ဖေ‌ဖော်ဝါရီ 2026

စစ်တွေမြို့ပြင်မှာ အာရက္ခတပ်တော်နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂၃ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့ပြင်မှာ စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်တို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်တွေမြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ဟာ စစ်တွေမြို့ပြင်မှာ နေ့စဉ်နဲ့အမျှ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပေမယ့်လည်း
Read more

AA ကျန် ၃ မြို့ကို သိမ်းနိုင်တဲ့အနေအထားရှိပေမယ့် မသိမ်းသေးတာ ဘာကြောင့်လဲ

အာရက္ခတိုင်းမ်စ် (၂၃ ဖေဖော်ဝါရီ ၂၀၂၆) အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်မှာ သိမ်းပိုက်ဖို့ ကျန်ရှိတဲ့ မြို့ ၃ မြို့ကို သိမ်းနိုင်တဲ့ အနေအထား ရှိပေမယ့် မသိမ်းသေးတာဟာ တရုတ်ရဲ့ သဘောထားနဲ့လည်း ဆိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “AA ကတော့ သူတို့ပြည်နယ်ထဲက လက်ကျန် ၃ မြို့က ဆက်သိမ်းရမလား၊ မသိမ်းရဘူးလား အဲဒီဟာတော့ တရုတ်ရဲ့ သဘောထားနဲ့လည်း ဆိုင်တယ်။ တကယ်တမ်းက သိမ်းမယ်ဆို သူတို့ သိမ်းနိုင်တဲ့ အနေအထား ရှိတယ်။ မူဆယ်တို့ ဘာတို့ ချန်ထားသလိုမျိုး။ မူဆယ်တို့ ဘာတို့တုန်းက ချန်ထားတာက တရုတ်က မသိမ်းနဲ့ဆိုလို့ ချန်ထားတာလေ။ လားရှိုးတောင် သူတို့ သိမ်းနိုင်သေးတာပဲ။ အဲဒီတော့ ရက္ခိုင်ကလည်း အဲဒီ ၃ မြို့က သိမ်းမှာလား၊ မသိမ်းဘူးလား ဆိုတာက တရုတ်ရဲ့ သဘောထားနဲ့လည်း ဆိုင်တယ်။ ဒီအစိုးရသစ်ဖွဲ့ခြင်း၊ မဖွဲ့ခြင်းနဲ့ မဆိုင်ဘူး” လို့ သူက ပြောပါတယ်။ လက်ရှိမှာ အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့ကလွဲပြီး ကျန်မြို့အားလုံးကို သိမ်းပိုက် အုပ်ချုပ်ထားနိုင်နေသလို စစ်ကော်မရှင်ကလည်း အဲဒီ ကျန် ၃ မြို့မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး လွှတ်တော်အမတ်တွေ ရွေးချယ်ထားပါတယ်။ ရက္ခိုင်ဒေသကိုတော့ စစ်ကော်မရှင်ဟာ အချိန်အခါမရွေး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရက္ခိုင်က မြို့နယ်တွေမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၂ ပတ်အတွင်းမှာ ဒေသခံပြည်သူ ၁၁ ယောက် သေဆုံးပြီး ၂၈ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ တရုတ်ဟာ သူ့အကျိုးစီးပွားဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်လမ်းကြောင်းကို အာမခံချက်ရှိပြီး ဩဇာလွှမ်းမိုးစေရေး၊ အနောက်အုပ်စုနဲ့ မရင်းနှီးစေရေးကို လိုလားတာကြောင့် စစ်ကော်မရှင်နဲ့ ကြံ့ဖွံ့ရဲ့ လက်ထဲမှာပဲ အာဏာကို ရစေချင်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “တရုတ်ရဲ့ သဘောထားက ဒီနေရာတွေကို သိမ်းပိုက်ထားတဲ့၊ ထိန်းချုပ်ထားတဲ့ အင်အားစုတွေက သူတို့ရဲ့ ဩဇာခံဖြစ်တယ်ဆိုရင် နောင်အနာဂတ်မှာ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်လမ်းကြောင်းက အာမခံချက် ရှိတယ်ဆိုတဲ့ အမြင်နဲ့ သူက ဒီလမ်းကြောကို ဩဇာအာဏာ လွှမ်းမိုးအောင် လုပ်လာပါမယ်။ ဒါပေမယ့် ဒီလိုအနေအထားအရ ပြည်ခိုင်ဖြိုးပါတီ ဒါမှမဟုတ် တပ်မတော်ပေါ့။ တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ လက်ထဲမှာပဲ သူက ရှိစေချင်တယ်။ ဒါမှသာလျှင် သူက အနောက်အုပ်စု အထူးသဖြင့် အမေရိကန်နဲ့ မရင်းနှီးအောင်ပေါ့လေ။ မရင်းနှီးတဲ့ ဆက်ဆံရေးရှိနေမှာ ဖြစ်ပြီးတော့ သူနဲ့ပိုပြီးတော့ ပလဲနံ ပနံသင့် မှာပေါ့။ NLD တို့ ဘာတို့ တခြား ဒီမိုကရေစီ အင်အားစုတွေ အာဏာရလာရင်တော့ ဗဟိုက အာဏာလည်း သူ့အတွက်က မသေချာဘူးပေါ့။ အစိုးရ အပြောင်းအလဲကလည်း ရွေးကောက်ပွဲနဲ့ အပြောင်းအလဲ ဖြစ်နိုင်တာပေါ့။ ဒါကြောင့် သူက အပေါ်ပိုင်းမှာ အဲဒီလို တပ်ရဲ့ ဟိုဟာနဲ့ အာဏာရနေတဲ့ ဥစ္စာကို ပြုတ်မသွားစေဘူး။ အဲဒီအပေါ်မှာ သူက ဘာပြောမလဲ သူ့နိုင်ငံအကျိုးစီးပွားတွေနဲ့ ပေါင်းစပ်ပြီး ကူညီတာ၊ ဖိအားပေးတာ အဲဒါတွေ လုပ်တာပေါ့” လို့ သူက ပြောပါတယ်။ စစ်တပ်က ရက္ခိုင်မှာ လက်လွှတ်ဆုံးရှုံးသွားတဲ့ မြို့နယ်တွေမှာ စစ်ဘေးရှောင်စခန်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေကိုပါမကျန် လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ ဒါကြောင့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုတွေလည်း ပိုများလာနေပြီး ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကို အမြဲသတိထားပြီး စစ်ရေးသတိရှိစွာ နေထိုင်ကြဖို့ AA ဘက်ကလည်း တိုက်တွန်း ပြောဆိုထားပါတယ်။
Read more

ရက္ခိုင်ပြည်သူ လုံခြုံရေးအတွက် DLEPS ဝန်ထမ်း ၂၀၀၀ ကျော် လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၂၃ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက ပြည်သူတွေ လုံခြုံရေးအတွက် DLEPS ဝန်ထမ်း ၂၀၀၀ ကျော် ထပ်မံ လိုအပ်နေတယ်လို့ သိရပါတယ်။ “ ရက္ခိုင်ပြည် တပြည်လုံးအတွက် DLEPS အရေအတွက် ၅ ထောင်ကျော်လောက်လိုတယ်။ အခုက ၂၈၀၀ လောက်သာ ရှိပါသေးတယ်”  လို့ အာရက္ခတပ်တော် ဗိုလ်မှူးထွန်းမင်းနိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ DLEPS အင်အား နည်းပါးနေတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေ နဲ့ DLEPS တပ်ဖွဲ့ မရှိတဲ့ နေရာတချို့က ပြဿနာတွေကို ဖြေရှင်းတဲ့နေရာတွေ အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ “ DLEPS မလုံလောက်တဲ့အချိန်မှာ ဝေးလံခေါင်ဖျားက ရွာတွေမှာ ပြဿနာတက်ရင် အုပ်ချုပ်ရေးကို တိုင်ရပါတယ်။ အုပ်ချုပ်ရေးအနေနဲ့ အဲဒီရွာနားမှာ DLEPS စခန်း မရှိသေးတဲ့အခါ အရက်သောက် ရမ်းကားတဲ့သူကို ထိန်းဖို့ တော်တော်ခက်ပါတယ်”  လို့ ဗိုလ်မှူးထွန်းမင်းနိုင်က ဆက်လက်ရေးသားထားပါတယ်။ အဆိုပါ အခက်အခဲကို ဖြေရှင်းရန်အတွက် ဆက်သွယ်ရေးလိုင်းဖွင့်ပေးရန်ကိုလည်း စစ်ကော်မရှင်ရဲ့ လေကြောင်းရန်ကြောင့် လုံခြုံရေးကို ထည့်စဉ်းစားနေရတယ်လို့လည်း သိရပါတယ်။ ရက္ခိုင်ပြည်ရှိ လွတ်မြောက်နယ်မြေများတွင် အာရက္ခတပ်တော်က ရဲ ဆိုတဲ့ အသုံးအနှုန်းအစား ဒီလပ် (DLEPS) လို့ ပြောင်းလဲထားပြီး အဆိုပါ ဒီလပ် (DLEPS) ရဲ့ စာလုံးအရှည်ဟာ Department of Law Enforcement and Public Security ဖြစ်ပြီး အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန ဖြစ်ပါတယ်။
Read more

