အာရက္ခတိုင်းမ်စ် (၃၁ မတ် ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကုန်ဘွေရွာကို ဒီနေ့ နေ့လည်ပိုင်းက စစ်ကောင်စီ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဆရာတော် ၁ ပါး နဲ့ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ဆရာတော် ၁ ပါး ကိုရင် ၁ ပါး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဝါးနက်ချွိန်ရွာနားမှာ ဆိုက်ထားတဲ့ နေဗီကနေပြီးတော့ လက်နက်ကြီး ၃ လုံး ပစ်တာ၊ ဘုန်းကြီးကျောင်း ဓမ္မာရုံရှေ့ကို ၁ လုံး၊ အောင်မင်္ဂလာရပ်ကွက်ကို ၁ လုံး နဲ့ လမ်းမကြီးထက်မှာ ၁ လုံး ကျတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ နေဗီကနေ ပစ်ခတ်မှုကြောင့် အရှင်အာဒိစ္စ (သက်တော် ၃၂ နှစ်) ပျံလွန်ခဲ့ပြီး ဦးဘဂျမ်း (၃၀ နှစ်) သေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကတော့ အရှင်ဇနိတ (သက်တော် ၇၄ နှစ်)၊ အရှင်ဓမ္မာနန္ဒ (၁၂ နှစ်)၊ ဦးမောင်ထွန်းမြ (၄၅ နှစ်)၊ ဒေါ်သန်းသန်းအေး (၅၀ နှစ်)၊ ဒေါ်ဖြိုးဖြိုးဝင်း (၃၁ နှစ်)၊ ဒေါ်သိန်းဟန်နု (၅၅ နှစ်) နဲ့ မခင်မြအေး (၁၆ နှစ်) တို့ပဲ ဖြစ်ပါတယ်။
“ ဒီလောက် ငလျင်လှုပ်လို့ တိုင်းပြည်မှာ အပူသောကတွေ ဝေနေတဲ့အချိန်မှာတောင် လူစိတ်မရှိကြဘူး။ ဒီလူယုတ်မာတွေကို အမြန်အမြစ်ဖြုတ်ဖို့ လိုနေပြီ” လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ ကျောက်ဖြူမြို့ မဆုံးရှုံးစေရေးအတွက် ခုခံစစ်ပြင်နေပြီး စစ်ရေးအရ ရှုံးနိမ့်နေတာကြောင့် အပစ်မဲ့ အရပ်သားပြည်သူတွေ ရှိနေရာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
စစ်ကောင်စီဟာ ကျောက်ဖြူမြို့နယ် ဦးဂင်းရွာကို မတ် ၆ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အိမ်ခြေ ၁၇ဝ ကျော်ရှိပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
ဒဏ်ရာရ ဓာတ်ပုံများကို t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။
5 Comment
need a video? video production agency in italy offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.
Продажа тяговых https://faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу
Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Официальный доступ к площадке кракен вход с максимальной безопасностью и шифрованием всех данных пользователей
Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России