ပင်လယ်ဓါးပြတိုက်ခံထားရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၆ ဦး ကို AA ကယ်ထုတ်

ပင်လယ်ဓါးပြတိုက်ခံထားရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၆ ဦး ကို AA ကယ်ထုတ်

အာရက္ခတိုင်းမ်စ် (၁၅-အောက်တိုဘာ-၂၀၂၄)

လူအင်အား ၆၀ ခန့် ပါသော အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဘင်္ဂလားပင်လယ်အော်တွင် ငါးရှာထွက်လာသော ဘင်္ဂလားဒေ့ရှ် မော်တော်ဘုတ်တစ်စီးကို ဓါးပြတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် က အောက်တိုဘာလ ၁၄ ရက် က ထုတ်ပြန်ခဲ့ပါတယ်။

ပင်လယ်ဓါးပြအဖွဲ့မှာ မော်တော်ဘုတ် ၃ စီး ဖြင့် ငါးဖမ်းရန်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မော်တော်ဘုတ်တစ်စီးကို ဝိုင်းရံပိတ်ဆို့ပြီး လက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ်ရန် ခြိမ်းခြောက်ခဲ့တယ်လို့ AA က ဆိုပါတယ်။

အဆိုပါ ပင်လယ်ဓါးပြတိုက်ခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦး ကို အာရက္ခတပ်တော် ရဲ့ ကမ်းခြေစောင့် တပ်ဖွဲ့က အောက်တိုဘာလ ၇ ရက် တွင် ကယ်ထုတ်ပြီး အောက်တိုဘာလ ၁၄ ရက် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ဆိုပါတယ်။

ရက္ခိုင်ပြည် မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြေ မရောက်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦး မှာ ပင်လယ်ဓါးပြအဖွဲ့ရဲ့ အစာရေစာမကျွေးဘဲ နှစ်ရက်ခန့် ပိတ်လှောင်မှုကို ခံခဲ့ရပြီး ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်များအားလုံးကို ယူဆောင်သွားကြောင်း သိရပါတယ်။

ပင်လယ်ဓါးပြတိုက်ခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦး မှာ ကော့ဘာဇာခရိုင်၊ ကော့ဘာဇာမြို့၊ ပါဟားတူလီအစ္စလာမ်ပူ (ခ) ရှားဟာ့နိုရိုနော်ဂေါ် ကျေးရွာမှ (၁၄) ဦး၊ တိုင်ကာနာ၊ ဆားပြင်ပင်ဆိုးရီကျေးရွာမှ (၁) ဦး နှင့် ဖီးချားရီကကျေးရွာ မှ (၁) ဦးတို့ ဖြစ်ကြောင်း သိရပါတယ်။

Related posts

စစ်တွေမြို့အနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်နေ

မင်းတပ်မြို့သိမ်းတိုက်ပွဲကို AA ကူညီခဲ့ကြောင်း ချင်းညီနောင် ထုတ်ပြန်

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်