Environment

ချင်းတွင်းမြစ်ရဲ့ ရေနဲ့ငါးသယံဇာတ ဘာတွေဖြစ်နေလဲ

တာပလု ချင်းတွင်းမြစ်က မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ မြစ်တစင်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဟာ ဧရာဝတီမြစ်ရဲ့ အကြီးဆုံး မြစ်လက်တက်ဖြစ်ပြီး အလျားမိုင် ၇၅၀၊ ကီလိုမီတာ ၁,၂၀၀ ခန့် ရှည်လျားတဲ့ မြစ်တစင်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဟာ စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊
Read more

မြစ်ဝကျွန်း‌ပေါ်အရပ်မှာ ရေရှားနေပြီလား

တာပလု မြစ်ဝကျွန်းပေါ်အရပ်ဟာ ရေတွေဘောင်းလံ၊ ဘောင်းလျှံရှိတဲ့အရပ်၊ ရေလမ်းခရီးကိုပဲ အားထားရတဲ့အရပ်၊ ရေဆိုတာ အိမ်အောက်ဆင်းလိုက်တာနဲ့ ရေချိုရနိုင်တဲ့ အရပ်ဒေသတခု ဖြစ်ပါတယ်။ လှေမရှိရင် တအိမ်နဲ့ တအိမ် ကူးလူးသွားလာဖို့ အဆင်မပြေပါဘူး။ ရွာ သာရေး၊ နာရေး ကိစ္စရပ်တွေနဲ့ ကလေးတွေ ကျောင်းသွားဖို့အတွက်ပါ လှေ၊ စက်လှေတွေကို အဓိကအားထား
Read more

ဘူးသီးတောင်က ဝေးလံခေါင်ဖျားရှိ ကျေးရွာတွေကို မိုးကာများနဲ့ ဟင်းမျိုးစေ့ ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနဆိုင်ရာအသီးသီး ပူးပေါင်းပြီး မိုးကာများနဲ့ ဟင်းမျိုးစေ့များ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ပါတီ၊ မီးသတ်၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ HDCO၊ လူငယ်စင်တာ၊ DLEPS စတဲ့ ဌာနဆိုင်ရာအသီးသီး ပူးပေါင်းကာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျား ကျေးရွာတွေကို မိုးကာများနဲ့ ဟင်းမျိုးစေ့များ ထောက်ပံ့ပေးခြင်းတွေကို ကွင်းဆင်းလုပ်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ ဝေးလံခေါင်ဖျား ကျေးရွာများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မီးသတ်ဌာနမှ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ HDCO အနေနဲ့လည်း အကူညီများ လိုအပ်ပါက တင်ပြတောင်းခံနိုင်ကြောင်းနဲ့ အုပ်ချုပ်ရေး၊ DLEPS နဲ့ ပါတီ စတဲ့ ဌာနဆိုင်ရာ အသီးသီးတို့ကလည်း စိတ်ဓါတ်ခွန်အားမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးများ ဟောပြောခဲ့တယ်လို့ သိရပါတယ်။ ဘူးသီး​တောင်မြို့နယ် လူငယ်စင်တာအဖွဲ့အနေနဲ့လည်း ကျောင်းပြီးပြီးသား လူငယ်များအနေနဲ့ ကွန်ပျူတာနဲ့ အင်္ဂလိပ်စကားပြောသင်တန်းများကို လာရောက်သင်ကြားနိုင်ကြောင်း ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။ အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ HDCO အပါအဝင် ဌာနဆိုင်ရာ အသီးသီးတို့ပူးပေါင်းပြီး အိမ်သာများ ဆောက်လုပ်ပေးခဲ့ပါသေးတယ်။ Res & Phorto – Golden Era Media
Read more

AA က ငါးနဲ့ ရေသယံဇာတထိန်းသိမ်းရေးစည်းကမ်းချက်များ ချမှတ်

အာရက္ခတိုင်းမ်စ် (၁၀ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေရှိ မြို့ ရွာဒေသများအတွက် ငါးနဲ့ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ငါးလုပ်ငန်းနဲ့ ရေသယံဇာတများ စီမံခန့်ခွဲရေးဌာနက ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ စည်းကမ်းချက်များမှာ (၁) ရှားပါးရေသတ္တဝါများဖြစ်တဲ့ (ပင်လယ်လိပ်၊ ရေဝက်၊ ငါးမန်း၊ လင်းရှူး၊ လင်းပိုင်၊
Read more

