ရက္ခိုင်မှာ မူဆလင်အတွက် နယ်မြေတောင်းဆိုမှု တရုတ်ရဲ့ သဘောထားဘယ်လိုရှိနိုင်လဲ

အာရက္ခတိုင်းမ်စ် ( ၃၀ ဧပြီလ ၂၀၂၅)

မူဆလင်အများစုနေထိုင်တဲ့ ရက္ခိုင်ပြည် မြောက်ပိုင်းတွင် မူဆလင်တွေအတွက် သီးခြား လွတ်လပ်တဲ့ ကိုယ်ပိုင်နယ်မြေတစ်ခု ဖြစ်ပေါ်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံက အတိုက်အခံအင်အားကြီးပါတီ Jamaat-e-Islami နဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ တွေ့ဆုံစဉ် ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

Jamaat-e-Islami ပါတီက မူဆလင်လူမျိုးရေးမှာ အစွန်းရောက်တဲ့ပါတီတစ်ခုဖြစ်ပြီး အခုလို သီးခြားလွတ်လပ်တဲ့ ကိုယ်ပိုင်နယ်မြေပေးဖို့ တောင်းဆိုမှုဟာ နယ်မြေပိုမို ရရှိစေဖို့ တရုတ်ကို အကူအညီတောင်းတာ ဖြစ်နိုင်တယ် လို့ ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ပထမပိုင်းအနေနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ရခိုင်အမျိုးသားပါတီနဲ့က အင်မတန် ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိတယ်။ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဘူးဆိုတဲ့ မူဝါဒကို ခိုင်ခိုင်မာမာထုတ်ပြန်ပြီး ကျင့်သုံးလိုက်နာနေတယ်ဆိုတဲ့သဘောထား မူဝါဒ။ အဲဒါကြောင့် ဒီသတင်းတက်လာတဲ့အခါ တရုတ်ကွန်မြူနစ် ပါတီကို ဂျာမတ်အီ အစ္စလာမ်ပါတီကတော့ သူတို့အမြင်ကို ပြောတယ်လို့ပဲမြင်ပါတယ်။ ဒီပါတီဟာ ဘင်္ဂါလီ လူမျိုးရေးအစွန်းရောက်ပါတီတစ်ခုဖြစ်တယ်လို့ ကြားသိထားတယ်။ အဲဒါကြောင့် သူတို့ကတော့ နိုင်ငံရေးအရ သူတို့နယ်မြေ ပိုပြီးတော့ ဆက်စပ်မှုတွေ ရရှိနိုင်ဖို့အတွက် ဒီလိုဆုံးဖြတ်ပြီးတော့မှ ရက္ခိုင်ပြည်မြောက်ပိုင်းမှာ သီးခြားလွတ်လပ်တဲ့ ဘင်္ဂါလီနယ်မြေတစ်ခုကို ဖန်တီးပေးဖို့အတွက် တရုတ်ပြည်ကို အကူအညီတောင်းတယ် လို့မြင်တယ်။ ဒါပေမယ့် ကျ‌နော်တို့ ပြတ်ပြတ်သားသားယုံကြည်တာကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရော၊ တရုတ်ကွန်မြူနစ်ပါတီကရော ခိုင်မာတဲ့နိုင်ငံခြားရေးမူဝါဒအရ သူတစ်ပါးနိုင်ငံရဲ့ ပြည်တွင်းရေးကို ဘယ်လို နည်းနဲ့မှ ဝင်ရောက်စွက်ဖက်မှုလုပ်မှာမဟုတ်ဘူးဆိုတာ ကျနော်တို့ ရက္ခိုင်အမျိုးသားပါတီအနေနဲ့ ခိုင်ခိုင်မာမာ လက်ခံယုံကြည်ထားပါတယ်” လို့ သူက ပြောပါတယ်။

ဧပြီလ ၂၇ ရက်နေ့ ဒါကာမြို့၊ စီတီဟိုတယ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း တရုတ်ပြည်ကွန်မြူနစ်ပါတီ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် Jamaat-e-Islami ပါတီက မူဆလင်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆွေးနွေးမှုမှာ ရက္ခိုင်ပြည်အတွင်း သီးခြားလွတ်လပ်တဲ့ ကိုယ်ပိုင်ပြည်နယ်တစ်ခု မူဆလင်တွေအတွက် ထူထောင်ဖို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် ပါတီရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာဟ် မိုဟာမက် တာဟေရ်က တရုတ်နိုင်ငံဟာ မြန်မာ့အရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိတယ်လို့ ပြောကြားထားပါသေးတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာတဲ့ မူဆလင် ၁ သန်းကျော်ကို လက်ခံထားကြောင်း၊ အဲဒီမူဆလင်တွေအတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ အကူအညီပေးရုံနဲ့ ရိုဟင်ဂျာအရေးဟာ ပြေလည်နိုင်စရာ မရှိကြောင်း သူက ပြောပါတယ်။

