အာရက္ခတိုင်းမ်စ် (၁၂ ဇန်နဝါရီ ၂၀၂၅)
အာရက္ခတပ်တော်အနေနဲ့ နေပြည်တော်အထိ သိမ်းပိုက် တိုက်ခိုက်မယ်ဆိုပြီး ပြောဆိုထားတဲ့အတွက် မြစ်ဝကျွန်းပေါ်မှာ စစ်ရေးနဲ့ နယ်မြေစိုးမိုးမှုတွေလုပ်ပြီး နေပြည်တော်ကို ချီတက်လိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“စစ်တွေတော့ ဆင်လိမ့်မယ် ထင်ပါတယ်။ မာန်အောင်ဆိုတာက ပင်လယ်ထဲမှာရှိတဲ့ ကျွန်း။ ရေတပ်မရှိရင် သူက မရဘူး။ ကျောက်ဖြူကတော့ တိုက်လို့ရပါတယ် ဒါပေမယ့် တရုတ်အကျိုးစီးပွားတွေရှိနေလို မထိခိုက်စေချင်လို မတိုက်သေးတာ။ စစ်တွေကို တိုက်လိမ့်မယ်ထင်ပါတယ် ကျနော်ထင်တာတော့။ နေပြည်တော်နဲ့ ရွှေသောင်ယံနဲ့ ကတော့ ဝေးပါသေးတယ်။ ဘာလိုဆို မြစ်ဝကျွန်းပေါ်တစ်ခုလုံးခံနေတာ။ မြစ်ဝကျွန်းပေါ်မှာ စစ်ရေး လှုပ်ရှားမှုတွေနဲ့ နယ်မြေစိုးမိုးမှုတွေလုပ်ပြီးတော့မှ နေပြည်တော်ကို ချီတက်မှာဖြစ်ပါတယ်” လို့ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်က ပလက်ဝအပါအဝင် မြို့နယ် ၁၅ ခုကို သိမ်းပိုက်နိုင်ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အာရက္ခတပ်တော်ဘက်က လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးနဲ့ ဖြေရှင်းတာထက် နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အမြဲအသင့်ရှိကြောင်း ပါရှိပါတယ်။
အဲဒီနောက် ရက္ခိုင်ပြည်ထဲကို စစ်ကောင်စီဘက်က ဒီနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြန်လည် စတင် လာခဲ့တာပါ။
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကို ဇန်နဝါရီ ၈ ရက်နေ့က လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး အရပ်သားပြည်သူ ၂၆ ဦး သေဆုံးခဲ့ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တွေမြို့ကနေ စစ်ကောင်စီရဲ့ လက်နက်နဲ့ ပစ်ခတ်သံကို ကြားရတယ်လို့ ဒေသခံက ပြောပါတယ်။
“မနေ့က စစ်တွေ မြို့စွန်ပေါ့ နယ်ဘက်လို့ ပြောရမှာပေါ့။ အဲဒီဘက်မှာတွေမှာ နေ့ခင်းကတည်းက လက်နက်သံတွေ ကြားရတယ်။ ဘယ်ကို ပစ်နေလဲတော့ မသိဘူး အသံတိုးတိုး တိုးတိုး ခြိမ်းခြိမ်း ဆိုတဲ့ အသံမျိုး ကြားရတယ်။ အကျယ်ကြီး ကြားရတာတော့ မဟုတ်ဘူး မြို့ပေါ်က ပစ်နေတာ မဟုတ်ဘူး။ မြို့ပြင်က ပစ်နေတာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်နားနေတာဟာ ကာလတစ်ပိုင်း အသက်ရှူချောင်အောင် လုပ်နေခြင်းဖြစ်ကြောင်း၊ ပြီးရင် ပြန်ဆက်တိုက်မှာဖြစ်ကြောင်း သုံးသပ်ကြပါတယ်။
ဒါကြောင့် ၂၀၂၅ ခုနှစ်တွင် တိုက်ပွဲတွေဟာ ဆက်လာမှာဖြစ်ကြောင်း မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“ကာလတစ်ပိုင်းလေး အသက်ရှူချောင်အောင်လုပ်ပြီး ပြီးရင် ပြန်ဆက်တိုက်မှာပဲ။ ၂၀၂၅ ကတော့ တိုက်ပွဲတွေ ဆက်လာမှာပါပဲ။ ဧရာဝတီအထိ ရောက်လာမှာပါပဲ။ သူပြောထာပြီးပြီပဲ ရက္ခိုင်ပြည် ရရှိရေး။ ဒါကို ကွန်ဖက်ဒရယ်အဆင့်အထိ ရောက်အောင်လုပ်မယ်ဆိုတာ ပြောထားပြီးပြီပဲ။ ပြည့်ဝအောင် လုပ်မှာပေါ့။ ဒီလိုပြောလို့ ဧရာဝတီတိုင်းတို့ ဘာတို့ မတိုက်ဘူးလို့ မပြောနိုင်ဘူး။ ဥပမာ စစ်တွေက သိပ်မာရင် တိုက်ရမှာ သူတို့အတွက် အခက်အခဲရှိမယ်ဆိုရင် တခြားနည်းလမ်းတွေ ရှာပြီး တိုက်မှာပေါ့။ ဖြေးဖြေးချင်းကလည်း နောက် တဖြေးဖြေး သူတို့လက်ထဲ ရောက်လာမယ့်ပုံပါပဲ။ ဘာလို့ဆို စစ်တပ်က ဒီထက်ပိုပြီး ပြင်းထန်နိုင်တဲ့ အားမရှိဘူး” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
၂၀၂၅ ခုနှစ်မှာ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသများမှာ လေကြောင်းတိုက်ခိုက်မှုတွေပိုမိုပြုလုပ်လာနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ကြည်းတပ်ဟာ အင်အားချိနဲ့နေပြီး ရေတပ်ဟာလည်း ရေကြောင်းရှိတဲ့ နေရာတွေမှာပဲ တိုက်ခိုက်လို့ရတာဖြစ်ပြီး စစ်ကောင်စီမှာ အားကိုးစရာဟာ လေကြောင်းတစ်ခုပဲရှိတဲ့အတွက် ၂၀၂၅ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။
6 Comment
ремонт ванной комнаты плитка ремонт ванны цена
Need a multimedia system? equipment of assembly halls We integrate multimedia systems for home and business. We install and configure audio and video systems, manage content, and integrate equipment into a single system. Modern solutions for comfortable and efficient use of technology.
Подробности внутри: https://l-parfum.ru/sections/160/
дизайн проект дома под ключ дизайн интерьера частного дома цена
Текущие рекомендации: https://forum.codeigniter.com/member.php?action=profile&uid=206061
дизайн интерьера для квартиры дизайн проект квартиры для ремонта