မင်းပြားတွင် အမျိုးသား တဦး ရေနစ်သီဆုံး

အာရက္ခတိုင်းမ်စ် (၂၀ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ဒီဇင်ဘာလ ၁၇ ရက်က အမျိုးသား တဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ စပါးရိတ်ဖို့ လှေနဲ့သွားတာ၊ ညကျ ပြန်မရောက်လို့ လိုက်ရှာကြတယ်။ ၂ ရက်ကြာမှ သံကြိုးရွာနားက ချောင်းထဲမှာ အလောင်းပြန်တွေ့တယ်” လို့ မင်းပြားမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရေနစ်သေဆုံးသွားသူမှာ ရက္ခိုင်ပြည် မင်းပြားမြို့နယ် သံကြိုးရွာက အသက် ၄၄ နှစ်အရွယ် ဦးမောင်တင်ချေ ဖြစ်တယ်လို့ သိရပါတယ်။

ဦးမောင်တင်ချေရဲ့ ရုပ်အလောင်းကိုတော့ ဒီဇင်ဘာလ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ရွာသင်္ချိုင်းမှာ မီးသင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။။

ယခုနှစ် မိုးရာသီမှစတင်ကာ ပလက်ဝဒေသအပါအဝင် ရက္ခိုင်ပြည် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ တောင်ကုတ်၊ သံတွဲ၊ အမ်း နဲ့ ဂွမြို့နယ်တွင် ရေနစ်သေဆုံးသူ ၅၀ ကျော်အထိ ရှိလာနေတာလည်း ဖြစ်ပါတယ်။

Related posts

ရက္ခိုင်တွင် ၅ နှစ်အောက်ကလေးတွေ တတိယအကြိမ် ကာကွယ်ဆေးထပ်မံထိုးပေး

ရေကြည်က အမတ-၃၄၄ ကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ထပ်မံထိုးစစ်ဆင်

ရက္ခိုင်ကို ၂၀၂၇ ခုနှစ်လောက်မှ ဗဟိုအစိုးရက ကိုင်တွယ်နိုင်