ဒါကြောင့် မူဆလင်တွေအတွက် သီးခြားလွတ်လပ်တဲ့ ကိုယ်ပိုင်နယ်မြေကို ရက္ခိုင်ပြည်အတွင်းသတ်မှတ်ပြီး သူတို့ကို ပြန်လည်နေရာချထားပေးတာကသာ အဖြေမှန်ဖြစ်တယ်လို့ ဆိုပါတယ်။

ရက္ခိုင်တစ်ပြည်လုံးမှာ မူဆလင်လူမျိုးတွေဟာ စုစုပေါင်း ၁ သန်းကျော်ခန့်သာရှိပြီး ၂၀၁၇ ခုနှစ် ပဋိပက္ခကြောင့် ထွက်ပြေးလာသူဦးရေဟာ ၁ သန်းကျော်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုမှူဟာ အငြင်းပွားစရာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“ပြည်သူလူထုအရေအတွက်အပိုင်းနဲ့ အငြင်းပွားတာတွေ အများကြီးရှိပါတယ်။ မောင်တောခရိုင်မှာနေတဲ့ ဘင်္ဂါလီလူဦးရေက ၇ သိန်းပဲ ရှိတယ်။ ရက္ခိုင်ပြည် ၁၇ မြို့နယ်မှာ ၄ မြို့နယ်မှာ ဘင်္ဂါလီ လုံးဝမရှိဘူး။ ၁၃ မြို့နယ် အားလုံးပေါင်းမှ ၁ သန်းကျော်ပဲရှိပါတယ်။ အဲဒါကို အခုဘင်္ဂလားဒေ့ရှ်က ပြောနေတာက သူတို့ဆီမှာရောက်နေတာ။ ၁၁ မြို့နယ်က ဘင်္ဂါလီတွေ လုံးဝထွက်မပြေးဘူး။ ဘူးသီးတောင်နဲ့ မောင်တောက ပြေးတယ်။ ဒါပေမယ့် ထွက်ပြေးတာက ၁ သန်းကျော် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတယ်ဆိုတာက အင်မတန်အငြင်းပွားစရာ လူဦးရေ အရေအတွက်ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ခေါင်းဆောင် ပါမောက္ခမိုဟာမက်ယူနွတ်စ်ကလည်း မူဆလင်တွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးတို့အတွက် ရက္ခိုင်မှာ” ဘေးကင်းဇုံ” တစ်ခု မူဆလင်တွေအတွက် ရှိရမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်ကာ ရောက်ရှိနေတဲ့ မူဆလင်တွေကို ၂၀၂၆ ခုနှစ်အတွင်း နေရပ် ရက္ခိုင်ပြည်ကို ပြန်လည်ပို့ဆောင်သွားမယ်လို့လည်း မိုဟာမက်ယူနွတ်စ်က ကတိပြုပြောကြားထားတာပါ။

Related posts

ရန်ကုန်က ဘဏ်တွေမှာ ငွေအဝင်မရှိလို့ ငွေထုတ်တာ တင်းကြပ်လာ

စစ်တွေလေယာဉ်လက်မှတ် ၁၀ သိန်းအထိ ရောက်နိုင်

ဆမီးက စစ်ရှောင်တွေကို HDCO က ဆန်နဲ့ စောင် ထောက်ပံ့

5 Comment

https___ja_rfen မတ် 12, 2026 - 6:34 မနက်

Sprawdz poradnik [url=https://jaka-kamera-do-drona-fpv.neocities.org/]jak zaczac fpv kamera[/url], jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Cena i dostepnosc czesci zamiennych wplywaja na dlugoterminowe koszty eksploatacji.

reiting seo agentstv_liSt မတ် 14, 2026 - 6:46 ညနေ

рейтинг агентств digital услуг [url=https://luchshie-digital-agencstva.ru/]luchshie-digital-agencstva.ru[/url] .

prodvijenie saita po trafiky_yrKn မတ် 14, 2026 - 8:42 ညနေ

продвижение сайта в топ по трафику [url=https://prodvizhenie-sajtov-po-trafiku10.ru/]prodvizhenie-sajtov-po-trafiku10.ru[/url] .

reiting seo agentstv_wxSt မတ် 14, 2026 - 11:49 ညနေ

digital агентства москвы [url=https://luchshie-digital-agencstva.ru/]luchshie-digital-agencstva.ru[/url] .

prodvijenie saita po trafiky_rsKn မတ် 15, 2026 - 1:09 မနက်

seo продвижение сайта по трафику кловер [url=https://prodvizhenie-sajtov-po-trafiku10.ru/]prodvizhenie-sajtov-po-trafiku10.ru[/url] .

Add Comment