အာရက္ခတိုင်းမ်စ် (၂ ဇန်နဝါရီ ၂၀၂၅)
ဗမာ့တပ်တော် (Bamar Army) ရဲ့ တနှစ်ပြည့်အခမ်းအနားကို အာရက္ခတပ်တော် AA တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားကို မနေ့က ဇန်နဝါရီ ၁ ရက်နေ့မှာ ကချင်ပြည်နယ်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး AA တက်ရောက်ခဲ့တယ်လို့ သတင်းဓာတ်ပုံတွေမှာ ဖော်ပြထားပါတယ်။
ဗမာ့တပ်တော်ဟာ ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ (TGF) ကို၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့တပ်ဖြစ်ပြီး ဗမာလူမျိုးစုကို ကိုယ်စားပြုတဲ့ “ ဗမာ့တပ်တော် (သို့) ဗမာလူမျိုးစုတပ်မတော် – Bamar Army အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အမှတ် (၂) စစ်ဦးစီးကွပ်ကဲရေးဒေသ နဲ့ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသဆိုပြီး ဖွဲစည်းထားပါတယ်။ ဗမာ့တပ်တော် (BA) ဟာ နိုင်ငံရေး-စစ်ရေး ရည်မှန်းချက်များအတွက် နိုင်ငံရေးမူဝါဒ ငါးရပ်နဲ့ စစ်ရေးမူဝါဒ ခြောက်ရပ်ကို ချမှတ်ထားပြီး ကချင်ပြည်နယ်၊ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတို့မှာ လှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။