နီပါဗိုင်းရပ်စ် နဲ့ပတ်သက်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာန အသိပညာပေးများ လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၃၁ ဇန်နဝါရီ ၂၀၂၆)

နီပါ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အိမ်နီးနားချင်း အိန္ဒိယနိုင်ငံမှာ ကူးစက်ပြန့်ပွားလျက်ရှိတဲ့ အဆိုပါ Nipah Virus (နီပါဗိုင်းရပ်စ်) ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး (ဗီနိုင်း) ဆိုင်းဘုတ်များထောင်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆိုင်းဘုတ်ထောင်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတွေကို အများပြည်သူ လမ်းသွား လမ်းလာ စည်ကားလျက်ရှိတဲ့ ဈေး၊ ကားဂိတ်၊ လှေဆိပ်၊ လမ်းဆုံလမ်းခွ နေရာတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ပါတီ၊ Department of Law Enforcement and Public Security – DLEPS ဌာန၊ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ မီးသတ်ဌာန နဲ့ HDCO တို့ ပူးပေါင်းပြီး ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ရက္ခိုင်ပြည်သူလူထုတွေအနေနဲ့လည်း နီပါဗိုင်းရပ်စ်(Nipah) သံသယဖြစ်ဖွယ် လက္ခဏာတွေ ဖြစ်ပေါ်ပါက အနီးအနားရှိ ကျန်းမာရေးဌာနတွေကို အရင်ဆုံး ဆက်သွယ်ရန် နဲ့ အဆိုပါဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာကြရန်လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။

Related posts

အတုအယောင်လွှတ်တော်က စစ်အာဏာရှင်အလိုကျပဲဖြစ်နေမှာ

နတ်ရေကန်ကို စစ်ကူပို့တဲ့ စကမ ယာဉ်တန်း AA ရဲ့ မိုင်းဆွဲခံရ၊ အရာရှိအပါအဝင် သေဆုံးသူများပြား

AA နဲ့အတူ ကပစ (၁၆) ကို BPLA ပါ ပူးပေါင်းတိုက်ခိုက်နေ

1 Comment

Casino_gvkt မတ် 25, 2026 - 6:56 မနက်

Пинко Казино предлагает широкий выбор онлайн-игр и азартных развлечений.
Casino Pinco
Система выплат работает надежно и прозрачно.

Add Comment