အာရက္ခတိုင်းမ်စ် (၁ မေ ၂၀၂၅)
စစ်ကောင်စီက ရွာလုံးကျွတ် နှင်ထုတ်ထားတဲ့ စစ်တွေက ကျေးရွာတစ်ချို့ကို နေရပ်ပြန်နေခိုင်းမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာ ရှိတယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။
အာရက္ခတပ်တော် ရဲ့ ထိုးစစ်ဆင်တာကို ကာကွယ်ဖို့အတွက် စစ်ကောင်စီက ရွှေပြည်သာ၊ ဗျိုင်းဖြူ စတဲ့ ကျေးရွာ ၂၀ ကျော်ကို ရွာလုံးကျွတ် နှင်ထုတ်ထားတာဆိုရင် လနဲ့ချီနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာ ကျေးတောပိုက်စိတ်၊ ကျေးတောရွာမ၊ ကျောက်တန်းကြီး၊ ကျောက်တန်းရှည် စတဲ့ ကျေးရွာတွေကို နေရပ်ပြန်ခိုင်းမယ်ဆိုပြီး သတင်းတွေ ထွက်နေတာလည်း ဖြစ်ပါတယ်။
အဲဒီရွာတွေက နေအိမ်တွေကို စစ်ကောင်စီက အိမ်လုံးကျွတ် ရောင်းချထားတာကြောင့် ဒေသခံတွေ ပြန်နေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ကျေးတောပိုက်စိတ်တို့၊ ကျေးတောရွာမ အဲဒီရွာတွေကို နှင်ထားတယ်မလား၊ အဲဒီလူတွေကို သူ့နေရာနဲ့သူ ပြန်နေရမယ် အဲဒီလိုတော့ ကြားတာပဲ။ သူ့နေရာနဲ့သူ ပြန်နေမယ်ဆိုရင်လည်း အိမ်မှ မရှိတော့တာ ဘယ်နားသွားနေကြမလဲ။ အိမ်တိုင်တို့ ဘာတို့ ချွတ်ရောင်းထားကြတာ ဘယ်လိုပြန်နေမလဲ မဖြစ်နိုင်ဘူး။ ကျေးတောပိုက်စိတ်တို့၊ ကျေးတောရွာမတို့၊ ဗျိုင်းဖြူရွာတော့ မပါဘူး။ ပြီးလို့ရှိရင် ကျောက်တန်းကြီး၊ ကျောက်တန်းရှည်ပေါ့ အဲဒီဘက်တွေ။ အဲဒီဘက်တွေလည်း စစ်တပ်က ဖျက်လို့ အိမ်တွေ မရှိတော့ဘူး” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် မတ်လမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလည်အပတ် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အဆိုပြုချက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး ရက္ခိုင်သို့ လူသားချင်းစာနာမှုကူညီပေးမည့် စင်္ကြံတစ်ခုတည်ဆောက်ဖို့ကို ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက မူအားဖြင့် သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေ ရဖို့အတွက် နေရပ်ကို ပြန်ခိုင်းတာ ဖြစ်နိုင်တယ်လို့လည်း စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။
“ အန်တီထင်တာကတော့လေ ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ အမေရိကန်က ကယ်ဆယ်ရေး ပေးမယ်ဆိုပြီးတော့လေ အဲဒီဟာတစ်ခုတော့ ကြားမိတယ်။ အဲဒီဟာကို ပေးလို့ရှိရင် သူတို့ ကယ်ဆယ်ရေးတဲတွေ အဲဒီလိုမျိုး ချပေးလို့ရှိရင် ရတယ်။ အဲဒီလိုမျိုး လုပ်ပေးမယ်လို့ ထင်တယ်။ အဲဒီလိုဆိုရင် ကိုယ့်မြေကွက်ကိုတော့ မမှတ်မိပေမယ့် လောလောဆယ် မြေနေရာလေးတွေကို မှန်းပြီးတော့ သဘောက ကိုယ့်အိမ်မရှိတော့ဘူး ဒါပေမယ့် ကိုယ့်အိမ်ရှေ့မှာ အမှတ်အသားဆိုတာတော့ လူတိုင်းမှာ ရှိကြတာပဲလေ။ အပင်ရှိရင်ရှိမယ်။ အဲဒီလိုမျိုးနေရာတွေမှာ ချပြီးတော့နေရင် နေကြမှာပေါ့။ ဒါပေမယ့် အတိအကျ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကတော့ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက အာရက္ခတပ်တော်နဲ့ စစ်ရေးတင်းမာလာချိန်ကနေ စပြီးတော့ စစ်တွေမြို့နယ်ရှိ ရက္ခိုင်ကျေးရွာ ၂၀ ကျော်က ဒေသခံတွေကို နှင်ထုတ်ခဲ့ပြီး ကျေးရွာတွေမှာ တပ်စွဲပြီး ခံစစ်ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။
စစ်တွေမြို့တွင်းက ဒေသခံများကတော့ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့ထားမှုတွေကြောင့် မြို့တွင်းမှာ ပိတ်မိနေပြီး လုံခြုံရေးစိုးရိမ်မှုကြားမှာ စားဝတ်နေရေးအကျပ်အတည်းဒဏ်ကို ရင်ဆိုင်နေကြရတာပါ။
8 Comment
need a video? rome production company offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.
Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Сегодняшние зеркала площадки на кракен зеркало сегодня работает стабильно для входа без задержек и ошибок
Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Наконец нашёл кракен маркет ссылка рабочая после недели поисков по форумам
дизайн ванны коттеджа дизайн проект коттеджа
дизайн маленькой квартиры дизайн двухкомнатной квартиры 42 кв
полотенцесушитель боковые купить полотенцесушитель