မြောက်ဦးဆေးရုံဖြစ်စဉ်တွင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်မှ ဒေသခံများ သေဆုံးခဲ့

အာရက္ခတိုင်းမ်စ်(၁၃ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်မှာ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ၃၃ ဦး သေဆုံးခဲ့ပါတယ်လို့ အာရက္ခတပ်တော် က အတည်ပြု ထုတ်ပြန်ထားပါတယ်။

အဆိုပါ သေဆုံးသူခဲ့သူတွေထဲမှာ ရက္ခိုင်ပြည်ရှိ မြို့နယ်လေးမြို့နယ်မှ လာရောက်ဆေးကုသနေတဲ့ ဒေသခံ အများအပြား သေဆုံးခဲ့တယ်လို့ ကူညီနေသူ တချို့က ဆိုပါတယ်။

“ မနေ့ကထိ အလောင်းတွေ မိသားစုဆီ အပ်နေတုန်းတော့ တွေ့ပါ‌တယ်။ သယ်ယူတာတွေက ပရဟိတ အကူညီ အပါအဝင် ကိုယ့်ဟာကိုလည်း သယ်ယူကြပါတယ်။ သိရသလောက် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား နဲ့ ကျောက်တော်တို့က ပါပါတယ်။ သေဆုံး အလောင်းတွေကို ပိုင်ရှင်တွေဆီ သေချာစစ်ဆေးပီး ပြန်အပ်ပါတယ်” လို့ ကူညီနေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို (ဒီဇင်ဘာ ၁၀ ရက်) ညပိုင်းမှာ စစ်ကော်မရှင်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် (ဒီဇင်ဘာ ၁၂ ရက်) ည ၉နာရီဝန်းကျင်မှာလည်း အဆိုပါ မြောက်ဦးမြို့ကို စစ်ကော်မရှင်က ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Related posts

ကချင်တော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန် AA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆုတောင်း

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

1 Comment

debettvn ဒီဇင်ဘာ 25, 2025 - 11:48 မနက်

Really happy with my experience at debettvn. Deposits were smooth, and I cashed out without any problem. Highly recommended! debettvn

Add Comment