ဖေ‌ဖော်ဝါရီ 2026

ရက္ခိုင်အရေး လက်ထဲမှာ ဖဲချပ်များတာက တရုတ်ပဲ

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်အရေးနဲ့ ပတ်သက်ပြီး အခြားသော နိုင်ငံတွေထက် တရုတ်နိုင်ငံလက်ထဲမှာ ဖဲချပ်တွေ များတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ရက္ခိုင်ပြည်က စစ်တပ်နဲ့ အာရက္ခတပ်တော် (AA)
Read more

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် ၉၉ သိန်း လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာက ထိခိုက် သေဆုံးခဲ့သူတွေအတွက် ၉၉ သိန်း လှူဒါန်းခဲ့တယ်လို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၆ မိနစ်မှာ စစ်ကော်မရှင်က လေကြောင်းကနေ ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  အသက် ၆ နှစ် အရွယ် ကနေ အသက် ၇၀ အရွယ်ရှိ အပြစ်မဲ့ပြည်သူ ကျား/မ စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အသက် ၇ နှစ် အရွယ်ကနေ အသက် ၆၀ အရွယ်ရှိ ကျား/မ စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ကထုတ်ပြန်ထားပါတယ်။ “ဒီနေ့ဆိုရင် အမျိုးသမီးကြီး ၁ ဦး ထပ်မံသေဆုံးတဲ့အတွက် သေဆုံးသူ ၁၈ ဦးထိ ရှိလာပြီး ဒဏ်ရာရသူ ၁၄ ဦး ရှိပါတယ်။ အိမ်က ၁၃ ဆောင် လုံးဝပျက်စီးပါတယ်။ လတ်တလောက အလှူငွေပဲ လှူခဲ့ရပါသေးတယ်” လို့ စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ သေဆုံး၊ ဒဏ်ရာရသူ ၃၃ ဦး အတွက် ၁ ဦးကို  ၃ သိန်းနှုန်းနဲ့ အလှူငွေ ၉၉ သိန်းကို လှူဒါန်းခဲ့တာဖြစ်ပြီး ပြည်တွင်းပြည်ပက စေတနာရှင်တွေရဲ့ အလှူငွေကို တဆင့် ပြန်လှူဒါန်းတာဖြစ်ပြီး၊ လှူဒါန်းပေးတဲ့ စေတနာရှင်တွေကို ကျေးဇူးတင်ရှိပါတယ်လို့လည်း သူက ဆိုပါတယ်။
Read more

မောင်တောနယ်စပ်က ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ဆန်လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်ဒေသတွင် နေထိုင်ကြတဲ့ မြိုလူမျိုးတွေဟာ လုံခြုံရေးကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့လာကြပြီး အဆိုပါ ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခရိုင်ပါတီကော်မတီကဦးဆောင်ပြီး ဆန်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ရက္ခိုင် ဘင်္ဂလားနယ်စပ် ဒုံးညိုရွာမှာ မြိုလူမျိုးတွေဟာ သစ်တုံးနားခွဆုံ၊ ခုန်တိုင်၊ ဘောင်း၊ လေးမြိုကေဒီ၊ သုပဏ္ဏက၊ နန်းရာကိုင်း စတဲ့ ကျေးရွာတွေမှာ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရပါတယ်။ “ အစွန်းရောက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှာကို ကြောက်လို့ ပြောင်းလာကြတာ။ အားလုံးပေါင်း လူ ၇၀၀ လောက်ရှိတယ်”  လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ပါတီတာဝန်ရှိသူများ၊ DLEPS၊ HDCO  ၊ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ဆန်ရိက္ခာများ၊ ခြင်ထောင်များ ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပါ ပေးခဲ့တယ်လို့ သိရပါတယ်။ မောင်တောမြို့နယ် မြောက်ပိုင်း ဒုံးညိုရွာကနေ မြိုလူမျိုး အိမ်ထောင်စု ၇၀ခန့် (ကျား/မ ၆၇၅ယောက်) ပြောင်းရွှေ့လာကြပြီး သစ်တုံးနားခွဆုံရွာတွင် အိမ်ထောင်စု ၃၁ စု၊ ဘောင်းရွာတွင် အိမ်ထောင်စု ၆ စု၊ လေးမြို့ကေဒီတွင် အိမ်ထောင်စု ၁ စု၊ သုပဏ္ဏကရွာတွင် အိမ်ထောင်စု ၂၅ စု၊ ရွှေတိုင်ရွာတွင် အိမ်ထောင်စု ၁၁ စု အသီးသီး နေထိုင်နေကြတယ်လို့လည်း သိရပါတယ်။
Read more

ယိုးငူရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၁၈ ဦး အထိရှိလာ

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာ ဗုံးကြဲခံရမှုတွင် သေဆုံးသူဦးရေ ၁၈ ဦး အထိ ရှိလာနေတယ်လို့ သိရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာဈေးနဲ့ တာဝါတိုင်အနီးကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆ နှစ်အရွယ်ကလေးငယ်တဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက် နေ့လည် ၂ နာရီခန့်က စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာနဲ့ ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာကို ပေါင် (၃၀၀) ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်ရရှိထားသူတွေထဲက တဦး ထပ်မံသေဆုံးသွားလို့ သေဆုံးသူ ၁၈ ဦး အထိ ရှိလာနေတာလည်း ဖြစ်ပါတယ်။ စစ်ကော်မရှင်ရဲ့ ပေါင်း ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ အများစုမှာ အမျိုးသမီးတွေဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကော်မရှင်က ယိုးငူရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်နဲ့ စျေးဆိုင်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။ အဆိုပါ ယိုးငူရွာဟာ စစ်ဘေးရှောင် အများအပြား နေထိုင်နေကြတဲ့ ရွာတရွာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
Read more

စကမ ဟာ နိုင်ငံတကာရာဇဝတ်မှုကို ဗြောင်ကျကျ ချိုးဖောက်နေတယ်လို့ HDCO ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကော်မရှင်ဟာ နိုင်ငံတကာရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပြီး ဗြောင်ကျကျ ချိုးဖောက်နေတယ်လို့ HDCO က ထုတ်ပြန်ပါတယ်။ “ စစ်ရေးနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ ကျေးရွာများအတွင်းကို နေ့ခင်းကြောင်တောင် ဗုံးကြဲတိုက်ခိုက်ခြင်းဟာ နိုင်ငံတကာစစ်ရာဇဝတ်မှု (War Crimes) နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against Humanity) ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်း ဖြစ်တယ်။ ဒီလုပ်ရပ်ဟာ ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) ပါ အရပ်သားများကို ကာကွယ်စောင့်ရှောက်ရမယ့် အခြေခံမူများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းပင် ဖြစ်တယ်”  လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ် (၂) နာရီ (၇) မိနစ် အချိန်ခန့်တွင် မြန်မာအကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေတပ်ဟာ ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ရှိ ယိုးငူကျေးရွာအတွင်းရှိ ဈေးဆိုင်တန်းကို ဂျက်ဖိုက်တာ (Jet Fighter) အသုံးပြုပြီး တမင်သက်သက် ပစ်မှတ်ထားကာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ကျူးလွန်ခဲ့ပါတယ်လို့ သိရပါတယ်။ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၁၇) ဦးခန့် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး (၁၄) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အပြစ်မဲ့ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများ ပါဝင်ပြီး ပြည်သူပိုင်နေအိမ်များနဲ့ ဈေးဆိုင် အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ HDCO က ဆိုပါတယ်။ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) အနေနဲ့ မြန်မာစစ်ကော်မရှင်ရဲ့ အခုလို အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်လို့လည်း ဆိုပါတယ်။ မိမိတိ့်အနေနဲ့ ထိခိုက်၊ သေဆုံးသွားရတဲ့ မိသားစုဝင်များနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုများကို အခြားသက်ဆိုင်ရာ အာရက္ခဌာနများနဲ့ ပူးပေါင်းပြီး အမြန်ဆုံး စီမံဆောင်ရွက်လျက်ရှိပါတယ်လို့လည်း HDCO က ဆိုပါတယ်။  နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ အခုလို အကြမ်းဖက်လုပ်ရပ်များကို ဟန့်တားနိုင်ရန် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် အလေးအနက်ထား တောင်းဆိုအပ်ပါတယ်လို့ HDCO က တိုက်တွန်းထားပါတယ်။
Read more

