ကြံတစ်တန်ကို ငွေကျပ် ၂ သိန်းအထိ စံချိန်တင် ဈေးတိုးမြှင့်လာ
အာရက္ခတိုင်းမ်စ် (၅-နိုဝင်ဘာ-၂၀၂၄)
ပြီးခဲ့တဲ့နှစ်မှာ စက်ရုံအရောက် ကြံတစ်တန်ကို ငွေကျပ် ၁ သိန်းခွဲအထိသာ ရရှိခဲပေမယ့် ယခု ၂၀၂၄ – ၂၀၂၅ ကြံရာသီမှာတော့ ၂ သိန်းကျပ်အထိ စံချိန်တင် ဈေးနှုန်းတိုးပြီး သကြားစက်တွေက ဝယ်ယူလာကြပါတယ်။
နိုဝင်ဘာ ၂ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွှေညောင်မြို့နယ်မှာရှိတဲ့ မြဘုရင် သကြားစက်က ကြံတစ်တန်ကို ၂ သိန်းကျပ်နဲ့ ဝယ်ယူမယ်ဆိုပြီး ဈေးတန်းဖွင့်ခဲ့တာပါ။
မြဘုရင် သကြားစက် တည်ရှိတဲ့ ရွှေညောင်မြို့ အနီးတစ်ဝိုက်မှာ သကြားစက်ရုံ အများအပြား ရှိတဲ့အတွက် ကြံလိုအပ်ချက်ကြောင့် ဈေးပိုပေးပြီးတော့ ဝယ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက ပြောပါတယ်။
“စက်တစ်လုံးတည်းပဲ တရားဝင် ကြေညာသေးတာပါ။ မြဘုရင်က တောင်လေးလုံးလေ သကြားစက်။ တခြားစက်ရုံတွေက သူ့လောက်မပေးတောင်မှ သူ့လောက်နီးနီးပေါ့ ၁ သိန်း ၇ သောင်းတို့ ဘာတို့ ပေးလာနိုင်တာပေါ့၊ ပေးဖို့ များပါတယ်။ သူက မြဘုရင် နို့ဆီလုပ်ငန်းလေ။ သူကကျတော့ ကိုယ်တိုင် သကြားကို သုံးတယ်။ ဒီသကြားက သူ့စက်ရုံ နို့ဆီအတွက် ကုန်ကြမ်းလေ။ အဲဒီမှာ ပိုတဲ့ သကြားကို ဈေးကွက်ထဲ ရောင်းတာပေါ့။ အဲဒီဘက်ကလည်း ကြံကလည်း နည်းနည်း လုဝယ်ရတာလည်း ရှိတယ်။ စက်သေးသေးလေးတွေပေါ့နော် အဲဒါတွေ ရှိတော့ ကြံက သိပ်မပေါတော့ ဈေးပိုပေး ဝယ်ရတာပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မြဘုရင် သကြားစက်က တစ်နေ့ကို ကြံတန်ချိန် ၂ ထောင် ကြိတ်ခွဲနိုင်တဲ့ သကြားစက်ရုံလည်း ဖြစ်ပြီးတော့ မြဘုရင် သကြားနဲ့ နို့ဆီတွေကို ထုတ်လုပ်ပြီး ပိုလျှံတဲ့သကြားကို ဈေးကွက်ကို ဖြန့်တာလို့လည်း သိရပါတယ်။
နှစ်စဉ် နိုဝင်ဘာလကနေစပြီးတော့ သကြားစက်ရုံတွေ၊ ကြံတောင်သူတွေနဲ့ ကြံနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေ တွေ့ဆုံပြီးတော့ ကြံတစ်တန်ရဲ့ ဈေးနှုန်းကို သတ်မှတ်ကြတာဖြစ်ပြီး ယခု ကြံရာသီအတွက် ကြမ်းခင်းဈေးသည် ၁ သိန်း ၅ သောင်းကျပ်လို့လည်း သိရပါတယ်။
အဲဒီ ကြမ်းခင်းဈေးအပေါ် မူတည်ပြီးတော့ စက်ရုံတွေက သူတို့ရဲ့ လိုအပ်ချက်အလိုက် ဈေးတိုးပြီးတော့ ဝယ်ကြတာ ဖြစ်တယ်လို့ ကြံစိုက်တောင်သူ ဦးသီဟက ပြောပါတယ်။
