မြောက်ဦးတွင် ခိုးရာပါ ဆိုင်ကယ်များကို ပိုင်ရှင်ဆီပြန်အပ်

အာရက္ခတိုင်းမ်စ် (၉ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးခရိုင်အတွင်း သူခိုးများက ခိုးယူထားတဲ့ ဆိုင်ကယ်များကို DLEPS တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ မူလပိုင်ရှင်တွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

“ ဒီနေ့မှာ ၁၀ စီးကို မူလပိုင်ရှင်ထံ ပြန်ပေးခဲ့တယ်။ ၆ စီးရဲ့ ပိုင်ရှင်တော့ လာယူပေမယ့် ကျန် ၄ စီးရဲ့ ပိုင်ရှင်တော့ လာယူတာ မတွေ့ရဘူး” လို့ မြောက်ဦးမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အထက်ပါ ဆိုင်ကယ် ၁၀ စီးရဲ့ ပိုင်ရှင်များမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့နယ်က ဖြစ်တယ်လို့လည်း သိရပါတယ်။

DLEPS အနေနဲ့ ကျန်ရှိနေတဲ့ ဆိုင်ကယ် ၄ စီးရဲ့ ပိုင်ရှင်တွေကို အချက်အလက် အပြည့်အစုံနဲ့ လာရောက်ထုတ်ယူဖို့ နှိုးဆော်ထားတယ်လို့လည်း သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း မင်းပြားမြို့နယ်တွင် သူခိုးထံမှ ဖမ်းဆီးရမိခဲ့တဲ့ ဆိုင်ကယ်တွေကို ပိုင်ရှင်တွေထံ အပ်နှံခဲ့ပါတယ်။

Photo – APM

Related posts

ရက္ခိုင်တွင် ၅ နှစ်အောက်ကလေးတွေ တတိယအကြိမ် ကာကွယ်ဆေးထပ်မံထိုးပေး

ရေကြည်က အမတ-၃၄၄ ကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ထပ်မံထိုးစစ်ဆင်

ရက္ခိုင်ကို ၂၀၂၇ ခုနှစ်လောက်မှ ဗဟိုအစိုးရက ကိုင်တွယ်နိုင်

1 Comment

RobertTwish ဖေ‌ဖော်ဝါရီ 21, 2026 - 10:02 မနက်

Подробности на странице: https://linkparfum.ru/catalog/martine_micallef_france/

Add Comment