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်းနဲ့ပတ်သက်ပြီး မနက်ဖြန် အမိန့်ချမယ်

အာရက္ခတိုင်းမ်စ် (၂၃ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်းနဲ့ပတ်သက်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်မှာ အမိန့်ချမယ်လို့ အမှုကို လိုက်ပါကူညီနေတဲ့ ကိုတင်ထူးအောင်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်က  ရန်ကုန်မြို့ရှိ အရှေ့ပိုင်းခရိုင်တရားရုံးမှာ  တိုက်ခန်းပြန်လည်ရရှိဖို့အတွက် လျှောက်လဲချက် တင်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ “ ဟုတ်တယ် ၂၄ ရက်နေ့မှာ ဒီတိုက်ခန်းကိစ္စပေါ့နော်။ ကျနော်တို့ ဒီတိုက်ခန်းကို ဆက်စပ်မှုနဲ့ သိမ်းဆည်းထားတဲ့ မိသားစုပိုင်တိုက်ခန်းကို ပြန်ပေး မပေး ဆုံးဖြတ်မယ်လို့ အဲ့နေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ ကျနော်တို့ သိရတယ်ဗျ။ အဲ့နေ့ တိုက်ခန်း ပြန်ရ မရ တခါတည်း အမိန့်ချမှာ။ ကျနော်တို့ကတော့ ဒီတိုက်ခန်းကတော့ အရင်တည်းက သူတို့မိသားစု သူတို့ရွာကနေ ပြောင်းလာတည်းက အိမ်တွေရောင်းခဲ့ပြီးတော့ အဲ့တည်းက သူတို့မိသားစု အမွေရခဲ့တဲ့ ကိစ္စဖြစ်ပြီး မသက်ဆိုင်ပဲ အရင်တည်းက ဝယ်ယူထားတဲ့ တိုက်ခန်းဖြစ်တယ်။ ကျနော်တို့ သိရတာတော့။ ဒါမယ့် သူတို့ ဒီဘက်က ဆက်စပ်တယ်ဆိုပြီး သိမ်းဆည်းထားတဲ့ တိုက်ခန်းဖြစ်တယ်။ အဲ့တော့ ကျနော်တို့က ဒီဟာကို အကောင်းဆုံး ဒီတိုက်ခန်းကို မှန်မှန်ကန်ကန်ပေါ့နော်။ ပြန်ရဖို့အတွက် ကျနော်တို့ဘက်ကတော့ အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်နေတာပေါ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့။ မိသားစုဘက်ကတော့ ဒီတိုက်ခန်းနဲ့ ပတ်သက်ပြီး သူတို့က ဒီတိုက်ခန်းဟာ အရင်တည်းက သူတို့ ဝယ်ယူထားတဲ့ တိုက်ခန်းဖြစ်တယ်။နောက်ပြီး ဒီတိုက်ခန်းနဲ့ ပတ်သက်ပြီး မြေရှင်တို့ ဘာတို့ပေါ့နော်။ ဆက်စပ်တဲ့ စာချုပ်စာတန်းတွေလည်း ခိုင်ခိုင်မာမာရှိတယ်။ ပိုင်ဆိုင်မှုတွေလည်း ခိုင်ခိုင်မာမာရှိတဲ့ဟာဖြစ်တယ်။ သူတို့ဘက်က သူတို့ပိုင်ဆိုင်မှု မဆုံးရှုံးဖို့အတွက် တရားမျှတမှုနဲ့အတူ တိုက်ခန်းကို ပြန်ရဖို့ ဒီဟာအပေါ်မှာ ယုံကြည်နေတာ မျှော်လင့်နေတာပေါ့။ ကျနော်တို့အပေါ်မှာလည်းပဲ ဒီဟာနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်ကရှေ့နေဆရာ ဆရာမတွေနဲ့ အကောင်းဆုံး ဆောင်ရွက်ထားတဲ့အတွက်ကြောင့် တိုက်ခန်း ပြန်ရလိမ့်မယ်လို့ သူတို့ဘက်က ယုံကြည်နေတာပေါ့”  လို့ ကိုတင်ထူးအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အသက် ၂၀ ကျော်အရွယ်ရှိ မစိုးစံသူဟာ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာဇာတိ ဖြစ်ပါတယ်။ သူမဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာရှိ 29 ရတနာဆိုင်မှာ အလုပ်လုပ်ကိုင်စဉ် ပစ္စည်း ၃၄ မျိုး (အဆိုပါ ကာလတန်ဖိုး သိန်း ၁၉၀၀ ကျော်) ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက် သုံးဦးနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်မှာ မသင်္ကာမှုနဲ့ ခေါ်ယူစစ်ဆေးခံခဲ့ရတာပါ။ စက်တင်ဘာလ ၂၂ ရက်မှာတော့ မစိုးစံသူ တဦးတည်းကို ရာဇသတ်ကြီး ပုဒ်မ ၃၈၁ နဲ့ အမှုဖွင့်ခဲ့ကာ အောက်တိုဘာလ ၁ ရက်မှာ တာမွေမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စွပ်စွဲ ဖမ်းဆီးခံရတဲ့ မစိုးစံသူရဲ့ မိသားပိုင်ဖြစ်တဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်က တိုက်ခန်းကိုလည်း တရားရုံးက သိမ်းဆည်းဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ မစိုးစံသူဟာ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှာတော့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။
Read more

