အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂၀၂၅)
ဘင်္ဂလားဒေ့ရှ်နိိုင်ငံအတွင်းမှာ အခိုင်အမာ အခြေစိုက်တပ်စခန်းချကာ ရက္ခိုင်ပြည်တွင်းကို ဝင်ရောက်ပြီး အာရက္ခပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး နယ်စပ်လုံခြုံရေး တပ်စခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်နေတဲ့ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေကို အရေးယူဖို့ အာရက္ခတပ်တော် က ဘင်္ဂလားဒေ့ရှ်အစိုးရကို သတိပေး ထုတ်ပြန်လိုက်က်ပါတယ်။
အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွတွေအပေါ် ခွင့်ပြု၊ ထောက်ပံ့ကူညီပြီး အားပေးအားမြှောက်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အစွန်းရောက် စစ်သွေးကြွဝါဒ အားပေးနေတဲ့ အကျင့်ပျက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB က အရာရှိတွေနဲ့ စစ်သွေးကြွ လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးနေကြတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့ လိုအပ်ပါတယ်။
အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွတွေအပေါ် ခွင့်ပြု၊ ထောက်ပံ့ကူညီပြီး အားပေး အားမြှောက်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အစွန်းရောက် စစ်သွေးကြွဝါဒ အားပေးနေတဲ့ အကျင့်ပျက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB က အရာရှိတွေနဲ့ စစ်သွေးကြွ လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးနေကြတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့ လိုအပ်ပါတယ်။
အရေးမယူဘဲ ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် နှစ်ဖက်နယ်စပ် တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ဆက်ဆံရေးတွေကို ထိခိုက်ပြီး နှစ်ဖက်တင်းမာမှု ပိုပြီး မြင့်တက်လာနိုင်တယ်လို့ အာရက္ခတပ်တော် က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ မောင်တောမြို့နယ် တမန်းသားရွာနဲ့ ဒုံးညိုရွာတွေက ရွာသား ၁၀ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် – အာရက္ခနယ်စပ်မှာ ARSA အကြမ်းဖက်အဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
အလားတူ စက်တင်ဘာ ၂၇ ရက်နေ့မှာလည်း အာရက္ခတပ်တော်နဲ့ အကြမ်းဖက် ARSA တို့ ပွိုင့် ၆၀၁ ဝန်းကျင် နေရာ ၆ ခုမှာ တိုက်ခိုက်မှု ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ARSA တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတချို့ကို အာရက္ခတပ်တော်က သိမ်းဆည်းရမိခဲ့ပါတယ်။
ARSA၊ RSO အကြမ်းဖက်အဖွဲ့တွေက BGB ထံကနေ စစ်ရေး၊ ထောက်ပံ့ရေးအကူအညီတွေကို အပြည့်အဝ ရထားရုံသာမက BGB စခန်းတွေမှာပါ အခိုင်အမာ အခြေစိုက် တပ်စွဲထားခွင့် ရထားပြီး အဲဒီဒေသကနေတဆင့် အာရက္ခဒေသထဲကို ဝင်ရောက်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။
အဲဒါအပြင် ဘင်္ဂလားဒေ့ရှ် – အာရက္ခနယ်စပ်မှာ တကျော့ပြန် စခန်းထလာတဲ့ ARSA၊ RSO အကြမ်းဖက်လှုပ်ရှားမှုအန္တရာယ်က အာရက္ခပြည်သူတစ်ရပ်လုံးရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်စေယုံသာမက ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကိုပါ သွယ်ဝိုက်ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ အာရက္ခတပ်တော် က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွေအနေနဲ့လည်း ဒီဖြစ်ရပ်တွေအပေါ်မှာ သေချာစောင့်ကြည့်ပြီး ဝိုင်းဝန်းစောင့်ကြပ် ထိန်းသိမ်းပေးဖို့လိုသလို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း နှစ်ဖက်ပြေလည်စေမယ့် နည်းလမ်းတွေကို အမြန်ဆုံးရှာဖွေပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးလုပ်ဆောင်ဖို့ အာရက္ခတပ်တော်က အကြံပြုထားပါတယ်။