ဖေ‌ဖော်ဝါရီ 2026

မြောက်ဦးနဲ့ ကျောက်တော်ကို ဗုံးကြဲလို့ လသားအရွယ် ကလေးငယ်တဦးအပါအဝင် အနည်းဆုံး ၇ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၃ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကော်မရှင်က ရက္ခိုင်ပြည် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်ကို ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့က ည ၉ နာရီကျော်မှာ လာရောက်ဗုံးကြဲခဲ့လို့ ၃ လသားအရွယ် ကလေးငယ်တဦးအပါအဝင် အနည်းဆုံး ပြည်သူ ၇ ဦး‌ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ မနေ့ ပြည်ထောင်စုနေ့ ညနေ ၉ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကောင်စီလေတပ်ကနေပြီးတော့ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ကို ဗုံး ၂ လုံး ကြဲချခဲ့တယ်။ အဲဒီမှာ ထိခိုက်ဒဏ်ရာ ရတာကကျရင် ပွဲချင်းပြီး ၄ ဦး သေဆုံးပြီးတော့ ၉ ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကျနော်တို့ သိထားရတယ်”  လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်၊ ည ၉ နာရီ ၁၅ မိနစ်တွင် စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅ဝဝ ဗုံးများဖြင့် ကျောက်တော်မြို့၊ ပိုက်သည်ရပ် ရပ်ကွက်နှင့် မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်တို့ကို တပြိုင်တည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ “ နောက်တဖက်မှာကျရင် အဲ ၉ နာရီကျော်လောက်မှာပဲ ဒီ မြောက်ဦးမြို့ပေါ်က ဝေသာလီဟိုတယ်ရှိတဲ့ အရပ်ကို လာပြီးတော့ ပစ်ခတ်တာရှိတယ်။ အဲဒီထဲမှာ ခြံစောင့်လုပ်နေတဲ့ စစ်တွေမြို့ ဗျိုင်းဖြူရွာကနေ စစ်ဘေးရှောင်ရှင်း ခြံစောင့်လုပ်နေတဲ့ မိသားစုတစု ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ရှိတယ်။ အဲဒီထဲမှာ ထူးထူးခြားခြားအနေနဲ့ကျရင် ၃ လလောက်အရွယ်ရှိတဲ့ ကလေးလေး တဦး ပါဝင်သွားတယ်ဗျ။ ပြီးတော့ အဲ အနီးအနားပတ်ဝန်းကျင်မှာပဲ စစ်ရှောင်ပြည်သူတချို့လည်း သေတယ်လို့ ကျနော်တို့ သိထားရတယ်။ ဒါပေမယ့် တိတိကျကျကတော့ ကျနော်တို့ မသိရသေးဘူး”  လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ စစ်ကော်မရှင်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် ကိုဆန်းဝင်း၊ အသက် ၃၁ နှစ်အရွယ် ကိုညီချေ၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ စစ်‌ဘေးရှောင်နေတဲ့ အသက် ၆၁ နှစ်အရွယ် ဒေါ်မစောလှနဲ့ အသက် ၅၃ နှစ်အရွယ် ဒေါ်အေးနုတို့ သေဆုံးခဲ့ပါတယ်။ အခုလို့ ပြည်ထောင်စုနေ့ကိုတောင်မရှောင်ဘဲ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာဟာ တနည်းနည်းနဲ့ ဂျီနိုဆိုက် လုပ်နေတာလို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။ “ စစ်ကောင်စီက ဒီ ပြည်ထောင်စုနေ့ကိုတောင်မှ မရှောင်လွှဲနိုင်ဘဲနဲ့ ပြည်သူတွေကိုသတ်ဖြတ်တယ်ဆိုတော့ ဒီ ပြည်ထောင်စုကို ပျက်ရယ်ပြုတာလည်း ဖြစ်တယ်။ ပြီးတော့ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကလည်း ပီပြင်တယ်၊ ပြီးတော့ တခြားတဖက်မှာကောဆိုရင် ရက္ခိုင်ပြည်သူလူထုအပေါ်မှာကောဆိုရင် သူက အမှည့်ချွေချွေတဲ့ စနစ်မျိုးနဲ့ တနည်းနည်းနဲ့ ဂျီနိုဆိုက်လုပ်နေတယ်လို့ ပြောရင် ရတယ်”  လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် ည ၉ နာရီကျော်ကလည်း စစ်ကော်မရှင်က မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
Read more

