ဆမီးက စစ်ရှောင်တွေကို HDCO က ဆန်နဲ့ စောင် ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၂၅ မတ်လ ၂၀၂၆)

‌‎ပလက်ဝခရိုင်၊ ဆမီးမြို့နယ်၊ အမှတ် (၉) တိုက်နယ်အတွင်းရှိ ကျေးရွာ ၇ ရွာက စစ်‌ရှောင် အိမ်ထောင်စု (၁၄၄) စုအတွက် လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ဆန်နဲ့ စောင်တွေကို ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။‌‌

HDCO က ဆန်နဲ့ စောင် ထောက်ပံ့ပေးခဲ့တဲ့ ကျေးရွာတွေကတော့ မိတ်စာဝ၊ င/မြင်းသောင် (အယို) ဝက်မ၊ ကူးဝ နဲ့ ဆားဝ စတဲ့ ကျေးရွာတွေပဲ ဖြစ်ပါတယ်။

အဆိုပါ ကျေးရွာက စစ်ရှောင်တွေကို မတ်လ ၂၁ ရက်မှာ သွားရောက် ထောက်ပံ့ ကူညီပေးခဲ့တာလို့ HDCO ထံမှ သိရပါတယ်။

HDCO အနေနဲ့ မိတ်စာဝ (၁) ကျေးရွာက စစ်ရှောင်အိမ်ထောင်စု ၁၃ စု၊ မိတ်စာဝ (၂) ကျေးရွာက အိမ်ထောင်စု ၁၈ စု၊ မိတ်စာဝ (၃) ကျေးရွာက အိမ်ထောင်စု ၂၉ စု၊ င/မြင်းသောင် (အယို) ကျေးရွာက အိမ်ထောင်စု ၃၆ စု၊ ဝက်မ ကျေးရွာက အိမ်ထောင်စု ၄၀ စု၊ ကူးဝကျေးရွာက အိမ်ထောင်စု ၅ စုနဲ့ ဆားဝကျေးရွာက အိမ်ထောင်စု ၃ စု စုစုပေါင်း စစ်ရှောင်အိမ်ထောင်စု (၁၄၄) စုကို ကူညီထောက်ပံ့ပေးခဲ့တာလို့လည်း သိရပါတယ်။‌

စစ်ရှောင်အိမ်ထောင်စု ၁ စုကို ဆန် ၁ အိတ်နှုန်းနဲ့ ဆန် ၁၄၄ အိတ်၊ အိမ်ထောင်စု ၁ စုကို စောင် ၂ ထည်နှုန်းနဲ့ မိတ်စာဝ (၃) ကျေးရွာက အိမ်ထောင်စု ၂၉ စုအတွက် စောင် ၅၈ ထည်ကို ကူညီထောက်ပံ့ခဲ့တယ်လို့လည်း သိရပါတယ်။‌

လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO အနေနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာတွေရှိ စစ်ရှောင်မိသားစုတွေကို ဆန် နဲ့ စောင်တွေ ဆက်လက် ကူညီထောက်ပံ့နိုင်ရန် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Ref & Photo – We Love Paletwa ‌‌‌‌

Related posts

စစ်တွေလေယာဉ်လက်မှတ် ၁၀ သိန်းအထိ ရောက်နိုင်

စစ်တွေက ဘုတ်လှေတွေ ရန်ကုန်ကို ပြောင်းရွှေ့နေ

ရက္ခိုင်တွင် ၅ နှစ်အောက်ကလေးတွေ တတိယအကြိမ် ကာကွယ်ဆေးထပ်မံထိုးပေး