အာရက္ခတိုင်းမ်စ် (၁၇ မေ ၂၀၂၅)
ယနေ့ ည ၁၀ နာရီ ၃၇ မိနစ်ခန့် အချိန်က မန္တလေးတိုင်းဒေသကြီးမှာ ငလျင် ၅ ဒသမ ၂ နဲ့ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးအပြင် သဲတော၊ ဝမ်းတွင်း နဲ့ သာစည်မြို့ တွေမှာဆိုရင်လဲ ငလျင်က သိသိသာသာကို လှုပ်ခတ်သွားတယ်လို့လည်း သိရပါတယ်။
“ဒီတစ်ခါ လှုပ်တာက အရင် ၂၈ ရက်နေ့က ဒုတိယအကြိမ်လို လှုပ်တာ ကြမ်းတယ်။ အိမ်ထဲကနေ ပြေးထွက်ရတယ်” လို့ သဲတောမြို့က နယ်ခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“မန္တလေးမှာဆိုရင်လည်း မိုးကရွာ ငလျင်က လှုပ်တော့ အိမ်ထဲကနေ ပြေးထွက်ရတယ်။ အရင်မပြိုသေးတဲ့ တိုက်တွေကတော့ ကြောက်စရာ ကောင်းတယ်။ အခုတစ်ခါ လှုပ်တာက အချိန်နည်းနည်းလေးကြာတယ် ပြင်းတယ် ။ ထိုင်းက ဆော့ဝဲကတော့ ၅ ဒသမ ၇ ဆိုပြီးပြတယ်။ မြန်မာကတော့ ၅ ဒသမ ၂ ပဲပြတယ်။ လက်ရှိ မြို့ထဲ အခြေအနေရတော့ မသိရသေးပါဘူး” လို့ မန္တလေးမြို့ခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ကို ဗဟိုပြုပြီး အနောက်တောင်ဘက် ၆ မိုင်ခန့် အနက် ၁၀ ကီလိုမီတာမှာ အင်အား ၅ ဒသမ ၂ ရစ်(စ်)တာစကေးနဲ့ လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
5 Comment
1xbet tr 1xbet tr .
нейросеть онлайн для учебы nejroset-dlya-referatov-1.ru .
реферат нейросеть реферат нейросеть .
нейросеть студент бот нейросеть студент бот .
нейросеть для студентов nejroset-dlya-referatov.ru .