ရက္ခိုင်ပြည်ဖွား ခမီလူမျိုးတဦး သေဆုံးမှုအပေါ် ဆက်လက်စုံစမ်းနေ

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်ဖွား ခမီလူမျိုး ဦးနေထွန်းလှ သေဆုံးမှုအပေါ် ဆက်လက်စုံစမ်းနေတယ်လို့ ထိုင်းနိုင်ငံရောက် ခမီအမျိုးသားရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။ သေဆုံးသူဟာ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း၊ မြင်းကပ်ကျေးရွာက ဦးနေထွန်းလှ ဖြစ်ပြီး သူဟာ ထိုင်းနိုင်ငံ၊ နခေါ့ပထုန်ခရိုင်၊ အုန်းနွဲစိုင်ဟနယ်မြေ၊ ဝေလစ်ခင် လမ်း (၃၀) ဂုန်နီအိတ်စက်ရုံကြီးအနီးမှာ ဇနီးဖြစ်သူနဲ့အတူ ဈေးဆိုင်ဖွင့်ထားတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်၊ နေ့လည် ၁၁ နာရီမှာတော့ ဦးနေထွန်းလှဟာ သူ့ရဲ့ ဆိုင်ခန်းမှာပဲ ဓားဒဏ်ရာနဲ့‌ သေဆုံးခဲ့တာဖြစ်ပြီး မတော်တဆ ချော်လဲရာမှ ကိုယ့်ကိုကိုယ် ဓားထိုးမိပြီး သေဆုံးတာဖြစ်‌ကြောင်း သူ့ရဲ့ ဇနီးဖြစ်သူက ဆိုထားတယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။ “ အခုလို ဖြစ်စဥ်မျိုး အရင်ကတော့ မရှိဖူးပါ။ မိသားစုအနေနဲ့ရော ကျနော်တို့အနေနဲ့ရော ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘယ်လိုသေဆုံးရတယ်ဆိုတဲ့ အမှုမှန်ကိုတော့ အတိအကျ သိချင်ပါတယ်။ အမျိုးသမီးကိုတော့ စစ်ဆေးတာတွေ ရှိပါတယ်။ အခုလောလောဆယ်တော့ အမှုမှန်ကို ရှာဖွေစစ်ဆေးနေဆဲပါ”  လို့  သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောခဲ့ပါတယ်။ အဆိုပါ အမှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေအပြင် ထိုင်းရောက် မြန်မာတိုင်းရင်းသားအသိုင်းအဝိုင်း၊ ရက္ခိုင်လူမျိုးများ၊ ခမီလူမျိုးအဖွဲ့အစည်းများက ဦးနေထွန်းလှရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ကြောင်း ယူဆသုံးသပ်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မိသားစုဝင်များက အမှုဖွင့်ထားပြီး သေဆုံးသူရဲ့  ဇနီးကိုတော့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့သလို အမှုကို  ထိုင်းရောက်အလုပ်သမားကူညီရေးအဖွဲ့ (AAC) က ဆက်လက် ကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read more

အဓမ္မ ပေါ်တာဆွဲ လူစုဆောင်းနေတဲ့ စကမက AA ဟာ စစ်မှုထမ်းရန် လူစု‌ဆောင်းနေတယ်လို့ စွပ်စွဲပြန်

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆) လူငယ်တွေကို အဓမ္မ ပေါ်တာဆွဲကာ လူစုဆောင်းနေတဲ့ စစ်ကော်မရှင်က AA ဟာ စစ်မှုထမ်းရန် လူစု‌ဆောင်းနေတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ PDF အဖွဲ့က အမျိုးသား ၁၆ ဦးဟာ လက်နက်၊ ခဲယမ်း‌တွေနဲ့အတူ  ဥပဒေဘောင်အတွင်းကို ဖေဖော်ဝါရီလ ၁၁ ရက်မှာ ဝင်ရောက်လာတာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ၁၆ ဦးဟာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ် ၊ ရေကြည်မြို့နယ် နဲ့ ပုသိမ်မြို့နယ်တွေကဖြစ်ပြီး ၎င်းတို့နဲ့အတူ ပါရှိလာတဲ့ မောင်းပြန် ရိုင်ဖယ် ၂ လက်၊ လက်ပစ်ဗုံး ၄ လုံး တို့ကိုလည်း လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့ဟာ ခရီးသွားရင်း အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး တပ်သားအဖြစ် အဓမ္မ စုဆောင်းခံရသူတွေဖြစ်ကာ စုဆောင်းခံရသူတွေ ထွက်ပြေးရင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က မိတဲ့အခါ ထောင်ချပြီး အာရက္ခတပ်တော် AA က မိတဲ့အခါ သတ်ခံရတယ်လို့ အဆိုပါ ဝင်ရောက်လာသူတဦးက ပြောဆိုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ ၁၆ ဦး ကို စစ်ကော်မရှင်ရဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နဲ့ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်တို့က လက်နက်၊ ခဲယမ်းများနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူတွေကို မောင်းပြန်ရိုင်ဖယ် ၁ လက်ကို ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းနဲ့ ၂ လက် အတွက် ငွေကျပ် သိန်း ၁၀၀၊ လက်ပစ်ဗုံး ၁ လုံးကို ဆုကြေးငွေကျပ် ၃ သိန်းနှုန်းနဲ့ ၄ လုံးအတွက် ငွေကျပ် ၁၂သိန်း အပြင် အလင်းဝင်ရောက်လာသူအားလုံးအတွက် တဦးကို ငွေကျပ် ၃ သိန်းနှုန်းနဲ့ ၁၆ ဦး အတွက် ဆုကြေးငွေကျပ် ၄၈ သိန်း၊ စုစုပေါင်းငွေကျပ် သိန်း ၁၆၀ ကို ပြန်လည်ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ အခုလို ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်‌ အာဏာသိမ်းပြီး နောက်ပိုင်းကစပြီး ဒီကနေ့အချိန်ထိ ရန်ကုန်လို မြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံတဝှမ်းရှိ မြို့နယ်၊ ကျေးရွာတွေက အမျိုးသားလူငယ်တွေကို အာဏာသိမ်း စစ်ကော်မရှင်က စာရင်းကောက်ခံပြီး အတင်းအဓမ္မ စစ်မှုထမ်းရန် စေခိုင်းတာ‌တွေ ရှိနေပါတယ်။ ဒါ့အပြင် လမ်းသွားလမ်းလာ လူငယ်တွေကိုလည်း ပေါ်တာဆွဲကာ ငွေညှစ်ပြီးပြန်လွှတ်ပေးတာရှိသလို ငွေကြေးမတတ်နိုင်တဲ့ လူငယ်တွေကို‌တော့ ရှေ့တန်းပို့ဆောင်တဲ့ ဖြစ်စဉ်တွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျက် ရှိနေဆဲ ဖြစ်ပါတယ်။
Read more

စကမက ရက္ခိုင်နဲ့ ကချင်ကို အစိုးရအဖွဲ့အတွင်း ဘယ်လိုနေရာပေးလာနိုင်လဲ

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကော်မရှင်ဟာ လာမယ့် အစိုးရသစ်အဖွဲ့အတွင်း ရက္ခိုင်နဲ့ ကချင်ကို ဘယ်လိုနေရာပေးလာနိုင်လဲ ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတွေအကြား သုံးသပ်မှု အမျိုးမျိုး ရှိနေကြပါတယ်။ ရက္ခိုင်ထဲက ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ကချင်ထဲက USDP ပါတီကနေ အမျိုးသားလွှတ်တော်နေရာ အနိုင်ရရှိခဲ့တဲ့ ဒေါ်ဒွဲဘူတို့ကို
Read more

