အာရက္ခရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်နေသူတွေကို အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီ

အာရက္ခရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်နေသူတွေကို အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီ

အာရက္ခတိုင်းမ်စ် (၁၂-အောက်တိုဘာ-၂၀၂၄)

အာရက္ခဒေသအတွင်းမှာရှိတဲ့ ရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်လာပြီး ငါးဖမ်းနေသူတွေကို အာရက္ခတပ်တော် က ဖမ်းဆီးကာ စတင်အရေးယူဆောင်ရွက်မှုတွေလုပ်နေပြီ ဖြစ်တယ်လို့ အာရက္ခတပ်တော် အေအေ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက် မနက် ၁၁ နာရီ ၄၃ မိနစ်က ဘင်္ဂလာ‌ဒေ့ရှ်နယ်စပ်အနီးမှာရှိသည့် အာရက္ခ ရေပိုင်နက် (နတ်မြစ်) အတွင်းကို ဝင်ရောက်ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီလိုဖမ်းဆီးခံရသူတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ကြတဲ့အသက် (၂၂) နှစ်အရွယ် Abdur Rahim ၊အသက် (၂၃)နှစ်အရွယ် Md Rasel Mia ၊အသက် (၁၇ )နှစ်အရွယ် Md Saiful Mia ၊အသက်(၁၉)နှစ်အရွယ် Borhan Uddin နဲ့ အသက် (၂၄) နှစ်အရွယ် Md Rashed တို့ ဖြစ်ကြပါတယ်။

အဲဒီရေလုပ်သား ၅ ဦးကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုပ်ထုံးလုပ်နည်း တွေ နဲ့အညီ လုံခြုံရေးအရ ခေါ်ယူစစ်ဆေးမေးမြန်းဖို့ ယာယီထိန်းသိမ်းခဲ့ပြီးနောက် နောက်နောင်မှာလည်း ဘင်္ဂလာဒေ့ရှ် – အာရက္ခ ရေပိုင်နက် နယ်စပ်မျဉ်း၊ တက္ကနာ – မောင်တော ရေပြင်နေရာတွေမှာ ယခုကဲ့သို့ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်း တာတွေ ထပ်မလုပ်ဖို့ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ အောက်တိုဘာလ (၉) ရက်၊ နေ့လည် (၁၂) နာရီ (၅၀) မိနစ်မှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Bangladesh-BGB) ရဲ့တာဝန်ရှိသူတွေ ထံကို ကောင်းမွန်စွာ လွဲပြောင်း အပ်နှံခဲ့တယ်လို့ ဆိုထားပါတယ်။

အာရက္ခတပ်တော်က ပြန်လည်အပ်နှံပေးခဲ့တာကိုလည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ (Border Guard Bangladesh-BGB) က တာဝန်ရှိသူတွေကလည်း သူတို့ နိုင်ငံသား (၅) ဦးကို ကောင်းမွန်စွာ လက်ခံရရှိခဲ့ပြီး ဖြစ်ကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အသိပေးထုတ်ပြန်ခဲ့တာလည်း ရှိခဲ့ပါတယ်။

အာရက္ခတပ်တော် အနေ နှင့် အခုလို ရေပိုင်အတွင်းကို ကျူးကျော်ဝင်ရောက်လာသူတွေ မုန်တိုင်းကြောင့် စက်လှေပျက်ကာ ဒါမှမဟုတ် စက်လှေတိမ်းမှောက်ကာ အာရက္ခရေပိုင်နက်ထဲကို ဆိုက်ကပ်ရောက်ရှိ လာခဲ့ကြတဲ့သူတွေကိုလည်း အချိန်မရွေးကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ပေးထားပြီး ဘင်္ဂလာဒေ့ရှ် အာဏာပိုင်တွေကို လွှဲပြောင်းအပ်နှံပေးခဲ့တဲ့ ဖြစ်ရပ်တချို့လည်း ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အာရက္ခစစ်သည်တော်တွေ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေ ဟာ အာရက္ခဒေသနေ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားဘက်လိုက်မှုမရှိဘဲ အသက်၊ အိုးအိမ်၊ စည်းစိမ် နဲ့ လုံခြုံရေးတို့ကို အထူးအလေးထားသလို နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နဲ့ နတ်မြစ်ကြောင်းတစ်လျှောက်က အကြမ်းဖက်သမားတွေ ခိုအောင်းကျက်စားနိုင်မှုမရှိစေရေးအတွက်ကိုလည်း ဒေသခံပြည်သူလူ ထုတွေ နဲ့ ပူးပေါင်းပြီး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်တဲ့ ဘူးသီးတောင်မြို့ နဲ့ လက်ကျန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ မောင်တောမြို့နယ်တွေမှာ အာရက္ခတပ်တော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်လှမ်းမမီနိုင်သေးတဲ့ နေရာတချို့မှာ ARSA၊ RSO နဲ့ ARA ကဲ့သို့ စစ်ကောင်စီ အကြမ်းဖက်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်တွေဟာ အပြစ်မဲ့ ဒေသခံလမ်းသွားလမ်းလာတွေ၊ ကုန်ရောင်းကုန်ဝယ်ပြုလုပ်နေသူတွေ၊ ဝမ်းရေးအတွက် ဟင်းစားရှာ ဖွေနေသူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ခြုံခိုတိုက်ခိုက်တာ ကို ခပ်စိပ်စိပ်ပြုလုပ်လာနေတာတွေလည်း ရှိနေတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

အဲဒီလို လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကိုလည်း အာရက္ခတပ်တော် အနေ နဲ့ ရှင်းလင်းဆောင်ရွက်တာ တွေကိုလည်းလုပ် ဆောင်နေတယ်လို့ လည်းဆိုထားပါတယ်။

ARSA၊ RSO နဲ့ ARA အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ နတ်မြစ်ကြောင်းတစ်လျှောက်က ငါးဖမ်းသမားတွေ အဖြစ်နဲ့ဟန်ဆောင်ပြီး အကြမ်းဖက်မှုတွေကိုလည်း ရံဖန်ရံခါ ပြုလုပ်ခဲ့တဲ့ သာဓကဖြစ်စဉ်များလည်း ရှိခဲ့သလို တစ်ဖက်မှာလည်း ဘင်္ဂလာဒေ့ရှ် – အာရက္ခ နယ်စပ် နဲ့ နတ်မြစ်တစ်လျှောက်က တရားမဝင် နယ်စပ်ဖြတ်ကျော်၊ ဝင်ရောက်၊ ခိုးဝင်၊ ခိုးထွက်နေတာတွေလည်း ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပြောဆိုထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

5 Comment

production company ဇန်နဝါရီ 5, 2026 - 11:21 မနက်

need a video? video production company in italy offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.

faamru ဇန်နဝါရီ 6, 2026 - 4:36 မနက်

Продажа тяговых https://faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу

ab-resurs ဇန်နဝါရီ 6, 2026 - 7:20 မနက်

Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

RobertBrory ဇန်နဝါရီ 7, 2026 - 1:40 ညနေ

Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

email rassylka 898 ဇန်နဝါရီ 20, 2026 - 3:35 မနက်

сервис бизнес рассылок email сервис рассылки

Add Comment