ပုဏ္ဏားကျွန်း ယိုးငူရွာကို စကမဗုံးကြဲ အရပ်သားပြည်သူ ၁၂ ဦး သေဆုံး၊ ၂၀ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရ (Breaking News)

အာရက္ခတိုင်းမ်စ် (၂၄ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာကို စစ်ကော်မရှင်က ဒီကနေ့ နေ့လည် ၂ နာရီခန့်က ဗုံးကြဲချခဲ့လို့ ယိုးငူကျေးရွာစျေးမီးလောင်ခဲ့ပြီး အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။ အသေးစိတ်ကို ဆက်လက်သတင်း တင်ဆက်ပေးပါမယ်။
Read more

စစ်တပ်လာစစ်မှာကြောက်လို့ စစ်တွေမှာ အသုဘတွေကို နေ့ခြင်းသင်္ဂြိလ်နေ

အာရက္ခတိုင်းမ်စ် (၂၄ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် စစ်တွေမြို့ လူတွေသေဆုံးကြတဲ့အခါ နာရေးအဖြစ် အလောင်းကို ရက်ပိုင်းလောက် အိမ်မှာထားတတ်ကြလေ့ရှိပေမယ့် အခုအခါမှာတော့ စစ်တပ်ရဲ့ရန်ကိုကြောက်တဲ့အတွက် မထားကြတော့ဘူးလို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “ရပ်ကွက်မှာ တခါတလေ နာရေးဖြစ်လို့ အခုက နာရေးဆိုရင် ည တညထားတဲ့ နာရေးက သိပ်မရှိတော့ဘူး။ အချိန်မမီမှ နာရေးကို ညထားတာပါ။ ည မထားတာက လူစုလူဝေးနဲ့ ရှိနေဖို့ကို စစ်တပ်က လာစစ်မှာကို ကြောက်လို့၊ အဖမ်းခံရမှာကို ကြောက်လို့ ည မထားတာပါ။ အချိန်မမီဆိုရင်တော့ ညသိပ်ပြီးမှ နောက်တရက်နေ့မှ သဂြိုလ်ပါတယ်လေ။ ဒီမှာက မီးလည်းမရတဲ့အခါ အသုဘ ချတယ်ဆိုတာက ရေခဲအခေါင်းနဲ့ ထားရတာလေ။ ရေခဲမရရင် မီးစက်ဖိုး မတတ်နိုင်၊ ဆီဖိုး မတတ်နိုင်လို့ အကြာကြီး မထားတာလည်း ရှိပါတယ်။ လူစုလူဝေး မလုပ်ရ၊ လူစုလူဝေး မလုပ်ဝံ့လို့” လို့ သူက ပြောပါတယ်။ လက်ရှိအခြေအနေအရ စစ်တွေမြို့မှာ ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄) ရှိနေဆဲဖြစ်သလို လုံခြုံရေးအရလည်း အထူးတင်းကျပ်ထားဆဲ ဖြစ်ပါတယ်။ ည ၉ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားပြီး စစ်ရေးအခြေအနေပေါ် မူတည်ပြီး ဒေသန္တရအာဏာပိုင်တွေက အချိန်မရွေး ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။ အသုဘကိစ္စမျိုးတွေအတွက် ညဘက် သွားလာဖို့ လိုအပ်လာရင်တောင် ဒီအမိန့်ကြောင့် အခက်အခဲရှိနိုင်ပြီး ဒေသခံ အုပ်ချုပ်ရေးပိုင်းကို ကြိုတင်အကြောင်းကြားတာ ဒါမှမဟုတ် လူစုလူဝေး မလုပ်ဘဲ နေအိမ်မှာပဲ တိတ်တိတ်ဆိတ်ဆိတ်နေကြရတဲ့ အခြေအနေမျိုး ရှိကြောင်းလည်း သိရပါတယ်။ လက်ရှိမှာတော့ စစ်ကော်မရှင်ခန့် ပြည်နယ်အစိုးရတို့ဟာ စစ်တွေမြို့ လမ်းမထက်တွေနဲ့ ရပ်ကွက်လမ်းကြားတွေမှာ လုံခြုံရေးစောင့်ကြည့်ကင်မရာ CCTV တွေကို ဆိုလာစနစ်နဲ့ တပ်ဆင်နေတယ်လို့ သိရပါတယ်။
Read more

