အာရက္ခတိုင်းမ်စ် (၂၃ ဖေဖော်ဝါရီ ၂၀၂၆)
ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်းနဲ့ပတ်သက်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်မှာ အမိန့်ချမယ်လို့ အမှုကို လိုက်ပါကူညီနေတဲ့ ကိုတင်ထူးအောင်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်က ရန်ကုန်မြို့ရှိ အရှေ့ပိုင်းခရိုင်တရားရုံးမှာ တိုက်ခန်းပြန်လည်ရရှိဖို့အတွက် လျှောက်လဲချက် တင်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ ဟုတ်တယ် ၂၄ ရက်နေ့မှာ ဒီတိုက်ခန်းကိစ္စပေါ့နော်။ ကျနော်တို့ ဒီတိုက်ခန်းကို ဆက်စပ်မှုနဲ့ သိမ်းဆည်းထားတဲ့ မိသားစုပိုင်တိုက်ခန်းကို ပြန်ပေး မပေး ဆုံးဖြတ်မယ်လို့ အဲ့နေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ ကျနော်တို့ သိရတယ်ဗျ။ အဲ့နေ့ တိုက်ခန်း ပြန်ရ မရ တခါတည်း အမိန့်ချမှာ။ ကျနော်တို့ကတော့ ဒီတိုက်ခန်းကတော့ အရင်တည်းက သူတို့မိသားစု သူတို့ရွာကနေ ပြောင်းလာတည်းက အိမ်တွေရောင်းခဲ့ပြီးတော့ အဲ့တည်းက သူတို့မိသားစု အမွေရခဲ့တဲ့ ကိစ္စဖြစ်ပြီး မသက်ဆိုင်ပဲ အရင်တည်းက ဝယ်ယူထားတဲ့ တိုက်ခန်းဖြစ်တယ်။ ကျနော်တို့ သိရတာတော့။ ဒါမယ့် သူတို့ ဒီဘက်က ဆက်စပ်တယ်ဆိုပြီး သိမ်းဆည်းထားတဲ့ တိုက်ခန်းဖြစ်တယ်။ အဲ့တော့ ကျနော်တို့က ဒီဟာကို အကောင်းဆုံး ဒီတိုက်ခန်းကို မှန်မှန်ကန်ကန်ပေါ့နော်။ ပြန်ရဖို့အတွက် ကျနော်တို့ဘက်ကတော့ အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်နေတာပေါ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့။ မိသားစုဘက်ကတော့ ဒီတိုက်ခန်းနဲ့ ပတ်သက်ပြီး သူတို့က ဒီတိုက်ခန်းဟာ အရင်တည်းက သူတို့ ဝယ်ယူထားတဲ့ တိုက်ခန်းဖြစ်တယ်။နောက်ပြီး ဒီတိုက်ခန်းနဲ့ ပတ်သက်ပြီး မြေရှင်တို့ ဘာတို့ပေါ့နော်။ ဆက်စပ်တဲ့ စာချုပ်စာတန်းတွေလည်း ခိုင်ခိုင်မာမာရှိတယ်။ ပိုင်ဆိုင်မှုတွေလည်း ခိုင်ခိုင်မာမာရှိတဲ့ဟာဖြစ်တယ်။ သူတို့ဘက်က သူတို့ပိုင်ဆိုင်မှု မဆုံးရှုံးဖို့အတွက် တရားမျှတမှုနဲ့အတူ တိုက်ခန်းကို ပြန်ရဖို့ ဒီဟာအပေါ်မှာ ယုံကြည်နေတာ မျှော်လင့်နေတာပေါ့။ ကျနော်တို့အပေါ်မှာလည်းပဲ ဒီဟာနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်ကရှေ့နေဆရာ ဆရာမတွေနဲ့ အကောင်းဆုံး ဆောင်ရွက်ထားတဲ့အတွက်ကြောင့် တိုက်ခန်း ပြန်ရလိမ့်မယ်လို့ သူတို့ဘက်က ယုံကြည်နေတာပေါ့” လို့ ကိုတင်ထူးအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အသက် ၂၀ ကျော်အရွယ်ရှိ မစိုးစံသူဟာ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာဇာတိ ဖြစ်ပါတယ်။ သူမဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာရှိ 29 ရတနာဆိုင်မှာ အလုပ်လုပ်ကိုင်စဉ် ပစ္စည်း ၃၄ မျိုး (အဆိုပါ ကာလတန်ဖိုး သိန်း ၁၉၀၀ ကျော်) ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက် သုံးဦးနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်မှာ မသင်္ကာမှုနဲ့ ခေါ်ယူစစ်ဆေးခံခဲ့ရတာပါ။
စက်တင်ဘာလ ၂၂ ရက်မှာတော့ မစိုးစံသူ တဦးတည်းကို ရာဇသတ်ကြီး ပုဒ်မ ၃၈၁ နဲ့ အမှုဖွင့်ခဲ့ကာ အောက်တိုဘာလ ၁ ရက်မှာ တာမွေမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စွပ်စွဲ ဖမ်းဆီးခံရတဲ့ မစိုးစံသူရဲ့ မိသားပိုင်ဖြစ်တဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်က တိုက်ခန်းကိုလည်း တရားရုံးက သိမ်းဆည်းဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
မစိုးစံသူဟာ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှာတော့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။
3 Comment
Эта статья полна интересного контента, который побудит вас исследовать новые горизонты. Мы собрали полезные факты и удивительные истории, которые обогащают ваше понимание темы. Читайте, погружайтесь в детали и наслаждайтесь процессом изучения!
Детальнее – https://vivod-iz-zapoya-2.ru/
Тендерный специалист помогает разобраться в особенностях каждого закона, а также обеспечивает грамотное сопровождение всех процедур. Это особенно важно для компаний, которые только начинают участвовать в торгах и не имеют опыта работы с государственными контрактами.
Узнайте, как это работает – участие в тендерах госзакупок ростов на дону
Коммерческий и государственный тендер — это конкурентная процедура выбора поставщика товаров или оказания услуг. Заказчик размещает требования, а компании подают заявки и участвуют в торгах.
Узнайте, как это работает – сопровождение тендерных закупок