ရက္ခိုင်က နို့စို့အရွယ်ကလေးများ နို့မှုန့်အာဟာရပြည့်ဝစေရန် လုလုအောင် သိန်း ၃၀ လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေရှိ နို့စို့အရွယ်ကလေးများ နို့မှုန့်အာဟာရပြည့်ဝစေရန် လုလုအောင်က သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အလှူငွေ သိန်း ၃၀ ကို နို့စို့အရွယ်ကလေးများ နို့မှုန့်အာဟာရပြည့်ဝစေရေးအတွက် ကူညီပေးနေတဲ့ အရွယ်စုံ Arakanese Ladies ထံ လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

“ အလှူရှင် မလုလုအောင် မိသားစု ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝပြီး စိတ်ရှိတိုင်း လက်မှာရပါစေ၊ ဆန္ဒနဲ့ဘဝ တထပ်တည်းကျပါစေ။ လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံပြီး အလုပ်အကိုင်အဆင်ပြေ၍ စီးပွါးတိုးတက်ပါစေ။ နောက်လဲ လှူဒါန်းမှုတွေ အများကြီးလုပ်နိုင်ပါစေ”  လို့ အရွယ်စုံ Arakanese Ladies ဆိုပါတယ်။

အလှူအမှတ်စဉ် ၃၃၀ အနေနဲ့ လုလုအောင် က အရွယ်စုံ Arakanese Ladies ထံ လှူဒါန်းခဲ့တာပါ။

“ သာလီစွပါ တမြေထဲက သွေးချင်းမောင်နှမတွေတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက်”  လို့ လုလုအောင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြရေးသားထားပါတယ်။

Related posts

ချောင်းတူရွာအနီး အကျဉ်းစခန်းပတ်ဝန်းကျင်ကို စကမ ထပ်မံဗုံးကြဲ 

ပလက်ဝတွင် ၇၈ ကြိမ်မြောက် “ ချင်းအမျိုးသားနေ့”  ကျင်းပပြုလုပ်၊ ULA/AA တာဝန်ရှိသူတွေ တက်ရောက် ဂုဏ်ပြု

မောင်တော နဲ့ ဘော်တူလာရွာကြားရှိ တံတားငယ် ၁၀ စင်းကျော်ကို ပြန်လည်ပြုပြင်နေ