ပိုမိုပျက်စီးလာတဲ့ စိုက်ပျိုးမြေတွေကို ထိန်းသိမ်းဖို့ လိုအပ်လာ

အာရက္ခတိုင်းမ်စ် (ဆောင်းပါး) စိုက်ပျိုးမြေ တနည်းအားဖြင့် မြေဆီလွှာက အစားထိုးမရတဲ့ သဘာဝအရင်းအမြစ်ဖြစ်ပြီး သီးနှံပင်တွေ ရှင်သန်ပေါက်ရောက်နိုင်တဲ့ သစ်ဆွေးဓာတ်နဲ့ ရေပေါက်လေပေါက်တို့နဲ့ အချိုးကျ ဖွဲ့စည်းထားတဲ့ အပေါ်ယံအလွှာတခု ဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးမြေတွေကို ထိန်းသိမ်းတာက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရုံသာမက သက်ရှိဘဝတွေကို ကယ်တင်တာ ဖြစ်တယ်လို့ တင်စား ပြောဆိုကြပါတယ်။
Read more

မွန်တာမုန်တိုင်းအရှိန်ကြောင့် ရက္ခိုင်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့ ရေကြီးပြီး မြေပြိုတာတွေ ဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၂၈ အောက်တိုဘာ ၂၀၂၅) အိန္ဒိယနိုင်ငံကို ဦးတည်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင််းတစ်ခုဖြစ်တဲ့ မွန်တာမုန်တိုင်းရဲ့ အရှိန်ကြောင့် ရက္ခိုင်ပြည်အပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ မိုးထစ်ချုံးရွာပြီး ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက
Read more

မြေပုံမှာ မိုးကြိုးမှန်လို့ လူတဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၉ စက်တင်ဘာ ၂၀၂၅) ရက္ခိုင်ပြည် မြေပုံမြို့နယ် ကြက်ရေကြီးရွာတွင် စက်တင်ဘာလ ၈ ရက် ညနေပိုင်းက မိုးကြိုးမှန်လို့ ပြည်သူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ ကျောက်ဖြူကနေ ဒီကို စစ်ရှောင်လာတာ၊ ဂဏန်းထောင်သွားတာမှာ မိုးကြီးပစ်ခံရလို့ ဆုံးသွားတယ်” လို့ မြေပုံမြို့ ဒေသခံတဦးက
Read more

သံတွဲ၊ တောင်ကုတ်၊ မအီ နဲ့ ကျောက်ဖြူ မိုးအလွန်များနိုင်

အာရက္ခတိုင်းမ်စ် (၃၀ သြဂုတ် ၂၀၂၅) ရက္ခိုင်ပြည် သံတွဲ၊ တောင်ကုတ်၊ မအီ နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ မိုးအလွန် များနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။ “ သြဂုတ်လ ၃၁ ရက် နဲ့ စက်တင်ဘာလ ၁ ရက်မှာ မိုးများရာကနေ မိုးအလွန်များနိုင်တယ်”
Read more

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၄ သြဂုတ် ၂၀၂၅)

အားလုံးပဲ သာလီစွပါ။ အာရက္ခတိုင်းမ်စ် သတင်းဌာနရဲ့ သတင်းပေါ့စ်ကပ်စ်အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ ရက္ခိုင်ပြည် စားနပ်ရိက္ခာလိုအပ်ချက်က ကပ်ဆိုးဖြစ်လာနိုင်လို့ WFP ထုတ်ပြန် ဆိုတဲ့သတင်း ရက္ခိုင်က ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်အကူအညီ တိုးမြှင့်ပေးရန် HDCO တိုက်တွန်း ဆိုတဲ့သတင်း စစ်အုပ်ချုပ်ရေးကြေညာမှု အချုပ်အခြာကို သူတို့ပိုင်ကြောင်း
Read more

ရက္ခိုင်က ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်အကူအညီ တိုးမြှင့်ပေးရန် HDCO တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၁၃ သြဂုတ် ၂၀၂၅) ရက္ခိုင်ပြည်တွင် ဇွန်လကစတင်တကာ မိုးများစွာ ရွာသွန်းမှုကြောင့် နေအိမ်များပျက်စီးခြင်း၊ စပါးခင်းများပျက်စီးခြင်း၊ ရေတွင်းရေကန်များ ပျက်စီးခြင်း၊ လမ်းတံတားများပျက်စီးခြင်းအပြင် ပြည်သူများ အသက်ဆုံးရှုံးခြင်းတွေပါ ရှိခဲ့လို့ အရေးပေါ်အကူအညီ တိုးမြှင့်ဆောင်ရွက်ပေးရန် အရေးတကြီးလိုအပ်နေတယ်လို့ HDCO တိုက်တွန်းလိုက်ပါတယ်။ ရက္ခိုင်ပြည်က ရေဘေးသင့်ခဲ့တဲ့ မြိုနယ် (၈)
Read more