စစ်ကောင်စီရဲ့ ပြည်သူအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို သေချာစောင့်ကြည့်ပြီး တုန့်ပြန်သွားမယ်လို့ ဦးခိုင်သုခ ပြော

အာရက္ခတိုင်းမ်စ် (၃ သြဂုတ် ၂၀၂၅)

စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ်မှာ ခြိမ်းခြောက်မှုမှန်သမျှကို အသေအချာစောင့်ြည့်နေပြီး လိုအပ်ရင် လိုအပ်သလို တုန့်ပြန်သွားမယ်လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

“ ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ အကြမ်းဖက်စစ်ကောင်စီ ရဲ့ ပြည်သူတွေအပေါ်မှာ ခြိမ်းခြောက်မှုမှန်သမျှကို အသေအချာစောင့်ကြည့်နေပါတယ်။ လိုအပ်ရင် လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဦးခိုင်သုခက People’s Spring ကို ပြောကြားခဲ့ပါတယ်။

ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီက ဇူလိုင်ကုန်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

အဆိုပါ အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းအပေါ် ဦးခိုင်သုခက “ ကိုယ်မထိန်းချုပ်နိုင်တော့တဲ့ နေရာတွေကို စစ်အုပ်ချုပ်ရေး ကြေညာတယ်ဆိုတာကတော့ သူတို့အကြမ်းဖက်စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာမဲ့မှုကို ရှင်းလင်းကွက်ကင်းစွာ ဖော်ပြနေတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အလားတူ ဦးခိုင်သုခက “ ဝိုင်အဟောင်းကို ဝိုင်ပုလင်းအသစ်မှာ ပြောင်းထည့်လိုက်ရုံနဲ့ အဲဒီ့ဝိုင်ရဲ့ နဂိုမူလအရသာပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အခုလည်း အလားတူ မျက်လှည့်ပြတဲ့ သဘောပါပဲ။ စစ်ယူနီဖောင်းတစ်ဝက် အရပ်ဝတ်တစ်ဝက် ဖားတစ်ပိုင်း ငါးတစ်ပိုင်း လဲဝတ်လိုက်ရုံနဲ့ သူတို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာ၊ ကောက်ကျစ် အောက်တန်းကျတဲ့ မူဝါဒတွေ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။အရင်ကလည်း စစ်အုပ်ချုပ်ရေး အခုလည်း စစ်အုပ်ချုပ်ရေးပါပဲ” လို့ People’s Spring ကို ပြောကြားခဲ့ပါတယ်။

Related posts

အစိုးရသစ်အပေါ် တရုတ်ရဲ့ ဗမာပြည်မဟာဗျူဟာ ဘယ်လိုဖြစ်လာနိုင်လဲ

သံတွဲမြို့ကို စကမ ဗုံးကြဲ

မောင်တောတွင် နီပါးရ်ကာကွယ်ရေး အသိပညာပေးတွေ လုပ်ဆောင်နေ