မင်းပြားတွင် နီပါးရ်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနေ

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မင်းပြားခရိုင်တွင် နီပါးရ် (Nipah Virus) ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေနဲ့ လက်ကမ်းစာစောင်များကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။  အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နဲ့ ဌာနဆိုင်ရာများက တာဝန်ရှိသူများ ပူးပေါင်းပြီး နီပါးရ်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များကို လိုက်လံ ဖြန့်ဝေပေနေတာလည်း ဖြစ်ပါတယ်။ အလားတူ နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) ကြိုတင်ကာကွယ်ရေး သတိပေးးဆိုင်းဘုတ်များကိုလည်း လူအသွားအလာများတဲ့နေရာတွေမှာ စိုက်ထူထားတယ်လို့လည်း သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ရက္ခိုင်ပြည် မြိ့်နယ်အသီးသီး၊  ဒေသအသီးသီးရှိ ပြည်သူများ နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးများ ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။ နီပါးရ်(Nipah) ဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများ၊ DLEPS (ရဲတပ်ဖွဲ့) ဝင်များ၊HDCO ဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တာဝန်ရှိသူများ စုပေါင်းပြီး ဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအတွက် ကုသရန် ဆေးဝါးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးကာကွယ်ဖြစ်တယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပီးထုတ်ပြန်ထားပါတယ်။ နီပါးရ်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မိဘပြည်သူများအနေနဲ့ ပေါ့ပေါ့ဆဆ မနေထိုင်ကြရန်နဲ့ ရောဂါကူးစက် ပြန့်ပွားလာပါက အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက် သတိထားကြရန် လိုအပ်တယ်လို့လည်း သတိပေးထားတယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အနေနဲ့လည်း ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူများကို နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Read more

ကပစ ၁၆ ကို စကမက ထုတ်လုပ်မှုရပ်ခိုင်း၊ အသေခံခုခံရန် စစ်စခန်းလို ပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံကို နေပြည်တော်စစ်ရုံးကနေ ကုန်ထုတ်လုပ်မှု ရပ်ခိုင်းလိုက်ပြီး အသေခံ ခုခံတိုက်ခိုက်ရန် စစ်စခန်း ပြင်ဆင်ခိုင်းထားတယ်လို့ သိရပါတယ်။ “ ကပစ ၁၆ တခုလုံးကို ထုတ်လုပ်မှု ရပ်ဆိုင်းခိုင်းလိုက်ပြီ၊ AA က ကပစ ၁၆ နားက ကာကင်းစခန်း ၅ ခု ရပြီးတဲ့နောက်မှာ သူတို့က (စစ်ကော်မရှင်) အသေခံ ခုခံခိုင်းထားတယ်။ စစ်သားမိသားစုဝင်တွေကိုလည်း ပေးမသွားတော့ဘဲ အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်”  လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိပြီး ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်းအစပ်မှာ တည်ရှိတာကြောင့် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေအတွက် ရက္ခိုင်ကနေ အလယ်ပိုင်းကို ထိုးဖောက်ဖို့ လမ်းကြောင်းသစ်တခု ဖြစ်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။  စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။ “ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီဆိုတာက စကမ ပထမဆုံး ရင်ဆိုင်ရမှာက သူတို့တွေ လိုအပ်နေတဲ့ ခဲယမ်းထုတ်လုပ်မှု လျော့ကျသွားမယ်။ သေချာတာကတော့ ခဲယမ်းမီးကျောက် ထောက်ပံ့မှုကွင်းဆက်ကို ထိခိုက်တာပေါ့။ ကပစ (၁၆) ဟာ အခုအချိန်မှာ စက်ရုံထက် “ စစ်စခန်း”  တခုလို ပုံစံမျိုးနဲ့ အသေခံတိုက်ဖို့ ပြင်နေတာ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ပဲခူးရိုးမနဲ့ ရက္ခိုင်ရိုးမကို ဆက်သွယ်ထားတဲ့ ဒီလို ဗျူဟာကျတဲ့နေရာကို ဆက်လက်ထိုးစစ်ဆင်ဖို့ အလားအလာ အလွန်များနေပါတယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ စစ်ကော်မရှင်ဟာ ကပစ ၁၆ မကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူ ပြင်းပြင်းထန်ထန် အသုံးပြုလာနိုင်လို့ ကပစ ၁၆ အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ကြိုတင် တိမ်းရှောင်ကြဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။
Read more

