အာရက္ခတိုင်းမ်စ် (၁၆ ဒီဇင်ဘာ ၂၀၂၄)
တရုတ် နဲ့ အာရက္ခတပ်တော် (AA) ခေါင်းဆောင်တို့ ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်သူများက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သို့သော်လည်း အခြားတစ်ဖက်မှာ အာရက္ခတပ်တော်ဟာ တရုတ်နဲ့ တွေ့ဆုံခဲ့ပေမယ့် ရက္ခိုင်ပြည်အတွင်းက လက်ကျန်မြို့တွေကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နေတယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံမှုမှာ တိုက်ခိုက်နိုင်တဲ့ ဧရိယာတွေကို အကန့်အသတ် သဘောတူထားနိုင်ကြောင်း NCA ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
“AA ခေါင်းဆောင်တွေကို တရုတ်က ဒီဇင်ဘာ ၁ ရက်နေ့မှာ ခေါ်တွေ့ပြီးပါပြီ။ ခေါ်တွေ့ပြီးပြီဆိုတော့ AA အနေနဲ့ သူတိုက်နိုင်တဲ့ ဧရိယာနဲ့ ဒေသကို အကန့်အသတ်တော့ သဘောတူထားတယ်လို့ ယူဆပါတယ်။ မြောက်ပိုင်းမှာ စနေပြီ။ ပထမက မြောက်ပိုင်းအဖွဲ့တွေက ၁ ရက်နေ့မှာ တရုတ်နဲ့ AA နဲ့ တွေ့တယ်။ ၃ ရက်နေ့မှာ UWSA နဲ့ တရုတ်နဲ့ တွေ့တယ်။ ၅ ရက်နေ့မှာ ပလောင်နဲ့ တွေ့တယ်။ ၈ ရက် ၉ ရက်မှာ KIA နဲ့ တွေ့တယ်။ အခု ၁၅ ရက် မနေ့ကတော့ ကိုးကန့် MNDAA နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ နေပြည်တော်က ဗိုလ်ချုပ်ကြီး ၄ ဦး ၅ ဦးနဲ့ တွေ့တယ်”လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က မောင်တောမြို့ မြို့စောင့်တပ် နခခ ၅ ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သလို တောင်ကုတ်မြို့နယ် တစ်ခုလုံးကိုလည်း အာရက္ခတပ်တော်က ဒီဇင်ဘာ ၁၄ ရက်က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် လက်ရှိတွင် အမ်း နဲ့ ဂွမြို့ကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်ဘက်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တွေနဲ့ ကျောက်ဖြူကိုလည်း မကြာခင် စစ်ရေးအခြေအနေတွေ ရောက်လာနိုင်တယ် လို့လည်း ခန့်မှန်းထားကြပါတယ်။
သို့သော် လက်ရှိအနေအထားအရ စစ်တွေနဲ့ ကျောက်ဖြူတို့ဘက်ကို စစ်ရေး ကူး၊ မကူး ပြောဆိုရ ခက်ခဲကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“တစ်ဖက်ကလည်းပဲ အားသာသာနဲ့ ထိုးစစ်ဆင်နိုင်တယ်။ ထိုးစစ်ဆင်ရင် ဆင်သလိုပဲ အောင်မြင်မှုတွေလည်း ရနေတဲ့ ကာလတစ်ခုမှာ အမြင်တွေ သုံးသပ်မှုတွေကတော့ အမျိုးမျိုးရှိမှာပါ။ ကျနော်တို့ အနေနဲ့ကတော့ AA ဆိုတာကလည်းပဲ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တရုတ်နယ်စပ်နဲ့ နီးစပ်တဲ့ KIA စတင်ပြီးတော့ မွေးဖွားပြီးတော့ ကြီးပြင်းလာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ တရုတ်နဲ့ ပတ်သက်မှုပဲ ပြောပြော တရုတ်ရဲ့ လွှမ်းမိုးမှုပဲ ပြောပြော အဲဒါတွေက နက်ရှိုင်းမှုအနေနဲ့ ဘယ်လောက် ရှိမလဲဆိုတာ ကျနော်တို့အနေနဲ့ ပြောဖို့ ခက်ပါတယ်။ သို့သော်လည်း လက်ရှိ သူတို့ စစ်ဆင်နေတဲ့ ဒေသက တရုတ်နဲ့ အလှမ်းဝေးပါတယ်”လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့က ကျရောက်တဲ့ နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ် (ရက္ခိုင်ပြည်) နေ့ အခမ်းအနားကို စစ်ကောင်စီ ဥက္ကဋ္ဌ မှ သ၀ဏ်လွှာပေးပို့ခဲ့ပြီး လက်နက်ကိုင်နည်းလမ်းဖြင့် မိမိတို့ လိုလားချက်ကို တောင်းဆိုလို့ မရဘဲ နိုင်ငံရေးစားပွဲ၀ိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ နည်းဖြင့် ပဋိပက္ခများကို ပြေလည်စေမယ်လို့ ပြောဆိုထားပါတယ်။
ရက္ခိုင်ပြည်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲမှာ ပိုမိုပြင်းထန်လာနေပြီး အာရက္ခတပ်တော်ဘက်မှ သိမ်းပိုက်ထားတဲ့ နယ်မြေ စုစုပေါင်း ၁၃ မြို့နယ်အထိ ရှိလာပါပြီ။
8 Comment
Нужен проектор? projector24.ru/ большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.
проектор цена магазин проекторов в Москве
однокомнатная квартира жк светский лес сочи
химчистка обуви от запаха химчистка обуви цена
Играешь в казино? ап х Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.
Лучшее казино ап икс играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.
толщина вытяжных заклепок заклепка алюм вытяжная
дизайн гостиной в доме дизайн двухэтажного коттеджа