“နိုဝင်ဘာလထဲဆိုရင် မြန်မာတပြည်လုံးမှာရှိတဲ့ သကြားစက်ရုံတွေရယ်၊ နောက် ကြံတောင်သူတွေရယ်ပေါ့နော်၊ နောက်ပြီးကျတော့ ကြံလုပ်ငန်းရှင်အသင်းပေါ့နော် အဲဒါတွေ တွေ့ပြီးတော့ ဘယ်စက်ရုံကတော့ ဘယ်နေ့က စလည်မယ်၊ ကြံဈေး ဘယ်လောက်ဖွင့်မယ်၊ ကြံတန်ချိန် ဘယ်လောက် ခန့်မှန်း ကြိတ်ဝါးမယ်၊ အဲဒါတွေ အဲဒီမှာ အဆိုပြုကြတာပေါ့။ အဲဒီတော့ သယ်ယူပို့ဆောင်ရေးအနေနဲ့ အခက်အခဲရှိတယ်၊ ဘယ်တံတားဖြတ်သန်းခက ဘယ်လောက်ပေးရတယ်၊ ဒီဟာတော့ အစိုးရက ကူညီဖြေရှင်းပေးပါ။ ဘယ်အတွက်ကတော့ ဒီဇယ်လိုအပ်တဲ့အတွက် ဒီဇယ် ရောင်းချပေးပါ။ ဒါမျိုးလေးတွေကို အဲဒီပွဲမှာ ဖြေရှင်းကြတာပေါ့။ ဈေးကတော့ သူကတော့ အနည်းဆုံး ကြမ်းခင်းဈေး တွက်ပြတာပေါ့နော်။ သကြားဈေး ဒီလောက်ရှိတဲ့အတွက် ကြံဈေးကတော့ အနည်းဆုံး ဒီလောက် သတ်မှတ်ပေးကြပါရန် သူတို့က ပြောတယ်။ အဲဒီလို ညှိနှိုင်းပေးလိုက်တော့ အဲဒီ ကြမ်းခင်းဈေးထက်တော့ မနည်းပါဘူး။ အဲဒီ အပေါ်မှာ စက်ရုံတွေက သူတို့ရဲ့ လိုအပ်ချက်အရ တိုးမြှင့်ပြီးတော့ ဝယ်ကြတာပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လုပ်သားစာရိတ်၊ စက်သုံးဆီဈေးနှုန်းနဲ့ ဓာတ်မြေဩဇာ စတဲ့ အထွေထွေ ကုန်ကျစာရိတ်တွေက တစ်နှစ်ထက် တစ်နှစ် တိုးမြင့်လာနေတာကြောင့် ကြံတစ်တန်ဈေးနှုန်းကလည်း တိုးလာရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်း သကြားဈေးနှုန်းသည်လည်း ကောင်းမွန်နေတာကြောင့် ကြံဈေးနှုန်းကို သကြားစက်ရုံတွေက တိုးမြှင့်ဝယ်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကြံကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကြံစိုက်ဧက ၅ သိန်းကျော်ရှိပါတယ်။
နှစ်စဉ် သကြားတန်ချိန် ၄ သိန်းခွဲကျော်ကို ထုတ်လုပ်နေပြီးတော့ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံကို တင်ပို့ကြပါတယ်။
3 Comment
Нужен проектор? http://projector24.ru большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.
Лучшее казино ап икс официальный играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.
Нашёл наконец kraken marketplace официальный адрес на проверенном информационном ресурсе