အာရက္ခတိုင်းမ်စ် (၆ ဖေဖေါ်ဝါရီ ၂၀၂၆)
ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတခုရှိ ခရစ်ယာန်ကျမ်းစာကျောင်းတကျောင်းတွင် (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်ပွဲ အခမ်းအနားကို ဖော်ဝါရီလ ၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်ပွဲအခမ်းအနားတွင် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများကို ဒီပလိုမာဘွဲ့လက်မှတ် ချီးမြှင့်ပေးခဲ့ပြီး ထူးချွန်ကျောင်းသူ၊ ကျောင်းသားများကို ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုခြင်း၊ ဘွဲ့ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့လက်မှတ်များ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီပလိုမာဘွဲ့လက်မှတ် ရရှိသူ စုစုပေါင်း ၅ ဦးအနက် ၃ ဦးမှာ အမှတ်အများဆုံးဆု ရရှိခဲ့သူများဖြစ်ပြီး ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများမှလည်း အမှတ်အများဆုံးဆု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ခရစ်ယာန်ကျမ်းစာကျောင်းရဲ့ (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းနားပွဲနဲ့ ဆုပေးပွဲအခမ်းနားကိုခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူများနဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အကြီးအကဲများက ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးအောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုခဲ့ကြပြီး ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများကို ဆုငွေများလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ခရစ်ယာန်ကျမ်းစာကျောင်းရဲ့ ၁၈ ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပွဲအခမ်းအနားကို လူပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
Ref & Photo – One Nation News