အာရက္ခပြည်သူ့ရေးရာမူဝါဒနဲ့ စီမံအုပ်ချုပ်ရေးကျောင်းအတွက် ဝန်ထမ်းခေါ်ယူ

အာရက္ခတိုင်းမ်စ် (၂ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေမှာရှိတဲ့ အာရက္ခပြည်သူ့ရေးရာမူဝါဒနဲ့ စီမံအုပ်ချုပ်ရေးကျောင်း (ASPPA) က ဝန်ထမ်းခေါ်ယူနေတယ်လို့ သိရပါတယ်။

ခေါ်ယူနေတဲ့ ရာထူးတွေကတော့ အင်္ဂလိပ်စာဘာသာရပ်ပြဆရာ (Academic Affairs)၊ သင်ထောက်ကူဆရာ (Academic Affairs ယူနစ်)၊ IT Officer၊ IT Assistant နဲ့ ရုံးစာရေးတို့ပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်စာဘာသာရပ်ပြဆရာ (Academic Affairs) ရာထူးအတွက် လျောက်ထားလိုသူနေနဲ့ ဘွဲ့တခုခု ရရှိထားရမှာဖြစ်ပြီး အသက်ကတော့ ၂၈ နှစ်ကနေ ၄၅ နှစ်ကြား ဖြစ်ရမှာလည်း ဖြစ်ပါတယ်။ ကွန်ပြူတာအခြေခံ တတ်ကျွမ်းရမှာဖြစ်ပြီး အင်္ဂလိပ်စာဘာသာရပ်ကို အနည်းဆုံး ၃ နှစ်ခန့် သင်ဖူးရမယ်လို့ သိရပါတယ်။

သင်ထောက်ကူဆရာ (Academic Affairs ယူနစ်) ရာထူးအတွက်ကတော့ မဟာဘွဲ့ (သို့မဟုတ်) ဘွဲ့တခုခု ရရှိထားရမှာဖြစ်ပြီး ကွန်ပြူတာ အသုံးပြုနိုင်ရပါမယ်။ အသက်ကတော့ ၂၇ နှစ်ကနေ ၄၅ နှစ်ကြား သုတေသနကို စိတ်ဝင်စားသူ ဖြစ်ရမှာဖြစ်ပြီး ပြည်သူ့ရေးရာမူဝါဒနဲ့ အုပ်ချုပ်ရေးကျောင်းနဲ့ ဆက်စပ်တဲ့ ဘာသာရပ်တွေကို စိတ်ဝင်စားသူ ဖြစ်ရမယ်လို့လည်း သိရပါတယ်။

IT Officer ရာထူးအတွက်ကတော့ လျောက်ထားသူအနေနဲ့ ဘွဲ့တခုခုရရှိသူ အသက်ကတော့ ၂၃ နှစ်ကနေ ၃၅ နှစ်ကြား ဖြစ်ရမှာဖြစ်ပြီး Internet Network ပိုင်းကို နားလည်ရမှာဖြစ်ပါတယ်။ ကွန်ပြူတာတွေကို အသုံးပြုတတ်၊ ပြုပြင်တတ်ရမှာဖြစ်ပြီး ကွန်ပြူတာ အခြေခံသင်တန်းကို ပိုင်နိုင်စွာ သင်ကြားပြသနိုင်သူ ဖြစ်ရမယ်လို့လည်း သိရပါတယ်။

IT Assistant ရာထူးအတွက်ကတော့ အသက်အရွယ်အားဖြင့် ၂၅ နှစ်ကနေ ၃၀ ကြား ဖြစ်ရမှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ဖြစ်ရပါမယ်။ ကွန်ပြူတာအခြေခံသင်တန်းကို တတ်ကျွမ်းရမှာဖြစ်ပြီး အင်္ဂလိပ်စာအခြေခံတတ်ကျွမ်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုံးစာရေး ရာထူးကို လျောက်ထားလိုသူအနေနဲ့ အသက် ၂၅ နှစ်ကနေ အသက် ၃၅ နှစ်ကြားရှိရမှာဖြစ်ပြီး ရုံးပိုင်းဆိုင်ရာ ကိစ္စတွေကို အခြေခံနားလည်ထားသူ ဖြစ်ရမယ်လို့ သိရပါတယ်။

Related posts

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

ကျောက်ဖြူတိုက်ပွဲ ဦးစီးရန် စကမ တိုင်းမှူးကိုယ်တိုင်ရောက်နေ

ကန့်ဘလူ ကိုးတောင်ဘို့တပ်စခန်းကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်များ သိမ်းပိုက်