ပြင်ဆင်လိုက်သည့် ပို့ကုန်ရငွေ မူဝါဒတွင် ကြက်သွန် နှင့် သစ်သီးမျိုးစုံ ပါဝင်လာ
အာရက္ခတိုင်းမ်စ် (၂-နိုဝင်ဘာ-၂၀၂၄)
ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း၊ ဆန်နှင့် ဆန်ကွဲ၊ ကြံ စသည့် ပို့ကုန် ၈ မျိုး၏ ပို့ကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် ပေါက်ဈေးဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ထားရာမှ လက်ရှိတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် သစ်သီးမျိုးစုံ ပါဝင်လာသည်။
ဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ ပို့ကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်းကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ လဲလှယ်ကြရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုသို့ သတ်မှတ်လိုက်ခြင်းကြောင့် ကုန်သည်များ ကုန်ကျစရိတ် တက်လာနိုင်သည်ဟု မြင်းခြံကြက်သွန်ကုန်သည် ဦးကျော်သောင်းက ပြောသည်။
“စာထွက်လိုက်တယ်လေ မနေ့ကလားမသိဘူး။ ဒီ ၁ ရက်နေ့မှာ စပြီးတော့ သူက အကျုံးဝင်မှာ။ ကြက်သွန်ပါ ပါတယ်။ ဟိုတုန်းက ၃၆/၆၅ က သပ်သပ်၊ အခုဟာက ကြက်သွန်ကို ၂၅/၇၅ ။ ၂၅ ရာခိုင်နှုန်းကို သူတို့ဆီကို သွင်းရမယ်။ တရားဝင် သွင်းပြီးတော့ ဗဟိုဘဏ်ရဲ့ သတ်မှတ်ထားတဲ့နှုန်းနဲ့ လဲရမယ်။ အဲဒီစာက ထွက်ထားတယ်လေ။ အဲဒါက ဒီ ၁ ရက်နေ့မှာ စမယ်။ အဲဒီအတွက် စရိတ်တွေ မြင့်သွားမှာပေါ့။ သူတို့ဆီကို သွင်းရမယ့် ၂၅ ရာခိုင်နှုန်းက အပြင်ပေါက်ဈေးမှ မရတော့တာကိုး” ဟု ပြောသည်။
ပို့ကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေးဖြင့် လဲလှယ်ကြရမည် ဖြစ်သည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ကုန်သည်များက ကုန်စည်များကို ဈေးနှိမ့်၍ ဝယ်ယူလာမည်ဖြစ်ပြီး နောက်ဆုံးတွင် တောင်သူများ ရရှိသည့် ဈေးနှုန်း လျော့ကျသွားမည် ဖြစ်သည်။
ယင်းပို့ကုန်မူဝါဒ ပြောင်းလဲလိုက်သည့်အပေါ် လက်ရှိတွင် ကြက်သွန်ဈေးကွက်အတွင်း၌ ကြက်သွန်ဈေးနှုန်းများ ၁ ပိဿာ ၅၀၀ ကျပ် ကျဆင်းလာနေသည်ဟု ပခုက္ကူ ကြက်သွန်ကုန်သည် ဦးမင်းဇော်က ပြောသည်။
“၁ ပိဿာ ၂၀၀ နဲ့ ၄၀၀ ကြားတော့ တက်လာတယ်။ စရိတ်တွေက တက်လာတယ် အဲဒီဟာက တောင်သူတွေမှာ ပြန်ပြီးတော့ လျှော့ရတော့မှာပေါ့။ ဟိုဘက်မှာ ဒီစရိတ် တက်လို့ဆိုပြီးတော့ ဟိုဘက်မှာ ဈေးတက်ရောင်းလို့ မရဘူးလေ။ လက်တွေ့ပဲ အခု ဒီမှာ export ဈေးတွေ အကုန်လုံး ဝယ်ရတဲ့ ဈေးတွေ ၁ ပိဿာ ၅၀၀ ကျသွားပြီ ကြက်သွန်ဈေးက။ အခုလက်ရှိတင် နယ်မှာရော၊ export ရောင်းရတဲ့ဈေးရော ကျသွားပြီ။ အဲဒါကို ဘယ်သူခံရလဲဆိုတော့ တောင်သူခံရတာပဲလေ။ အခု တောင်သူတွေ လျှော့ရောင်းပေးနေရပြီလေ” ဟု ပြောသည်။
ပို့ကုန်ရငွေ မူဝါဒနှင့် ပတ်သက်၍ ၂၀၂၄ နှစ်စပိုင်းတွင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း၊ ဆန်နှင့် ဆန်ကွဲ၊ ကြံ စသည့် ကုန်စည် ၈ မျိုး၏ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်နှုန်းထားဖြင့် လဲလှယ်ရန် သတ်မှတ်ခဲ့သည်။
ထို့နောက် ဩဂုတ်လတွင် ပို့ကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်နှုန်းထား လဲလှယ်ရန် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယခု နိုဝင်ဘာလတွင် ကြက်သွန်နှင့် သစ်သီးမျိုးစုံ၏ ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်နှုန်းထားဖြင့် လဲလှယ်ကြရမည်ဟု ထပ်မံသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
7 Comment
the best adult generator ai chat for adults create erotic videos, images, and virtual characters. flexible settings, high quality, instant results, and easy operation right in your browser. the best features for porn generation.
лучшие сервисы рассылки сервисы для рассылок email российские с дизайном
compte melbet telecharger melbet apk
poker 1win 1win telecharger
цена квартир 2025 жк светский лес
Друг показал кракен ссылка актуальная которая всегда работает без блокировок
дизайн кухни в частном доме дизайн проект коттеджа