စကမရဲ့ လက်နက်ကြီးကြောင့် စေတနာ့ဝန်ထမ်း မိသားစုဝင်များ သေဆုံး

အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ရွာဖြစ်စဉ်တွင် စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း ရံပုံငွေရှာဖွေရေး အသင်းဝင်တဦးရဲ့ မိသားစုများ ထိခိုက်သေဆုံးခဲ့တယ်လို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ဝမျှောင်ရွာကို စစ်ကော်မရှင်ရဲ့ နေဗီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်မှာ အသင်းဝင် မခင်ဆန်းမိုးရဲ့ မိခင်၊ တူမ နဲ့ အမဖြစ်သူတဦးတို့ သေဆုံးခဲ့ပြီး ကျန် အမတဦး နဲ့ ခဲအိုတော်စပ်သူတို့လည်း အသီးသီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ “ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အပြစ်မရှိတဲ့ အသင်းသူ မခင်ဆန်းမိုးရဲ့ မိသားစု ၃ ယောက် သေဆုံးပြီး မိသားစု ၂ ယောက် ဒဏ်ရာရခဲ့တဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်”  လို့လည်း အသင်းက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားသူမှာ အသက် ၅ နှစ်အရွယ် မခင်ထက်ထက်စိုး၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ဆန်းဝေ နဲ့ အသက် ၆၀ အရွယ် ဒေါ်မဝေချမ်းတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများမှာ အသက် ၄၂ နှစ်အရွယ် ဒေါ်ခင်ဆန်းလွင် နဲ့ အသက် ၄၄ နှစ်အရွယ် ဦးအောင်လင်းစိုးတို့ပဲ ဖြစ်ပါတယ်။ စစ်ကို စစ်နဲ့တူအောင် မတိုက်ပဲ ရက္ခိုင်ပြည်အတွင်းရှိ အပြစ်မဲ့ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့ပြ၊ စာသင်ကျောင်း၊ ဆေးရုံ၊ အလှူပွဲ၊ ပရဟိတသမား အစရှိတာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကိုလည်း စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း ရံပုံငွေရှာဖွေရေးအသင်း အနေနဲ့ ပြင်းထန်စွာ ကဲ့ရဲ့ရှုတ်ချ‌ပါတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Read more

