စကမ ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူအမျိုးသမီးစာရင်းတွင် ရက္ခိုင်မှ အများဆုံးပါဝင်

အာရက္ခတိုင်းမ်စ်(၁၀ ဒီဇင်ဘာ ၂၀၂၅)

စစ်ကော်မရှင် ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သေဆုံးသူ အမျိုးသမီးစာရင်းမှာ ရက္ခိုင်ပြည်မှ အများဆုံး ပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂကထုတ်ပြန်ထားပါတယ်။

ယခုနှစ် နိုဝင်ဘာလအတွင်း စစ်ကော်မရှင် ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လူနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု၊ မတရားသတ်ဖြတ်ခံရမှု၊ မြေမြုပ်မိုင်းပေါက်ကွဲမှု၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အကျဉ်းထောင်အတွင်း နှိပ်စက်ခံရမှု အစရှိတာတွေကြောင့် နိုင်ငံတဝှမ်းရှိ အမျိုးသမီး ၅၁ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သေဆုံးသူ ၅၁ ဦးဟာ ကချင်၊ ရှမ်း၊ ကရင်နီ၊ ရက္ခိုင်၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး နဲ့ တနင်္သာရီတို့မှဖြစ်ပြီး ၎င်းတို့အနက် ရက္ခိုင်ပြည်ကတော့ သေဆုံးသူ (၁၆) ဦးထိ ရှိကာ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးမှု အများဆုံးကတော့ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့်ဖြစ်ပြီး သေဆုံးသူတွေထဲက ခြောက်ဦးဟာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်‌ရေး လှုပ်ရှားမှုအဖြစ် ရက္ခိုင်ပြည်အတွင်းမှာ ပြီးခဲ့တဲ့ (နိုဝင်ဘာ ၂၅ ရက် မှ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်) အထိ ဂျဲန်ဒါအခြေပြု အကြမ်းဖက်ဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Women Generation ကလည်း ထုတ်ပြန်ထားပါတယ်။

“အရွယ်မရောက်သေးသူနဲ့ အရွယ်‌ရောက်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးလည်းကောင်း မဖြစ်စေဖို့၊ အချင်းချင်း ဖေးမကူညီပံ့ပိုးဖို့၊ လူအချင်းချင်း အပြန်အလှန် နားလည်မှု လေးစားတန်ဖိုးထားမှုတို့ကို မြှင့်တင်လို့ အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကစလို့ ကာကွယ်၊ ရှောင်ရှား၊ တားဆီးဖို့ ဝိုင်းဝန်းဖော်ဆောင်ရန် တိုက်တွန်းနှိုးဆော်ပါတယ်” လို့ Women Generation အဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် စစ်ကိုင်း၊ မကွေး၊ ပဲခူး နဲ့ ကရင်နီရှိ ကျေးရွာတချို့မှာလည်း ကျောင်းသားများ၊ အိမ်ထောင်သည် အမျိုးသမီးများနဲ့အတူ ဂျဲန်ဒါအခြေပြုခွဲခြားဆက်ဆံမှုများနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းလာပြီး သာယာငြိမ်းချမ်းသော လူမှုဘဝများ ရရှိစေရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲ စကားဝိုင်း‌တွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Related posts

ကချင်တော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန် AA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆုတောင်း

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

16 Comment

gbgbet444 ဒီဇင်ဘာ 25, 2025 - 11:53 မနက်

I had to give gbgbet444 a go. Pretty decent experience, so far so good. Look for yourself gbgbet444.

production company ဇန်နဝါရီ 5, 2026 - 10:59 မနက်

need a video? video studio in milan offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.

faamru ဇန်နဝါရီ 6, 2026 - 4:17 မနက်

Продажа тяговых https://faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу

ab-resurs ဇန်နဝါရီ 6, 2026 - 6:56 မနက်

Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

kraken ဇန်နဝါရီ 6, 2026 - 10:05 ညနေ

Официальная платформа доступна на кракен маркетплейс с проверенными продавцами и системой рейтингов для безопасных покупок

RobertBrory ဇန်နဝါရီ 7, 2026 - 1:22 ညနေ

Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

Stanleynutty ဇန်နဝါရီ 7, 2026 - 5:04 ညနေ

Продажа тяговых faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу

Philipgrous ဇန်နဝါရီ 23, 2026 - 6:41 မနက်

Нужен проектор? https://projector24.ru большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.

Michealovazy ဇန်နဝါရီ 25, 2026 - 8:20 မနက်
Jeromeden ဇန်နဝါရီ 25, 2026 - 9:53 ညနေ

квартиры от застройщика жк светский лес сочи

IrvingSkymn ဇန်နဝါရီ 26, 2026 - 12:24 မနက်

ремонт и химчистка обуви химчистка обуви в москве

Jameswef ဇန်နဝါရီ 29, 2026 - 6:38 မနက်

Играешь в казино? upx Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.

vytyazhnye zaklepki 84 ဖေ‌ဖော်ဝါရီ 2, 2026 - 1:41 မနက်
NelsonBeecy ဖေ‌ဖော်ဝါရီ 2, 2026 - 12:19 ညနေ

За год использования кракен маркет даркнет ни разу не подвёл с доступом

WilliamTRURB ဖေ‌ဖော်ဝါရီ 4, 2026 - 1:17 ညနေ

дизайн кухни гостиной в доме дизайн домов и коттеджей

Carlosglist ဖေ‌ဖော်ဝါရီ 5, 2026 - 5:57 မနက်

дизайн зала в квартире дизайн 2 х комнатной квартиры

Add Comment