မင်းပြားတွင် စစ်သုံ့ပန်း ၂၀၀ ကျော် AA လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၁၇ မေ ၂၀၂၅)

ရက္ခိုင်ပြည် မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့တယ် စစ်သုံ့ပန်းထဲက ၂၂၅ ယောက်ကို ဒုတိယအကြိမ်အဖြစ် အာရက္ခတပ်တော်က ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မနေ့က အခမ်းအနားလုပ်ပြီး လွှတ်ပေးလိုက်တာ။ သူတို့နေရာကို ကားနဲ့လိုက်ပို့ပေးတယ်။ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းမိသားစုက သောင်းကျော်တယ်။ တဖြည်းဖြည်းချင်း စီစစ်ပြီး လွှတ်ပေးမယ်ထင်တယ်” လို့ မင်းပြားမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ပထမအကြိမ်အဖြစ် ဧပြီလ ၁၃ရက်ကလည်း အတာနှစ်ကူးအထိမ်းအမှတ်အဖြစ် စစ်သုံ့ပန်းမိသားစု ၁၇၀ ကို လွှတ်ပေးခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက် လွတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းမိသားစုတွေ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ၁၃၀ ယောက် နဲ့ အမျိုးသမီး ၉၅ ယောက် ပါဝင်တယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော်က မင်းပြားမြို့ကို ၂၀၂၄ခုနှစ် ဖေ‌ဖော်ဝါရီလ ၆ ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Related posts

စစ်ရှောင်ကျောင်းသား ၁၀၀ ရဲ့ ပညာရေးကူညီဖို့ “ အနာဂတ်လှိုင်း” ကမ်ပိန်းပြုလုပ်

ကျောက်ဖြူက AA ထိန်းချုပ်နေရာတွေကို စကမ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေ

တရုတ်က ရက္ခိုင်တပြည်လုံးလွတ်မြောက်အောင် အားပေးမှာလား

6 Comment

Zakazat cveti_qoor မတ် 20, 2026 - 5:00 ညနေ

заказать букет цветов в москве с доставкой на дом недорого http://www.zakazat-cveti-moskva.ru .

1xbet giris_muSi မတ် 20, 2026 - 7:22 ညနေ

1xbet mobil giri? 1xbet mobil giri? .

Remont zdaniya_koei မတ် 20, 2026 - 9:24 ညနေ

этапы капитального ремонта квартиры remont-zdaniya-1.ru .

Zakazat cveti_vgor မတ် 21, 2026 - 1:47 မနက်

купить недорогой букет с доставкой https://zakazat-cveti-moskva.ru/ .

Remont zdaniya_ifei မတ် 21, 2026 - 2:08 မနက်

капитальный ремонт квартиры этапы remont-zdaniya-1.ru .

Remont zdaniya_qeei မတ် 21, 2026 - 6:43 မနက်

реконструкция и капитальный ремонт зданий реконструкция и капитальный ремонт зданий .

Add Comment