အာရက္ခတိုင်းမ်စ် (၂၃ ဧပြီ ၂၀၂၅)
ယခုနှစ် နွေစပါးစိုက်တောင်သူတွေဟာ စပါးရောင်းရတဲ့ငွေတွေကို လက်ငင်းမရကြဘူးလို့ သိရပါတယ်။
စပါးရောင်းချရာမှာ စပါးရောင်းရငွေတွေကို ၁၅ ရက်၊ ၁ ဆိုင်းပြီးမှသာ ရကြပြီး စပါးကောင်းတွေကိုသာ ကုန်သည်ပွဲစားတွေက ဝယ်ကြတာ ဖြစ်ပါတယ်။
ယခုနှစ်မှာ နွေစပါးတွေဟာ အချိန်အခါမဟုတ် မိုးရွာသွန်းတာကြောင့် စပါးတွေ ရေစိုပျက်စီးပြီး အရည်အသွေးညံ့တာကြောင့် စျေးနှိမ်ပြီး ဝယ်ကြကြောင်း၊ လက်ရှိမှာ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က စပါးစိုက်တောင်သူ ဦးအေးနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ လောလောဆယ်တော့ စပါးရောင်းတဲ့ပိုက်ဆံတွေတော့ မရှင်းနိုင်သေးဘူး။ တချို့ကျတော့လည်း လက်ငင်းနဲ့၊ တချို့ကျတော့လည်း ရက်ချိန်းပေးတာပေါ့။ တချို့ကျတော့လည်း ၁၅ ရက်၊ တချို့ကျတော့ ၁ လ ကိုးသီတင်း စောင့်ရတာပေါ့။ အရင်တုန်းကတော့ အဲဒီလိုမဟုတ်ဘူး။ အခုကတော့ စပါးကလည်း မိုးမိတော့ ညံ့တယ်။ နောက်တခါ ဈေးကမကောင်းတဲ့အခါကျတော့ ဝယ်တဲ့သူက မဝယ်ကျဘူးလေ။ ဝယ်တာတောင် စပါးကောင်းပဲ ဝယ်တယ်။ ရောင်းချင်တဲ့သူရောင်း၊ ပိုက်ဆံထားခဲ့ရမယ်၊ ၁၀ ရက် စောင့်ရမယ် အဲဒီလို။ လယ်သမားကလည်း ထားခဲ့ရတာပေါ့ ဘယ်လိုတတ်နိုင်မှာလဲ” လို့ ပြောပါတယ်။
ယခုနှစ် နွေစပါးစိုက်ပျိုးရာမှာ စိုက်ပျိုးစရိတ်က ယခင်နှစ်ထက်ကို ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပေမယ့် စပါးဈေးက ပြီးခဲ့တဲ့နှစ်ထက် ၄၀ ရာခိုင်နှုန်း လျော့ကျနေတယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ စပါးတင်း ၁၀၀ ကို ၁၈ သိန်းရပေမယ့် ဒီနှစ်မှာ ၁၁ သိန်းသာ ရပြီး အရောင်းမသွက်ဘူးလို့ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ မနှစ်က ဒီဇယ်ဈေးနဲ့ ဒီနှစ် ဒီဇယ်ဈေး ဒီနှစ်က ပိုများတယ်။ မနှစ်က မြေဩဇာဈေးနဲ့ ဒီနှစ် မြေဩဇာဈေးက ဈေးတက်တယ်။ မနှစ်က အလုပ်သမားစရိတ်နဲ့ ဒီနှစ် အလုပ်သမားစရိတ်က မနှစ်က ၁ သောင်း၊ ၁ သောင်းခွဲပဲ ရှိတယ်။ ဒီနှစ်က ၂ သောင်းခွဲ၊ ၂ သောင်း ရှိတယ်။ အဲဒီတော့ ၂၅ ရာခိုင်နှုန်းလောက်ပေါ့။ အရာအားလုံး ၂၅ ရာခိုင်နှုန်းလောက် မနှစ်ကဈေးထက် ပိုပြီးတော့ ကုန်ကျတယ်။ စပါးဈေးကျတော့ မနှစ်က ၁၈ သိန်း ရောင်းရတယ်။ အခုက ၁၁ သိန်း ရှိတယ်။ ၁၁ သိန်းဝန်းကျင် အရောင်းမသွက်ဘူး၊ လက်ငင်းမရဘူး။ ၁ လဆိုင်း ရောင်းရတယ်။ ၁၅ ရက်ဆိုင်း ရောင်းရတယ်။ အဲဒါ အစောဆုံးပဲ။ အဲဒီလိုမျိုးဖြစ်နေတော့ ထွက်လာတဲ့ပစ္စည်း အနည်းဆုံး ၄၀ ရာခိုင်နှုန်း လျော့သွားတယ်။ ၄၀ ရာခိုင်နှုန်း ဈေးက ကျသွားတယ်။ ကုန်ကျစရိတ်က ၂၅ ရာခိုင်နှုန်း ပိုလာတယ်” လို့ ပြောပါတယ်။
လာမယ့် မိုးတွင်းကာလဖြစ်တဲ့ ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာ စပါးတွေ ဈေးနှုန်းမြင့်တက်လေ့ရှိပေမယ့် အဲဒီကာလအထိ စပါးကို သိုလှောင်နိုင်တဲ့အင်အား တောင်သူ ၉၅ ရာခိုင်နှုန်းကျော်မှာ မရှိတာကြောင့် တောင်သူတွေအနေနဲ့ ဈေးကောင်းကို ခံစားကြရမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ နွေစပါးအများဆုံး စိုက်ပျိုးရာ ဧရာဝတီတိုင်းမှာ နှစ်စဉ် ဧက ၁ ဒသမ ၇ သန်းကျော် စိုက်ပျိုးပြီး စပါးတန်ချိန် ၄ သန်းနီးပါးကို ထုတ်လုပ်ပေးလျက် ရှိပါတယ်။
6 Comment
Sprawdz poradnik [url=https://jaka-kamera-do-drona-fpv.neocities.org/]polecana kamera fpv na start[/url], jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Kamery z wysoka czuloscia matrycy lepiej radza sobie przy niedostatecznym oswietleniu.
раскрутка сайта москва [url=https://prodvizhenie-sajtov-v-moskve16.ru/]раскрутка сайта москва[/url] .
интернет раскрутка [url=https://prodvizhenie-sajtov-v-moskve16.ru/]prodvizhenie-sajtov-v-moskve16.ru[/url] .
оптимизация сайта франция цена [url=https://prodvizhenie-sajtov-v-moskve16.ru/]prodvizhenie-sajtov-v-moskve16.ru[/url] .
Здесь доступны как классические игровые автоматы, так и современные видеослоты.
[url=https://7v4.casino/]Casino Pinco[/url]
Casino Pinco предлагает честную игру и прозрачные правила.
https://diletant.media/bitrix/click.php?goto=https://www.bitchute.com/channel/CPTxS9x3V2jE