အာဏာသိမ်းကာလအတွင်း နေအိမ်မီးရှို့ခံရမှု ရက္ခိုင်က စတုတ္ထနေရာရှိနေ

အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကော်မရှင် အာဏာသိမ်းထားတဲ့ ကာလအတွင်း နေအိမ်မီးရှို့ဖျက်ဆီးခံရမှုဟာ ရက္ခိုင်ပြည်က စတုတ္ထနေရာမှာ ရှိနေတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။ ရက္ခိုင်ပြည်က နေအိမ်မီးရှို့ဖျက်ဆီးခံရမှု စတုတ္ထအများဆုံးဖြစ်ပြီး နေအိမ် ၆၁၂၆ လုံး မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။ အာဏာစသိမ်းတဲ့ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လအထိ စာရင်းအရ စုစုပေါင်း နေအိမ် ၁၁၉,၄၁၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖေဖော်ဝါရီလ ၁၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကော်မရှင်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တိုင်းနဲ့ပြည်နယ်က အရပ်သားပြည်သူနေအိမ် ၁၁၅၅၆၈ လုံး ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းက နေအိမ် ၇၇၇၃၁ လုံး နဲ့ တနိုင်ငံလုံး အတိုင်းအတာရဲ့ ၆၅ ရာခိုင်နှုန်းနဲ့ ပထမ အများဆုံး၊ မကွေးတိုင်းဒေသကြီးက ၁၆၈၉၈ လုံးနဲ့ ဒုတိယအများဆုံးနဲ့ မန္တလေးတိုင်းဒေသကြီးက ၉၃၄၁ လုံးနဲ့ တတိယပျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒါအပြင် လက်ရှိ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဖေဖော်ဝါရီလ ၁၅ ရက်အထိ တလခွဲတာ ကာလအတွင်း ရက္ခိုင်ကို စစ်ကော်မရှင်က လေကြောင်းအသုံးပြုတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။ စစ်ကော်မရှင်ဟာ ရက္ခိုင်ကို အသေခံဒရုန်းတွေနဲ့ ပါရာမော်တာ အပါအဝင် ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေပြီး လသားအရွယ်ကလေးငယ်တွေအပါအဝင် စစ်သုံ့ပန်း မိသားစုဝင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၃၃ ဦး သေဆုံးပြီး ၅၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အပါအဝင် အဆောက်အဦး ၁၅ ခုထက်မနည်း မီးလောင်ပျက်စီးခဲ့ပါ​တယ်။ စစ်ကော်မရှင်တပ်တွေဟာ ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်တာ၊ ကျေးရွာအတွင်း အခြေချ တပ်စွဲပြီး နေအိမ်များကို မီးရှို့တာကို လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Read more

ရက္ခိုင်ကို ဘိလပ်မြေ တင်သွင်းသူ ၁၉ ဦး ကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်ကို ဘိလပ်မြေ တင်သွင်းသူ မွတ်ဆလင် ၁၉ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ ရက္ခိုင်ပြည်ကို စက်လှေနှစ်စီးနဲ့ တင်ပို့မယ့် ဘိလပ်မြေ အိတ် ၁၀၀၀ ကျော် ပါဝင်ပြီး ဂျင်း၊ ကုလားပဲ၊ ကြက်သွန်ဖြူနဲ့ အချိုရည်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်က ရက္ခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကြားရှိ စိန့်မာတင်မီးပြတိုက်ကနေ ၃၈ မိုင်ခန့်အကွာတွင် စက်လှေနှစ်စီးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ သိမ်းဆည်းရမိပစ္စည်းများနဲ့ ထိန်းသိမ်းခံထားရသူများကို ဥပဒေအရ ဆက်လက်အရေးယူရန်အတွက် ရေတပ်ရဲ့ ရှေ့တန်းအခြေစိုက်စခန်း St. Martin ကို လွှဲပြောင်းပေးလိုက်တယ်လို့လည်း သိရပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း ရက္ခိုင်ပြည်ကို ဘိလပ်မြေများ တင်သွင်းလာတဲ့ မွတ်ဆလင်ကုန်သည် ၁၁ ဦး ကိုလည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။
Read more

