မွေးကင်းစကလေးငယ်တွေအတွက် နို့မှုန့်အာဟာရ တတိယအကြိမ်လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနေ မွေးကင်းစကလေးငယ်တွေအတွက် နို့မှုန့်အာဟာရကို တတိယအကြိမ်အဖြစ် အရွယ်စုံ Arakanese Ladies က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ အရွယ်စုံ Arakanese Ladies က နို့မှုန့်လှူဒါန်းမှုကို တတိယအကြိမ်မြောက်အတွက် သိန်း (၂၀၀) ကျပ်ဖိုးကို ကျောက်ဖြူမြို့နယ်မှာ လှူဒါန်းခဲ့ပါတယ်”  လို့ အရွယ်စုံ Arakanese Ladies က ဆိုပါတယ်။

အရွယ်စုံ Arakanese Ladies အနေနဲ့ နို့မှုန်အာဟာရများကို မွေးကင်းစကနေ ၆ လသားအရွယ်အထိ အဓိကထားပြီး ထောက်ပံ့ကူညီပေးနေတာလည်း ဖြစ်ပါတယ်။

“ ၂၀၂၆ မှာလည်း အသင်းဝင် အဟောင်းနဲ့အသစ်တို့ ပါဝင် လှူဒါန်းပေးဖို့ ဖိတ်ခေါ်ပါတယ်”  လို့ အရွယ်စုံ Arakanese Ladies က ဆိုပါတယ်။

အလားတူ အရွယ်စုံ Arakanese Ladies အနေနဲ့ ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်အတွက် သိန်း ၁၅၀ မတည်ခဲ့ပြီး စုစုပေါင်း အလှူငွေ သိန်း တထောင်ကျော်လည်း လှူဒါန်းခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့ စောင်၊ မျက်နှာသုတ်ပုဝါ၊ အင်္ကျီ၊ ပုဆိုး နဲ့ ထမိန်တို့ကိုလည်း အလျင်းသင့်သလို့ လှူဒါန်းပေးနေတယ်လို့လည်း သိရပါတယ်။

Related posts

စကမရဲ့ လက်နက်ကြီးကြောင့် စေတနာ့ဝန်ထမ်း မိသားစုဝင်များ သေဆုံး

အာဏာသိမ်းကာလအတွင်း နေအိမ်မီးရှို့ခံရမှု ရက္ခိုင်က စတုတ္ထနေရာရှိနေ

ရက္ခိုင်ကို ဘိလပ်မြေ တင်သွင်းသူ ၁၉ ဦး ကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး