အာရက္ခတိုင်းမ်စ် (၁၃ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)
လက်ရှိမြန်မာနိုင်ငံမှာ ရက္ခိုင်ပြည်အပါအဝင် နေရာဒေသပေါင်းစုံမှာ စစ်ပွဲတွေ ပိုမိုဖြစ်ပွားပြီး စစ်ဘောင် ကျယ်နေတာတွေ လျော့သွားစေဖို နည်းလမ်းရှာသင့်တယ်လို NCA ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဲဒီနည်းလမ်းဟာလည်း ဆွေးနွေးရေးလမ်းကြောင်းသာဖြစ်တယ်လို သူက ပြောပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “စစ်ဘောင်ကို ဒီလောက်ကျယ်နေတဲ့ စစ်ဘောင်ကို ရက္ခိုင်မှာလည်း တော်တော် အခြေအနေ ဆိုးနေတယ်။ ကျန်တဲ့နေရာတွေလည်း ဖြစ်နေတယ်။ လေယာဉ်တွေကလည်း ဗုံးတွေအဆက်မပြတ် ကြဲနေရတယ်ဆိုတော့ အဲဒါတွေကို နည်းနည်းလေးငြိမ်သွားအောင်၊ လျော့သွားအောင် နည်းနာရှာရမယ့် သဘောလို ယူဆတယ်။ အဲဒီလို နည်းနာရှာဖိုကလည်းပဲ ဆွေးနွေးရေးလမ်းကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့်ပေါ့လေ ဆွေးနွေးရေး လမ်းကြောင်းကို တတိယအင်အားစုပေါ့ ကြားနေအင်အားစုတွေက ဖန်တီး ပေးရင်တော့ အဲဒီဆွေးနွေးရေး လမ်းကြောင်း ပေါ်လာမယ်ဆိုရင်တော့ စစ်ဘောင်က ရပ်သွားနိုင်တယ်။ ကျုံသွားနိုင်တာပေါ့” လို ပြောပါတယ်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ ရှမ်းပြည်မြောက်ပိုင်းကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့တစ်ဆက်တည်း နိုဝင်ဘာ ၁၃ မှာ ပေါ်လာတဲ့ ရက္ခိုင်တစ်ကျော့ပြန်စစ်ပွဲပေါ်ပေါက်ခဲ့တာပါ။
ရက္ခိုင်ပြည်မှာတော့ တစ်နှစ်အတွင်း တိုက်ပွဲမဖြစ်သေးဘဲ စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့မြိုဆိုလို ပြည်နယ်မြိုတော် စစ်တွေ၊ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူနဲ့ မာန်အောင်မြိုတိုပဲ ကျန်ရှိတော့ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဆုံးရှုးထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖိုအတွက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံ သုံးပြီး ခုခံနေတာကို တွေ့ရပါတယ်။
လက်ရှိမှာတော့ အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံဘက်က နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခဲ့တာ၊ တရုတ်ဘက်က မြောက်ပိုင်း ၃ ဖွဲကို ဖိအားပေးတဲ့အနေနဲ့ နယ်စပ်ဂိတ်တွေပိတ်ပြီး ဖြတ်တောက်ထားတာပါ။
ဒါ့အပြင် တရုတ်နိုင်ငံ၊ ကူမင်းမြို မဟာမဲခေါင်အစည်းအဝေးအတွင်း နိုဝင်ဘာ ၇ ရက်က စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ ထိုင်းဝန်ကြီးချုပ်တို သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကူညီပေးဖို ကမ်းလှမ်းခဲ့တယ်လိုလည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ပြုလုပ်မယ့် ဆွေးနွေးပွဲကို စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ် လိုလည်း နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကို စတင်နိုင်မယ်ဆိုပါက လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ ဦးစွာ စတင်ပါက အလွယ်ဆုံးဖြစ်တယ်လို NCA ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ငါနိုင်နေပြီ၊ သူနိုင်နေပြီဆိုတာကတော့ ဘယ်သူမှမနိုင်ပါဘူး။ အနှစ်က ခံစားနေရတဲ့ မြိုတွင်း၊ ကျေးလက်၊ စစ်ပြေး၊ စစ်ရှောင်တွေ၊ ဘေးဒဏ်ခံရတဲ့ ပြည်သူတွေက ဘယ်လောက်အထိ ထပ်ပြီးတော့ ခံစားရမလဲဆိုတာ တော်တော်လေးတော့ စိတ်ကုန်နေကြပါပြီ ပဋိပက္ခရဲ့ဒဏ်ကို။ လူထုက ပဋိပက္ခမှာ ပါလိုရတယ်။ ဝင်ပြီးတော့ ရှုပ်လိုရတယ်၊ တိုက်လိုရတယ်။ ဒါပေမယ့် ပဋိပက္ခက ထွက်လာတဲ့ ဘေးထွက်ဆိုးကျိုးပေါ့။ ဒုက္ခသည်တွေကို ဘယ်သူမှ ကြည့်မယ့်သူ မရှိဘူး။ ကျွေးမယ့်လူလည်း မရှိဘူး။ နိုင်ငံတကာ အကူအညီရောက်ပြီးတော့ လုပ်ပေးမယ်ဆိုတော့လည်း ဝင်ရ၊ ထွက်ရခက်အောင် စနစ်တွေကလုပ်ထားတဲ့အခါကြတော့ တော်တော် ခက်တာပေါ့။ ဒါကြောင့် ဆွေးနွေးပွဲစနိုင်ရင် ပထမဆုံး Agenda က လူသားချင်းစာနာမှု အထောက်အကူ ဘယ်လိုပေးမလဲဆိုတာကစရင် အလွယ်ဆုံးပဲ။ လောလောဆယ်တော့ ထိုင်းကလုပ်မယ့်ပွဲကို အကဲခတ် နေပါတယ်။ လာအိုက ပြီးပြီ၊ ဂျာကာတာလည်း ပြီးပြီ ဘာမှမရဘူး။ ထိုင်းကတော့ သူတိုဘက်ပါမယ်လိုတော့ ထင်တယ်။ ထိုင်းမှာတော့ ရလဒ်ထွက်တဲ့သဘောမျိုး ဖြစ်နိုင်တယ်လိုတော့ ယူဆပါတယ်” လို သူက ပြောပါတယ်။
ရက္ခိုင်မှာဖြစ်ပွားတဲ့ တစ်ကျော့ပြန် တိုက်ပွဲဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီး ဒီတစ်နှစ်အတွင်း ရက္ခိုင်ပြည်ရဲ့ မြိုနယ် ၁၇ ခုထဲက မြိုနယ် ၁၀ ခုအပြင် ချင်းပြည်နယ် ပလက်ဝမြိုနယ်တွေကိုပါ စစ်ကောင်စီက လက်လွှတ်ပေးခဲ့ရပါတယ်။