုံစမ်းတဲ့ လူစာရင်းမှာ ငါ့နာမည် “ကျော်ဟန်” ပါနေတယ်လို့ ထောက်လှမ်းရေး အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ငါ့ဆွေမျိုးတယောက်က အသိပေးလာလို့ ငါလည်း ညတွင်းချင်းဘဲ မောင်တောချောင်းတဖက်ကမ်းမှာရှိတဲ့ အောင်ဗလရွာကတဆင့် တက်ကနားကို လှေနဲ့ ကူးသွားလိုက်တယ်။
ငါ မောင်တောကထွက်လာပြီး (၂) ရက်အကြာမှာ သိလိုက်ရတာက နယ်ထိမ်း စံထွန်း ခေါင်းဆောင်တဲ့ အဖွဲ့က ငါတည်းခိုနေခဲ့တဲ့ အိမ်မှာ ငါ့ကို ဖမ်းဖို့ လာရှာသွားတယ် တဲ့။
အပြေးမြန်လို့သာ ပေါ့။ “နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်” လို့ ရီစရာလိုလို ပြောကြတဲ့ စကားက ဒီနေရမှာတော့ တကယ်မှန်တာဘဲ။ ငါသာ ကြားရတဲ့ သတင်းစကားကို ဂရုမစိုက်ဘဲ ဆက်နေနေခဲ့ရင် စတီးလက်ကောက် ဝတ်ရမှာ ကျိန်းသေတယ်။
တကယ်တော့ ဒီနှစ်ကာလတွေဟာ ငါရဲ့တော်လှန်ရေး နိုင်ငံရေး လှုပ်ရှားမှု မိုးကောင်းကင်က မှုန်ရီဝေဝါးနေခဲ့သလို အနာဂတ်တွေကလည်း ဘာမှန်းမသိတဲ့ နေ့ရက်တွေနဲ့ ရှောင်ရင်း တိမ်းရင်း ပြေးရင်း လွှားရင်း ကျော်ဖြတ် နေခဲ့ရတဲ့ နေ့ရက်တွေပေါ့။
8 Comment
цены на квартиры в сочи купить квартиру жк светский лес
Ежели вы планируете поездку в Таиланд, полезно заранее разузнать, какой остров определить — Пхукет или Самуи. Самуи отличается своими великолепными пляжами, и на карте Таиланда несложно найти отличные пляжи Самуи, которые безупречно подойдут для размеренного отдыха. Для тех, кто следит за историей, целесообразно вспомнить про цунами в Таиланде 2004 года: на Пхукете и Самуи всё ещё можно найти фото и рассказы, связанные с этим событием.
При готовности к поездке рекомендую изучить вопросы обмена валюты на Пхукете и сколько денег запланировать в Таиланд на 10 дней, а также выяснить правила въезда в страну в 2025 году. Для туристов будет полезна информация об аренде байка на Пхукете — это практичный способ поездок. Информация, включая карту Таиланда с островами и указания по маршрутам, можно увидеть здесь пляжи самуи на карте .
Составляя план отдых в Таиланде, особенно на Пхукете или Самуи, стоит понимать, сколько стоит путешествие в Таиланд и сколько брать денег для полноценного отдыха на 10 дней. Например, цены на взятие напрокат байка на Пхукете без прав и плата за экскурсий, вместе с поездку на пароме с Пхукета на Самуи, серьёзно варьируются. Рынок Патонг и ТЦ на Патонге впечатлят разнообразием товаров и уникальных фруктов, а салоны массажа предлагают услуги разных категорий, вместе с массаж с хэппи эндом. Чтобы не сбиться в транспорте и трансферах, стоит узнать, как находить путь в аэропорту Пхукета и как добраться от Пхукета до Самуи без помощи, например, на такси или пароме. Подробнее важную информацию можно найти тут пхукет когда лучше ехать
Что касается времени поездки, предпочтительно ехать на Пхукет и в другие части Таиланда в сезон с ноября по апрель, когда температура наиболее комфортная. Безопасность тоже необходима: стоит рассмотреть правила въезда в Таиланд для россиян в 2025 году, а также учитывать о возможных опасных животных и анализировать отзывы туристов об отдыхе в Андманде и других районах. Любителям природы и энергичного отдыха стоит открывать пляжи Рейли Бич и заниматься снорклингом, чтобы увидеть цветных рыб Таиланда. Необходимо также планировать бюджет, считая цены на питание, массаж, экскурсии и обмен валюты – самый оптимальный обменник на Пхукете поможет обойти лишних затрат.
Сейчас удалённое развитие ребёнка становится всё более востребованным.
Подход с обучающими уроками позволяет учиться удалённо.
Интересное решение для родителей, которые выбирают гибкое обучение для ребёнка.
Описание: https://renewworld.ru/onlayn-shkola-skorochteniya-dlya-detey-preimuschestva-i-vozmozhnosti/
химчистка обуви кроссовок химчистка обуви в москве
заклепка вытяжная купить заклепка вытяжная нержавеющая
За год использования кракен маркет даркнет ни разу не подвёл с доступом
дома коттеджи дизайн фото дизайн коттеджа