ပြည်သူ ၄၂ ဦး ကို သတ်ဖြတ်ခဲ့တဲ့ စကမရဲ့လုပ်ရပ်များအပေါ် ရပ်တန့်ပေးရန် MNDAA နဲ့ TNLA တောင်းဆို

အာရက္ခတိုင်းမ်စ်(၁၇ ဒီဇင်ဘာ ၂၀၂၅)

အပြစ်မဲ့ပြည်သူ ၄၂ ဦး ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့လုပ်ရပ်များမှု‌အပေါ် ရပ်တန့်ပေးရန် MNDAA နဲ့ TNLA က တောင်းဆိုထားပါတယ်။

စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်အပါအဝင် မြန်မာပြည်အနှံ့အပြားရှိ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူများ စုဝေးနေထိုင်ရာ နေရာတွေကို ဦးတည်ပစ်မှတ်ထားကာ နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးကို ပေါင် (၅၀၀) ဗုံး နှစ်လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့သလို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာလည်း စစ်ရှောင်ပြည်သူများ နေထိုင်ရာ ကျောက်ဖြူမြို့နယ်၊ ငလုံးစုအထက်ရွာနဲ့ အောက်ရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီး၊ သက်ကြီးရွယ်အိုများ အပါအဝင် ၄၄ ဦး သေဆုံးခဲ့ပြီး ၉၂ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၁၃လရက်မှာလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာ ဘုန်းကြီးကျောင်း၊ အင်တိုင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းနဲ့ မင်းရပ်ကျေးရွာ စာသင်ကျောင်းတို့ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

“ ပြည်သူလူထုကို ဦးတည် ပစ်မှတ်ထား တိုက်ခိုက်ပြီး အစုလိုက် အပြုံလိုက် ထိခိုက် သေဆုံးစေတဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတဲ့ စစ်ကော်မရှင်ရဲ့ လုပ်ရပ်များဟာ မြန်မာပြည်အား ကျရှုံးနိုင်ငံအဖြစ်ကို အဆုံးစွန်ထိ တွန်းပို့နေခြင်း ဖြစ်တယ်လို့ မိမိတို့ မြန်မာနိုင်ငံ အမှန်တရားနဲ့ တရားမျှတသော အမျိုးသားပါတီ – MNTJP/MNDAA နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/ TNLA တို့က ရှုမြင် သုံးသပ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်ကော်မရှင်ရဲ့ လုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ အစိုးရတို့က ကူညီဆောင်ရွက်ပေးရန်လည်း မေတ္တာ ရပ်ခံထားပါတယ်။
Photo – Myanmar Now

Related posts

ရက္ခိုင်တွင် ၅ နှစ်အောက်ကလေးတွေ တတိယအကြိမ် ကာကွယ်ဆေးထပ်မံထိုးပေး

ရေကြည်က အမတ-၃၄၄ ကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ထပ်မံထိုးစစ်ဆင်

ရက္ခိုင်ကို ၂၀၂၇ ခုနှစ်လောက်မှ ဗဟိုအစိုးရက ကိုင်တွယ်နိုင်

1 Comment

Casino_ipkt မတ် 24, 2026 - 5:41 မနက်

Пинко Казино предлагает широкий выбор онлайн-игр и азартных развлечений.
Casino Pinco
Выбирая 7v4.casino, вы получаете надежный доступ к миру онлайн-казино.

Add Comment