မင်းပြားတွင် နီပါးရ်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနေ

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားခရိုင်တွင် နီပါးရ် (Nipah Virus) ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေနဲ့ လက်ကမ်းစာစောင်များကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။ 

အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နဲ့ ဌာနဆိုင်ရာများက တာဝန်ရှိသူများ ပူးပေါင်းပြီး နီပါးရ်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များကို လိုက်လံ ဖြန့်ဝေပေနေတာလည်း ဖြစ်ပါတယ်။

အလားတူ နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) ကြိုတင်ကာကွယ်ရေး သတိပေးးဆိုင်းဘုတ်များကိုလည်း လူအသွားအလာများတဲ့နေရာတွေမှာ စိုက်ထူထားတယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ရက္ခိုင်ပြည် မြိ့်နယ်အသီးသီး၊  ဒေသအသီးသီးရှိ ပြည်သူများ နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးများ ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

နီပါးရ်(Nipah) ဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများ၊ DLEPS (ရဲတပ်ဖွဲ့) ဝင်များ၊HDCO ဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တာဝန်ရှိသူများ စုပေါင်းပြီး ဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်။

လက်ရှိတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအတွက် ကုသရန် ဆေးဝါးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးကာကွယ်ဖြစ်တယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပီးထုတ်ပြန်ထားပါတယ်။

နီပါးရ်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မိဘပြည်သူများအနေနဲ့ ပေါ့ပေါ့ဆဆ မနေထိုင်ကြရန်နဲ့ ရောဂါကူးစက် ပြန့်ပွားလာပါက အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက် သတိထားကြရန် လိုအပ်တယ်လို့လည်း သတိပေးထားတယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာန အနေနဲ့လည်း ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူများကို နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Related posts

မြောက်ဦးနဲ့ ကျောက်တော်ကို ဗုံးကြဲလို့ လသားအရွယ် ကလေးငယ်တဦးအပါအဝင် အနည်းဆုံး ၇ ဦး သေဆုံး

ရက္ခိုင်ပြည်ဖွား ခမီလူမျိုးတဦး သေဆုံးမှုအပေါ် ဆက်လက်စုံစမ်းနေ

အဓမ္မ ပေါ်တာဆွဲ လူစုဆောင်းနေတဲ့ စကမက AA ဟာ စစ်မှုထမ်းရန် လူစု‌ဆောင်းနေတယ်လို့ စွပ်စွဲပြန်