တိုင်းပြည်တည်ဆောက်နေတဲ့ အဝေးရောက် သဲပွင့်များ
အနောက်အရပ်ကို မျော်ကြည့်ရရင်တော့ နေ့စဥ်နဲ့အမျှ ကြားနေ၊ မြင်နေရတဲ့ ဒုက္ခတွေကလွဲပြီး ဘာမှထူးခြားတာ မရှိပါဘူး။ စစ်နဲ့ သဘာဝဘေးတွေကြားမှာ အလူးအလိမ့်ခံကြရင်းနဲ့ စားရမဲ့၊ သောက်ရမဲ့တဲ့ ဘဝတွေအဖြစ် ကယ်ဆယ်ရေးဆန်နဲ့ ဆေးဝါးတွေကို မျှော်နေကြရတယ်။ အဝေးရောက် သားသမီး၊ မိဘတွေဆီက ရောက်လာမဲ့ ငွေကြေးတွေကို မျှော်နေကြရတယ်။ ဆာလောင်နေတဲ့ ဗိုက်တွေကို လက်နဲ့ပွတ်သတ်ကာ ဝေဝါးတဲ့ အနာဂတ်တွေကို မှန်းဆနေကြတယ်။
ဒုဗ္ဘိက္ခန္တရကပ်၊ သတ္တန္တရကပ်၊ ရောဂန္တရကပ် ဒီကပ်ကြီးသုံးပါးဟာ ဆက်စပ် ယှက်နွယ်နေကြတယ်။ လူတွေရဲ့ ဒေါသ၊ မောဟတွေကြောင့် ဖြစ်လာတဲ့ လက်နက်ဘေး (စစ်ပွဲ) နဲ့ သေကြေပျက်စီးသောကပ် သတ္တန္တရကပ်ဖြစ်ရင် သူ့နောက်က ဒုဗ္ဘိက္ခန္တရကပ် ငတ်မွတ်ခေါင်းပါးတဲ့ကပ်က ပါလာပြန်တယ်၊ သူ့နောက်မှာတော့ ရောဂန္တရကပ် ရောဂါကြောင့် သေကြေပျက်စီးရတဲ့ကပ် ဒီသုံးခုက ဆက်စပ်ဖြစ်ပေါ်လာတယ်။ အခုလည်း ဒီကပ်သုံးခုဟာ တစ်ပြိုင် နက်တည်း ဝင်မွှေနေတယ်လို့ ဆိုရမှာဖြစ်တယ်။ စစ်ပွဲတွေ ရှည်ကြာလာတာနဲ့အမျှ လူတွေရဲ့ အငတ်ဘေးဟာ တစ်နေ့ထက် တစ်နေ့ ပိုလာတယ်။ စစ်ကြောင့် အသက်၊ အိုးအိမ်တွေ ပျက်စီးခဲ့ရသလို ငတ်မွတ်မှုနဲ့ ရောဂါထူပြောတာတွေကိုပါ တစ်ဆက်တည်း ခံစားနေရတာ ဖြစ်တယ်။
ရခိုင်ရိုးမတစ်ဖက်က အနောက်တစ်ရိုးကို မျှော်ကြည့်ရင် ဒီလို ကပ်ဘေးဆိုးတွေနဲ့ အပျက်အစီး အပိုင်းအစတွေသာ မြင်ရ၊ ကြားရတာဟာ စိတ်မကောင်းစရာပါ။ ဒီလို စိတ်မကောင်းစရာတွေချဉ်းပဲ ဆိုပေမယ့်လည်း အဲဒီ အပျက်အစီးတွေ၊ ဒုက္ခနဲ့ သောကတွေကြားမှာ ရုန်းကန်လှုပ်ရှားပေးနေကြတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲအစည်းတချို့ဟာ ဒီဒုက္ခ သောကတွေကို ဖြေရှင်းဖို့ ကြိုးစားဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
ရခိုင်ဟာ ရှည်လျားတဲ့ ကမ်းရိုးတန်း ဖြစ်တဲ့အတွက် သဲသောင်၊ ကမ်းခြေတွေ ပေါပါတယ်။ သဲတစ်ပွင့်ချင်းစီ စုစည်းမှုကြောင့်လည်း ကမ်းခြေတွေ ဖြစ်လာခဲ့တာပါပဲ။ သဲတစ်ပွင့်စီရဲ့ စုစည်းမှုအင်အားဟာ အလွန်တရာမှ အရေးကြီး ပါတယ်။ ပိတ်လှောင်ခံထားရတဲ့ ဒေသတွင်း ပြည်သူတွေအတွက် သဲတစ်ပွင့်ချင်းစီရဲ့ ပါဝင်မှုဟာ လေးစားစရာ ကောင်းလှပါတယ်။
ပြည်တွင်းက ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ အလှူ လက်ခံရရှိမှုကို ကြည့်ရင် သောင်းဂဏန်းကနေ သိန်းဂဏန်း အထိ တစ်ပိုင်တစ်နိုင်တွေ လှူဒါန်းကြတာကို နေ့စဥ် တွေ့ရပါတယ်။ ဒါတွေဟာ အဖွဲ့အစည်းအနေနဲ့ လှူဒါန်းတာမျိုး မဟုတ်ပဲ မိမိတို့ တစ်ဦး တစ်ယောက်ချင်းစီးရဲ့ စေတနာနဲ့ လှူဒါန်းတဲ့ အလှူတွေ ဖြစ်တယ်။