ကန့်ဘလူက စကမ စခန်း ၄ ခုကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းတွေ ဖြစ်တဲ့ ကိုးတောင်ဘို့စခန်း အပါအဝင် စခန်း ၄ ခုကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ စခန်းတွေဟာ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးများ စခန်းဖြစ်တဲ့ ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင် နဲ့ အင်တိုင် စတဲ့ စခန်း ၄ ခု ပဲ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်က ၂၁ ရက်အတွင်း ကန့်ဘလူမြို့ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ ရွှေဘို- မြစ်ကြီးနားလမ်းပေါ်ရှိ ငှက်ပျောတိုင် ပျူစောထီးစခန်းနဲ့ တောင်ဘက် ၄ မိုင်ခန့်အကွာရှိ ပေကြီး ပျူစောထီးစခန်း တို့ကို စတင် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ ကျွန်းလှမြို့ အနောက်ဘက် ၁၆ မိုင်အကွာရှိ အင်တိုင်းရှိ စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း အမှတ် (၃၆၁) က စစ်သားများနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၈၀ ကျော်ရှိ စခန်းငယ်များကိုလည်း ဒီဇင်ဘာလ ၂၁ ရက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ ကန့်ဘလူမြို့မြောက်ဘက် မိုင် ၄၀ ခန့်အကွာ၊ ကောလင်းမြို့ တောင်ဘက် ၈ မိုင်ခန့်အကွာ ကိုးတောင်ဘို့ ပျူစောထီးစခန်းကို ဇန်နဝါရီ ၂၈ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင် ပူးပေါင်းတပ်က ၉၆ ဦး သေဆုံးပြီး ၃၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၁၀၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။၊ ဒါ့အပြင် လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်မျိုးစုံ ၂၄၆၅၂ တောင့်၊ ဗုံးသီးမျိုးစုံ ၅၃၀ လုံး၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိတယ်လို့လည်း အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ချက်အရ သိရပါတယ်။ အာရက္ခတပ်တော် (AA) နဲ့အတူ NUG လက်အောက်ခံတပ်ဖြစ်တဲ့ ကန့်ဘလူ၊ ကောလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ကန့်ဘလူခရိုင် (ပကဖ)၊ ကန့်ဘလူ၊ ခင်ဦး၊ ကျွန်းလှ၊ တန့်ဆည် စတဲ့ မြို့နယ် ပကဖများအပြင် ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Read more

“အမေရိကန်က ပုန်ကန်မှုနှိမ်နင်းရေးနဲ့ တည်ငြိမ်ရေးလုပ်ငန်းတွေကို အာရုံကျနေချိန်မှာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေဟာ အခြေခံအဆောက်အဦ၊ နည်းပညာနဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်”

■ အီရန်နဲ့ စစ်ခင်းမယ့်အကြံဟာ အမေရိကန်အတွက် ခြေလှမ်းအမှားလား ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန် ရေတပ်အင်အား တိုးလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဝါရှင်တန်ဟာ အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲတခု ဆင်နွှဲတော့မလားဆိုပြီး ခန့်မှန်းချက်တွေ ထွက်လာပါတယ်။ ဒီတခါတော့ အီရန်နဲ့ပေါ့။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုတွေကို အပြီးတိုင်ရပ်ဖို့၊ ဒုံးကျည်အစီအစဉ်တွေကို ထိန်းချုပ်ဖို့နဲ့
Read more

