သံတွဲနဲ့ တောင်ကုတ်တွင်လည်း နီပါးရ် အသိပညာပေးတွေ လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၁၀ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲနဲ့ တောင်ကုတ်ခရိုင်တွင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ နီပါးရ်ဗိုင်းရပ် အသိပညာပေးတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

“ လူနည်းနည်းစည်တဲ့နေရာလေးတွေမှာ ဆိုင်းဘုတ်ထောင်တာတွေ ရွာတွေမှာလိုက်ပြီး လက်ကမ်းစာစောင်ပေးတာတွေနဲ့ ဘယ်လိုနေထိုင် ကြိုတင်ကာကွယ်သင့်တယ် အဲဒါတွေကို လုပ်ပေးနေတယ်”  လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နီပါးရ်(Nipah) ဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများ၊ DLEPS (ရဲတပ်ဖွဲ့) ဝင်များ၊HDCO ဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တာဝန်ရှိသူများ စုပေါင်းပြီး ဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်။

လက်ရှိတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအတွက် ကုသရန် ဆေးဝါးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးကာကွယ်ဖြစ်တယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပီးထုတ်ပြန်ထားပါတယ်။

နီပါးရ်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး  မိဘပြည်သူများအနေနဲ့ ပေါ့ပေါ့ဆဆ မနေထိုင်ကြရန်နဲ့ ရောဂါကူးစက် ပြန့်ပွားလာပါက အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက် သတိထားကြရန် လိုအပ်တယ်လို့လည်း သတိပေးထားတယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာန အနေနဲ့လည်း  ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူများကို နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Related posts

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ကပစ ၁၆နဲ့ ၃ မိုင်ကွာထိ ရောက်ရှိလာ

သံတွဲမြို့ရှိ စစ်ဘေးရှောင် ၅ ရာကျော်အတွက် ဆန်အိတ်လှူဒါန်း

တောင်ကုတ်တွင် နယ်လှည့် အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့