စကမ ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့က ကျောင်းသားတွေကို စခန်းသွင်းစာကျက်ခိုင်းနေ

အာရက္ခတိုင်းမ်စ် (၃၁ ဇန်နဝါရီ ၂၀၂၆)

တက္ကသိုလ်ဝင် စာမေးပွဲ အောင်‌ချက်မြင့်မားရေးအတွက်ဆိုပြီး စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့က ကျောင်းသားတွေကို Camp သွင်းပြီး စာကျက်ခိုင်းတာတွေ လုပ်တောင်နေတယ်လို့ သိရပါတယ်။

“ အောင်ချက်မြင့်အောင်ဆိုပြီး ကျောင်းက ဆရာ၊ ဆရာမတွေကို ကျောင်းသားတွေစုခိုင်းတယ်။ ပြီးတော့ စခန်းသွင်းတယ်။ ကျမတို့က စိတ်မချပေမယ့်လည်း မထည့်မနေရဆိုတော့လည်း ထည့်ပေးလိုက်ရတယ်။ ခေတ်ကာလ မကောင်းတဲ့ကာလကြီးမှာ ဘယ်မိဘက စိတ်ချလက်ချ ထည့်ချင်မှာလဲ” လို့ မာန်အောင်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်က ကျောင်းသားများ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားအောင်ဆိုပြီး ဝန်ကြီးချုပ် ဦးထိန်လင်းက ညွှန်ကြားတာပြီး လုပ်ဆောင်ပေးနေသူကတော့ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းဖြစ်တယ်လို့ သိရပါတယ်။

“ တက္ကသိုလ်က ဆရာ၊ ဆရာမတွေကို မာန်အောင်နဲ့ ကျောက်ဖြူကို ခေါ်သွားတယ်။ ကျောင်းသားတွေကို အနီးကပ် စောင့်ကြည့်ပေးဖို့တဲ့။ ဆရာမတွေက မလိုက်ချင်ကြတော့ လိုက်သွားရင် ရာထူးတိုးပေးမယ်ပြောပြီး ပါမောက္ခက ထည့်ပေးလိုက်တယ်” လို့ စစ်တွေမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်က ကျောင်းသားများ တက္ကသိုလ်ဝင်တန်း မြင့်မားဖို့ဆိုပြီး တက္ကသိုလ်ဆရာ၊ ဆရာမ ခုနှစ်ဦးပါတဲ့အဖွဲ့နဲ့ ကျောက်ဖြူ-မာန်အောင်မြို့နယ်တွေမှာ ဆွေးနွေးပို့ချမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

ကျောက်ဖြူတိုက်ပွဲ ဦးစီးရန် စကမ တိုင်းမှူးကိုယ်တိုင်ရောက်နေ