ကပစ (၁၆) အနီး ကာကင်း ၂ ခုကို AA ထပ်မံသိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၁ ​ဖေ​ဖော်ဝါရီ ၂၀၂၆) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ အနီးရှိ ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော်က ​ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ “ ဒီလဆန်းပိုင်းမှာ ထပ်သိမ်းလိုက်တာ တိုက်ပွဲက တောက်လျောက်ကို ပြင်းထန်နေတယ်။ နေ့တိုင်းကို ချနေတာ”  လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကော်မရှင်အနေနဲ့လည်း ကပစ ၁၆ မကျဆုံးစေရေးအတွက် လေယာဉ်နဲ့ ဒရုန်းတွေကို အသုံးပြုပြီး လေကြောင်းပစ်ကူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “ ပွိုင့်-၅၀၆ စခန်းကုန်းအထိ AA ရောက်လာတဲ့အတွက် မသုန်ရွာကြားမှာ ပွိုင့်-၃၅၃ စခန်းနဲ့ ပွိုင့်-၂၈၈ စခန်းနှစ်ခုသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်”  လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုခဲ့ပါတယ်။ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) ဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် မသုန်ရွာမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။ စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။ အာရက္ခတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ကပစ စခန်းတွေအတွက် အရေးပါတဲ့ ကပစ ၁၆ လက်အောက်ခံ ပွိုင့် ၆၆၆ စခန်းကုန်းကို ဇန်နဝါရီလ ၂၈ ရက်က ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။
Read more

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်ထားတဲ့ ကိုးတောင်ဘို့စခန်းကို စကမ စစ်ကြောင်းထိုး၊ စစ်ကြောင်းလိုက် ချေမှုန်းခံရ

အာရက္ခတိုင်းမ်စ် (၁၁ ဖေဖော်ဝါရီ ၂၀၂၆) အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းနဲ့ ကန့်ဘလူမြို့နယ်အစပ်က ကိုးတောင်ဘို့စခန်းကို စစ်ကော်မရှင်မှ ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကြောင်းထိုးလာခဲ့ပြီး စစ်ကြောင်းလိုက် ချေမှုန်းခံလိုက်ရတယ်လို့ သိရပါတယ်။ “ ကောလင်းကနေ အင်အား ၂၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတာကို တော်လှန်ရေးတပ်တွေက ဖြတ်တိုက်ကြတာ။ သူတို့ (စစ်ကော်မရှင်) ဖမ်းထားတဲ့ သုံ့ပန်းတွေရော လက်နက်တွေရော ရလိုက်တယ်။ သူတို့တော့ (စစ်ကော်မရှင်) တပ်လိုက်ပြုတ်သွားတယ်”  လို့ စစ်ကိုင်းတိုင်းရောက် တော်လှန်ရေးတပ်သားတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အဆိုပါ တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၇ ရက်က တနေကုန် ဖြစ်ပွားခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖက်က ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ကိုးတောင်ဘို့စခန်းကို ၄ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၃၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ကိုးတောင်ဘို့စခန်းတွင် စစ်ကော်မရှင်နဲ့ ဝါသဝရဲ့ ပျူစောထီးတပ်သား အင်အား ၂၀၀ ဝန်းကျင် အထိုင်ချထားတာဖြစ်ပြီး အာရက္ခတပ်တော်၊ ကောလင်းခရိုင်တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ပကဖနဲ့ KB2 ကန့်ဘလူတပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ကောလင်းမြို့နယ် အနောက်ပိုင်း ကျောက်ကာရွာအနီးတွင် စစ်ကော်မရှင်တပ်က တပ်ကြပ်ကြီးတဦးကို ​ဖေဖော်ဝါရီလ ၇ရက်မှာ တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးမိတယ်လို့ ကောလင်းတော်လှန်ရေး( Kawlin Revolution KR) က ထုတ်ပြန်ထားပါတယ်။
Read more