မင်းတပ်မြို့သိမ်းတိုက်ပွဲကို AA ကူညီခဲ့ကြောင်း ချင်းညီနောင် ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၄)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွက် AA က ကူညီခဲ့ကြောင်း ချင်းညီနောင် (CHIN BROTHERHOOD) က မနေ့က (၂၂ ဒီဇင်ဘာ) ထုတ်ပြန်ခဲ့ပါတယ်။

“ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် အာရက္ခတပ်တော် (AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံညဏ်များနှင့် လိုအပ်သောအကူအညီများကို ပံ့ပိုးကူညီခဲ့ပါသည်” လို့ ချင်းညီနောင်အဖွဲ့က ဆိုပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် နဲ့ Yaw Defense Force (YDF)၊ Yaw Army (YA) နဲ့ ပြည်သူကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း(၃)တို့ပူးပေါင်းပြီး ဆင်နွှဲခဲ့ကြောင်း သိရပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီမှ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

ချင်းပြည်နယ်က မင်းတပ်မြို့ရှိ အမှတ် (၂၇၄) ခြေလျင်တပ်ရင်းကို ဒီဇင်ဘာ ၂၁ရက်က အပြီးသိမ်းပိုက်နိုင်ပြီး မင်းတပ်မြို့နယ် တစ်ခုလုံးကို ချင်းညီနောင်အဖွဲ့က အပြည့်အဝထိန်းချုပ်နိုင်တာလည်း ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

4 Comment

production company ဇန်နဝါရီ 5, 2026 - 11:06 မနက်

need a video? rome production company offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.

IrvingSkymn ဇန်နဝါရီ 26, 2026 - 12:26 မနက်

химчистка обуви недорого химчистка обуви

vytyazhnye zaklepki 62 ဖေ‌ဖော်ဝါရီ 2, 2026 - 7:47 မနက်

заклепка вытяжная 10 заклепка вытяжная глухая

WilliamTRURB ဖေ‌ဖော်ဝါရီ 4, 2026 - 4:57 ညနေ

дизайн интерьера дома дизайн коттеджа заказать проект

Add Comment