တောင်ကုတ် ကင်းတောင် ရွာမကို စစ်ကောင်စီဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၇ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်က ကင်းတောင် နဲ့ ရွာမကို စစ်ကောင်စီက မနေ့က (၆ သြဂုတ်) နေ့လည် ၁၂ နာရီ နဲ့ ၁ နာရီခန့်မှာ လာရောက်ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

“ ရွာမ စာသင်ကျောင်းကို ကျတယ်လို့ သိရတယ်။ ကင်းတောင်တော့ နေရာအတအကျ မသိရသေးဘူး။ ၃ လုံးကျတယ်လို့ ကြားတယ်။ စာသင်ကျောင်း တခုပဲ နေရာသိရသေးတယ်” လို့ တောင်ကုတ်မြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာပြီးနောက်မှာ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေကို လေယာဉ်ကနေ ဗုံးလာရောက် ကြဲတာတွေကို နေ့စဥ်ဆိုသလို လာရောက် လုပ်ဆောင်နေတယ်လို့ ရက္ခိုင်ဒေသခံတွေက ပြောပါတယ်။

“ ရွာမကတော့ စာသင်ကျောင်းနား ကျတယ် ဆိုတယ်။ စာသင်ကျောင်းဆိုရင်တော့ ကျမတို့ အိမ်နောက်ဖက်ပဲ” လို့ ရက္ခိုင်ပြင်ပရောက် ရွာမ ဒေသခံတဦးက အာရက္ခတိုင်းမ်ကို ပြောပါတယ်။

အလားတူ စစ်ကောင်စီဟာ ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် မအီမြို့က ရဲစခန်း နဲ့ ဆေးရုံကို သြဂုတ်လ ၄ ရက် မွန်းလွဲ ၁ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။

Related posts

အစိုးရသစ်အပေါ် တရုတ်ရဲ့ ဗမာပြည်မဟာဗျူဟာ ဘယ်လိုဖြစ်လာနိုင်လဲ

သံတွဲမြို့ကို စကမ ဗုံးကြဲ

မောင်တောတွင် နီပါးရ်ကာကွယ်ရေး အသိပညာပေးတွေ လုပ်ဆောင်နေ