မွေးကင်းစကလေးငယ်တွေအတွက် နို့မှုန့်အာဟာရ တတိယအကြိမ်လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနေ မွေးကင်းစကလေးငယ်တွေအတွက် နို့မှုန့်အာဟာရကို တတိယအကြိမ်အဖြစ် အရွယ်စုံ Arakanese Ladies က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “ အရွယ်စုံ Arakanese Ladies က နို့မှုန့်လှူဒါန်းမှုကို တတိယအကြိမ်မြောက်အတွက် သိန်း (၂၀၀) ကျပ်ဖိုးကို ကျောက်ဖြူမြို့နယ်မှာ လှူဒါန်းခဲ့ပါတယ်”  လို့ အရွယ်စုံ Arakanese Ladies က ဆိုပါတယ်။ အရွယ်စုံ Arakanese Ladies အနေနဲ့ နို့မှုန်အာဟာရများကို မွေးကင်းစကနေ ၆ လသားအရွယ်အထိ အဓိကထားပြီး ထောက်ပံ့ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ “ ၂၀၂၆ မှာလည်း အသင်းဝင် အဟောင်းနဲ့အသစ်တို့ ပါဝင် လှူဒါန်းပေးဖို့ ဖိတ်ခေါ်ပါတယ်”  လို့ အရွယ်စုံ Arakanese Ladies က ဆိုပါတယ်။ အလားတူ အရွယ်စုံ Arakanese Ladies အနေနဲ့ ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်အတွက် သိန်း ၁၅၀ မတည်ခဲ့ပြီး စုစုပေါင်း အလှူငွေ သိန်း တထောင်ကျော်လည်း လှူဒါန်းခဲ့ပါသေးတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့ စောင်၊ မျက်နှာသုတ်ပုဝါ၊ အင်္ကျီ၊ ပုဆိုး နဲ့ ထမိန်တို့ကိုလည်း အလျင်းသင့်သလို့ လှူဒါန်းပေးနေတယ်လို့လည်း သိရပါတယ်။
Read more

ရက္ခိုင်ပြည်အနှံ့ ချင်းအမျိုးသားနေ့ ကျင်းပ

အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေများတွင် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ သံတွဲ၊ တောင်ကုတ်မှာလည်း လုပ်တယ်။ အဲဒီနေ့ကဆိုရင် လေယာဉ်တွေ တောက်လျောက်ဝဲနေတာ၊ ကြောက်ကြောက်နဲ့ပဲ လုပ်ကြတာပေါ့။ ဒီလို အခမ်းအနားနဲ့က မလုပ်တာကြာပြီလေ။ အခုတော့ ပြန်လုပ်ခွင့်ရလို့ ဝမ်းသာပျော်ရွှင်နေကြတယ်”  လို့ သံတွဲမြို့နယ်က ချင်းအမျိုးသားတဦးက ပြောပါတယ်။ ကျင်းပခဲ့တဲ့ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူများ၊ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက တာဝန်ရှိသူများ၊ ဒေသအုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးဆိုင်ရာနဲ့ ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အလားတူ ရက္ခိုင်ပြည် လေးမြို့ဒေသတွင်လည်း ပြည်သူ တထောင်ကျော်နဲ့ စည်ကားစွာ ကျင်းပြပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ အခမ်းအနားတွင် ချင်းအမျိုးသားအလံကို အလေးပြုချီတက်ခြင်း၊ ချင်းရိုးရာဝတ်စုံများနဲ့ အကအလှဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာဂီတ တီးခတ်ခြင်းများနဲ့ ယဉ်ကျေးမှုပြပွဲများလည်း ထည့်သွင်းကျင်းပခဲ့ပြီး ပွဲကိုတက်ရောက်လာကြတဲ့ ရွာသားများနဲ့ ဧည့်သည်များကို ထမင်းဟင်းများနဲ့ တည်ခင်းကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။ အာရက္ခတပ်တော်က ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာတွင် “ ချင်းနဲ့ ရက္ခိုင် သမိုင်းသစ်ရေးထိုးမယ်”  လို့ ထည့်သွင်း ဖော်ပြထားပါတယ်။
Read more

ရက္ခိုင်မှာ ဗိုလ်ချုပ်က သံတမန်ရေးကျွမ်းကျင်တဲ့အတွက် စိတ်ပူစရာမလိုလို့ ပြော

အာရက္ခတိုင်းမ်စ် (၂၁ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ရေး၊ သံတမန်ရေး ကျွမ်းကျင်တဲ့အတွက် အားလုံးနဲ့ ရင်းနှီးသင့်မြတ်တဲ့ ဆက်ဆံရေး မရှိမှာကို စိတ်ပူစရာ မလိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးခွန်းဆိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ၂၀၁၉
Read more