ဝမ်းတွင်း စမုံမြစ်ရေ စိုးရိမ်ရေမှတ် ရောက်နိုင်

အာရက္ခတိုင်းမ်စ် (၃ ဇွန် ၂၀၂၅)

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် စမုံမြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်ရှိလာနိုင်တဲ့အတွက် ဝမ်းတွင်းနဲ့ မြစ်သားမြို့နယ်တို့က သတိပြုနေထိုင်ရမယ်လို့ သိရပါတယ်။

မြေနိမ့်ပိုင်းတွေဖြစ်တဲ့ သဲတော၊ ဝမ်းတွင်း၊ ကူမဲ၊ မြစ်သား၊ ရွှေကူ၊ ကုန်းရွာ၊ ရိုးစုံ တို့ စတဲ့ မြို့တွေက သတိထားနေရမယ်လို့ သိရပါတယ်။

မနှစ်က စက်တင်ဘာ ၁၁ ရက်နေ့မှာလည်း စမုံဆည် ကျိူးသွားတဲ့အတွက် အလယ်ကန်၊ ကြွယ်ကန်၊ ကျောက်အိုး၊ သပြေသာ၊ ရိုးစုံ တို့ဘက်တွေမှာ ရေကြီးရေလျံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိမှာလည်း ဧရာဝတီမြစ်ရေက မြစ်ကြီးနားမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် ရောက်ရှိနေတာကြောင့် မြစ်ကြီးနားမြို့မှာ ရေကြီး ရေလျံမှုတွေ ဖြစ်ပေါ်နေတာကြောင့် ကယ်ဆယ်ရေးစခန်း ၁၀ ခုလောက် ဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှာလည်း မြစ်ကြီးနားမြို့ဟာ ရေကြီးရေလျံတာတွေ ဖြစ်ပေါ်ခဲ့တာတယ်လည်း သိရပါတယ်။

ရက္ခိုင်ပြည်၊ ပဲခူးအရှေ့ခြမ်းဒေသတွေဖြစ်တဲ့ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ပဲခူးခရိုင် အပါအဝင် ဘားအံခရိုင၊ သထုံခရိုင်၊ ဖာပွန်ခရိုင်၊ ကော့ကရိတ်ခရိုင်၊ မြဝတီခရိုင် နဲ့ မော်လမြိုင်ခရိုင်တွေမှာ ဒီနေ့အထိ မိုးများမယ်လို့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် မိုးလေဝသ သတင်းထုတ်ပြန်ရေးက သိရပါတယ်။

ဒီကနေ့ဖြစ်တဲ့ ဇွန် 3 ရက်နေ့ကစပြီး မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းလာပြီး တစ်ပြည်လုံးအတိုင်းတာနဲ့ဆိုရင်လည်း မိုးအနည်းငယ်အုံ့ပြီး နေပူလာပါလိမ့်မယ်လို့လည်း သိရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