ရေဘေးနဲ့ စစ်ဘေးရှောင်တွေ အတွက်၊ ကလေးတွေရဲ့ ပညာရေးအတွက် စသဖြင့် လှူဒါန်းကြငွေတွေဟာ ပမာဏ မများပေမယ့် သဲပွင့်လေးတွေ စုပေါင်းလို့ သောင်ကမ်းခြေ ဖြစ်လာသလိုပါပဲလေ။
လေးစားစရာကောင်းတဲ့ ပြည်တွင်း၊ ပြည်ပ ရောက်ရှိနေသူတွေဟာ အခုမှစပြီး လှူဒါန်းပေးကြတာ မဟုတ်ပါဘူး။ တိုက်ပွဲတွေ စဖြစ်တဲ့ အချိန်ကနေ အခု အချိန်ထိပါပဲ။ မုန်တိုင်းဘေး၊ ရေဘေးနဲ့ တစ်ခြားသော ဒုက္ခတွေအပေါ် မှာလည်း ဒီလူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ ရက်ရော ပေးခဲ့ကြပါတယ်။ ဒီလို လှူဒါန်းကြတာကလည်း အဆင်ပြေ၊ အောင်မြင်နေကြလို့ လှူဒါန်းကြတာ မဟုတ်ဘဲ အများစုက မိမိတို့ရဲ့ ချွေးနဲစာလေးတွေထဲက ဖယ်ထုတ်ပြီးတော့မှ လှူဒါန်းကြတာဖြစ်တယ်။
ကလေးမွေးနေ့အလှူ၊ မင်္ဂလာနှစ်ပတ်လည်အလှူ တစ်ခြားသော အလှူလေးကို အထိန်းအမှတ်ကလေးတွေနဲ့ လှူဒါန်းကြတာပါ။ ဒီလို အလှူတွေထဲမှာ တော်တော်လေး လေးစား၊ ချစ်ခင်စရာကောင်းတဲ့ ပိုစ့်လေးတစ်ခုကို တွေ့မိပါတယ်။ စာရေးဆရာ ဝေဟင်အောင် တင်ထားတဲ့ ပို့စ်တွေထဲက တစ်ခုပါ။
“တိုင်းပြည်နန့် လူမျိုးလွတ်မြောက်ရီးအတွက် ရှိတန်းထွက်နီရရေ ပြည်ချစ် အာရက္ခရဲဘော် ချစ်ရရေ အကိုချေ နိုင်ကြီးအတွက် အဝီးရောက် ချစ်သူက ကျန်းမာပြီးကေ အောင်ပွဲ အလီလီရပါစီကြောင်း ရည်ရွယ်လို့ အလှူ” တဲ့။ အလှူငွေက သိပ်များတဲ့ ပမာဏမဟုတ်ပေမယ့် သူ့အလှူလေးက ချစ်စရာကောင်းလှပါတယ်။
ရှေ့တန်းရောက်နေတဲ့ ချစ်သူ၊ ကျန်းမာပြီး အောင်ပွဲတွေအလီလီရဖို့ ရည်ရွယ်ဆုတောင်းပြီး နောက်တန်းက ချစ်သူမိန်းကလေးက ပေးအပ်တဲ့အလှူ။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လှူဒါန်းတဲ့ အလှူငွေကလေးဟာ မိမိ ချစ်ခင်မြတ်နိုးရသူနဲ့ တိုင်းပြည်အပေါ် ထားတဲ့ စိတ်ထားလေးကို လေးစားမိတယ်။
အသက်ကို စွန့်ကာ တိုင်းပြည်အတွက် ရှေ့တန်းက မားမားရပ် တိုက်ခိုက်နေတဲ့ သူရဲကောင်းချစ်သူအတွက် နောက်တန်းတစ်နေရာက ချွေးနဲစာလေးနဲ့ အလှူလေး မှတ်တမ်းတင် ထိုက်ပါတယ်။ ဒီလို အလှူတွေ အများကြီးရှိပေမယ့် တစ်ခုသာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
အာရက္ခ စစ်သည်တွေက ရှေ့တန်းမှာ တိုက်ခိုက်နေတဲ့အချိန် နောက်တန်းက ဒုက္ခတွေကို ကူညီနိုင်ဖို့အတွက် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဟာလည်း ရှေ့တန်းထွက်လာပြီး တတ်နိုင်တဲ့ တာဝန်တွေကို ယူကြကာ တတ်နိုင်တဲ့ဖက်နေ ကူညီပေးနေတာဟာ တကယ့် လေးစား အတုယူဖို့ ကောင်းပါတယ်။
