အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၅)
မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာတွေ လျပ်စစ်မီး လိုချင်ပါက ငွေကျပ် သိန်းတရာကို မြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်ကို ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုသို့ ငွေကျပ် သိန်းတရာ မပေးခင်က လျပ်စစ်မီးကို အရင် ဖြတ်ချထားပြီး လျပ်စစ်မီး လိုချင်ပါက ငွေကျပ် သိန်းတရာ ပေးရမယ်လို့ စစ်ကော်မရှင်ရဲ့ မြို့နယ်အုပ်ချုပ်ရေးတွေက ရပ်ရွာအုပ်ချုပ်ရေးမှူးတွေဆီကို စာတွေ ပို့ထားတယ်လို့ သိရပါတယ်။
“ကျမတို့ ရွာကို မီးလိုချင်ရင် သိန်းတရာ ပေးရမယ်လို့ ပြောပါတယ် ။ မီးက လိုအပ်နေတာဆိုတော့ ရွာကို တအိမ် ဘယ်လောက် ခွဲတမ်း ချထားရတယ် ။ တအိမ်ဘယ်လောက် ကျမလဲဆိုတာ မသိရသေးဘူး ။ ရွာကြီးရင်တော့ တအိမ် ဘယ်လောက်ဆိုတာ မသိသာပေမယ့် ရွာသေးရင်တော့ ပိုကျသွားမှာ။ ကျမတို့ကတော့ အများ ကြီး မကျပါစေနဲ့လို့ ဆုတောင်းနေရပါတယ်။ အနောက်ဘက်က ရွာတွေကတော့ မီးကို နေ့ပဲ လာတာ။ ညကို မီးမပေးဘူးလို့ ကြားရတယ်” လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိ ဝမ်းတွင်းမြို့နယ်မှာဆိုရင် ရက်ခြားဆိုသလို စစ်ကော်မရှင်ရဲ့ တပ်သားတွေက လူငယ် လူရွယ်တွေကို ဖမ်းဆီးပြီး တယောက် ဘယ်လောက် ဆိုတာတွေကို တောင်းနေတာလည်း ရှိပါတယ်။ ပိုက်ဆံ မပေးနိုင်တဲ့ လူတွေကိုတော့ စစ်မူထမ်းရန် ပို့ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။။
4 Comment
Okay, so I downloaded the Raja Luck app, and it’s surprisingly decent! Games seem fair, and I actually managed to win a few bucks. Find the download link here: rajaluckappdownload
Struggling to get the hitnspinlogin to work. Just been a massive pain trying to log on. Check out hitnspinlogin if you want, but proceed with caution.
Нужен трафик и лиды? авигрупп казань SEO-оптимизация, продвижение сайтов и реклама в Яндекс Директ: приводим целевой трафик и заявки. Аудит, семантика, контент, техническое SEO, настройка и ведение рекламы. Работаем на результат — рост лидов, продаж и позиций.
Нужен трафик и лиды? https://avigroup.pro/kazan/seo-optimizacziya-sajta/ SEO-оптимизация, продвижение сайтов и реклама в Яндекс Директ: приводим целевой трафик и заявки. Аудит, семантика, контент, техническое SEO, настройка и ведение рекламы. Работаем на результат — рост лидов, продаж и позиций.