ပုဏ္ဏားကျွန်းကို စကမဗုံးကြဲ၊ ယိုးငူရွာဈေး မီးလောင်နေ (Breaking News)

အာရက္ခတိုင်းမ်စ် (၂၄ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်က ဒီကနေ့နေ့လည်က ဗုံးကြဲချခဲ့လို့ ယိုးငူကျေးရွာစျေးမီးလောင်နေပြီး အရပ်သားပြည်သူ ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။ အသေးစိတ်ကို ဆက်လက်သတင်း တင်ဆက်ပေးပါမယ်။
Read more

ပလက်ဝတွင် မီးလောင်လို့ နေအိမ် ၁၀ လုံး ပျက်စီး

အာရက္ခတိုင်းမ်စ် (၂၄ ဖေဖော်ဝါရီ ၂၀၂၆) ပလက်ဝမြို့နယ်၊ တွီကင်းဝရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည်က မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၁၀ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည် ၃ နာရီခန့်တွင် ပလက်ဝမြို့နယ်၊ တွီကင်းဝရွာနေ ဦးကျော်သာဦးက အိမ်တွင် ရေနွေးကြိုရာကနေ ဘေးက ဝါးထံရံကို မီးလောင်ရာကနေ ကူးစက်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ နေ့ခင်း နေ့လည်ဖြစ်တော့ လေကလည်း မငြိမ်ဘူးလေ။ ရွာကသူတွေ ကူညီပြီး ငြိမ်းသတ်ကြတာပဲ၊ ဒါပေမယ့် မီးအရှိန်ကို လျော့အောင်ပဲ လုပ်နိုင်တာ။ မီးသတ်ကားလာမှပဲ အကုန် ငြိမ်းသွားတာ”  လို့ ပလက်ဝမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အဆိုပါ မီးလောင်မှုကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ မီးသတ်ဌာနနဲ့ ရွာသူ ရွာသားများ ဝိုင်းဝန်းကူညီ ငြိမ်းသတ်မှုကြောင့် ညနေ ၅ နာရီခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစလောင်ခဲ့တဲ့ အိမ်ရှင်ဖြစ်သူ ဦးကျော်သာဦးကို တရားဥပဒေစိုးမိုးရီးနဲ့ ပြည်သူ့လုံခြုံရီးဌာန (DLEPS) က ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Read more

‎ရေကြည် အမြောက်တပ် ၃၄၄အနီး တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂၄ ‎ဖေဖော်ဝါရီ ၂၀၂၆) ‎‎ဧရာဝတီတိုင်း ရေကြည်မြို့နယ် ဂွ- ငသိုင်းချောင်းလမ်း မြောက်စမ်းရွာအနီးရှိ အမြောက်တပ် အမတ ၃၄၄ အနီး အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ အဆိုပါ အမြောက်တပ် အမတ ၃၄၄ ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ဖေဖော်ဝါရီလ ၁၈ ရက်ကစတင်ကာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။ ‎အမြောက်တပ် အမတ ၃၄၄ ကို ကျုံပျော် ခလရ ၃၆ က အင်အားတချို့ စစ်ကူပို့ထားပြီး ဒဏ်ရာရရှိသူများကို စစ်ကော်မရှင်က ကားနဲ့ သယ်ထုတ်ပေးနေတယ်လို့လည်း သိရပါတယ်။ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံထားရတဲ့ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သားတွေဟာ စစ်ရေးအတွေ့အကြုံ မရှိတဲ့အတွက် ထွက်ပြေးတာတွေလည်း ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။ ‎အမြောက်တပ် အမတ ၃၄၄ နဲ့ နယ်မြေဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယို၊ ချင်းလယ် စတဲ့ကျေးရွာတွေကလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ‎သီတာကုန်းပြင်ရှိ တော်လှန်ရေးတပ်များရဲ့ ခြေကုတ်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ တိုက်စစ်အသွင်ဆောင်တဲ့ ခံစစ်အနေအထား ပြန်လည်ရောက်ရှိနေတယ်လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပါတယ်။
Read more