ဒါဟာ ရက္ခိတ စိတ်ဓာတ်တွေပါပဲ။ ရက္ခိတကို အဓိပ္ပာယ်ဖွင့်ဆိုရရင်တော့ “စောင့်ရှောက်ရန် စိတ်ရှိသော” လို့ ပြန်ဆိုပါတယ်။ ဒီလို ရက်ရောတဲ့ လှူဒါန်းမှုလေးတွေဟာ စောင့်ရှောက်လိုစိတ်ရှိတဲ့ လူပုဂ္ဂိုလ်တွေဆီကနေ လာခဲ့ကြတာ ဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ဟာ မိမိတို့ရဲ့ ဇာတိမြေကိုစွန့်ပြီး ဝေးကွာတဲ့အရပ်မှာ ဘဝကို ရုန်းကန်နေကြပေမယ့် ဇာတိမြေရဲ့ အခက်အခဲတွေဟာ ကျွန်တော်တို့ရဲ့ အခက်အခဲတွေ ဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့ ဒုက္ခတွေအဖြစ် ခံစားလာရတယ်။ ဒီလို အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ဝိုင်းဝန်းဖြေရှင်းပြီးတော့ အနာဂတ်နေ့ သစ်တွေကို ဇွဲရှိရှိနဲ့ လျှောက်သွားကြရမှာ ဖြစ်တယ်။
မပြောစလောက်ဆိုတဲ့ အရာလေးတွေက တစ်ခါတစ်ခါ ကြီးကျယ်လာတတ်ကြပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ တစ်ဦး၊ တစ်ယောက်ချင်းစီဆီက အလှူငွေကတော့ နည်းကောင်း နည်းနေပါလိမ့်မယ်။ ဒါပေမယ့် နည်းတဲ့ပမာဏတွေ ပေါင်းစုံမိရင် ကြီးမားတဲ့ ငွေကြေး ဖြစ်လာတယ်။ ဒီလို ပေါင်းဖက်လို့ ရလာတဲ့ ငွေကြေးတွေနဲ့ပဲ ရေဘေး၊ စစ်ဘေးတွေဆီကို သွားလှူဒါန်းပေးနိုင်ခဲ့တယ်။
အိမ်တွေ မီးရှို့ခံသူတွေအတွက် အထောက်အကူတွေ ပေးနိုင်တယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရသူတွေကို အဝတ်အထည်တွေ ပေးအပ်နိုင်တယ်။ ဆာလောက်မှုတွေအတွက် အစာအာဟာရ ဖြည့်စွက်နိုင်တယ်။
သဲတစ်ပွင့်ချင်းစီ စုပေါင်းမိတော့ သောင်ခုံဖြစ်လာသလို ကျွန်တော်တို့ ဟာ သဲတစ်ပွင့်မျှ တိုင်းပြည်အတွက် ပါဝင်ကူညီပေးကြပါ။ ကျွန်တော်တို့ဟာ အသက်တွေ မစွန့်နိုင်၊ ဘဝတွေကို မပေးဆပ်နိုင်၊ ချစ်ခင်ရသူတွေနဲ့ မခွဲနိုင်ကြလို့ ရှေ့တန်းက မပါဝင်နိုင်ခဲ့ကြပေမယ့် “သဲတစ်ပွင့်မျှ” ပါဝင်ခဲ့ကြတယ်ဆိုရင် သိပ်မကြာတဲ့ အချိန်တစ်ခုမှာ မြင့်မားဖြောင့်စင်းတဲ့ သဲခုံတန်းကြီးတစ်ခုအပေါ် ရွှင်ပြစွာ လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။
နတ်ဟြှင် ရေးသည်
11 Comment
need a video? film production company in italy offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.
Продажа тяговых https://faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу
Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Официальная торговая платформа на кракен маркетплейс с escrow системой для защиты интересов покупателей и продавцов
Все актуальные зеркала на кракен ссылка обновляется каждый день для бесперебойного входа на маркетплейс
Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
кино онлайн бесплатно кино про хакеров и технологии
заклепка вытяжная 2.4 мм заклепка вытяжная алюминиевая
Подтверждаю что кракен вход работает сегодня через все официальные зеркала
коттедж дизайн внутри дизайн коттеджа