ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

အာရက္ခတိုင်းမ်စ် (၂၁ မတ် ၂၀၂၆)

ဒီကနေ့ မတ်လ ၂၁ ရက်တွင် ကျရောက်တဲ့ (၂၇) နှစ်မြောက် ကမ္ဘာ့ကဗျာနေ့ (World Poetry Day) အခမ်းအနားကို တောင်ကုတ်မြို့တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို တောင်ကုတ်မြို့နယ် စာပေအင်အားစုက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် “ရိုးမလှိုင်း” နံရံကပ်စာစောင် အမှတ်စဥ် (၁) ကို ထုတ်ဝေခဲ့တယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ကဗျာနေ့ကို ဂုဏ်ပြုတာ ဖြစ်သလို ရက္ခိုင်ပြည်တွင်း ရက္ခိုင်ဘာသာစကားနဲ့ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ရသစာတမ်း စတဲ့ စာပေအနုပညာ အရေးအသားများ ပိုမိုထွန်းကားလာရန် အခမ်းအနားကို ကျင်းပရခြင်းဖြစ်တယ်လို့ တောင်ကုတ်စာပေအင်အားစုမှ ကဗျာဆရာ မောင်နှစ်သိမ့် (တောင်ကုတ်) က ပြောပါတယ်။

အခမ်းအနားကို တက်ရောက်လာကြတဲ့ ကဗျာဆရာများနဲ့ စာရေးဆရာများက နံရံကပ်စာစောင် ဖွင့်လှစ်ခြင်း၊ ကဗျာနဲ့ ရသစာတမ်း ရွတ်ဖတ်ခြင်းတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို တောင်ကုတ်ခရိုင် ULA ပါတီ တာဝန်ရှိသူများကလည်း တက်ရောက် ချီးမြှင့်ခဲ့ပြီး တောင်ကုတ်စာပေအင်အားစုမှ ကဗျာဆရာ၊ စာရေးဆရာ အပါအဝင် လူငယ် စာပေဝါသနာရှင်များ လူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကဗျာနေ့ ယူနက်စကို (UNESCO) ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီးက ကမ္ဘာ့ကဗျာနေ့ကို ၁၉၉၉ ခုနှစ်တွင် စတင် အတည်ပြု သတ်မှတ်ခဲ့ပြီး၊ ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ယနေ့တိုင် ကမ္ဘာတဝန်းတွင် နှစ်စဉ်ကျင်းပလာခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Related posts

AA ထိုးစစ်ခုခံရန် စစ်ကောင်စီက လေးမျက်နှာက စစ်ရှောင်တွေကို လူသားဒိုင်းလုပ်နေ

သမိုင်းဝင် တောင်းဖူးဘုရားကြီး စစ်ကောင်စီက ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး

ပုဏ္ဏားကျွန်း ကုလားချောင်းရွာ ဗုံးကျ ပေါက်ကွဲလို့ ပြည်သူတစ်ဦး သေဆုံး

3 Comment

TylerRUg စက်တင်ဘာ 3, 2026 - 3:14 မနက်

Группа препаратов
Получить дополнительную информацию – капельница от запоя стоимость новосибирск

Vernonzer စက်တင်ဘာ 7, 2026 - 9:08 မနက်

Вывод из запоя на дому подходит пациентам, у которых врач не выявляет признаков тяжелого осложнения. Такой формат позволяет провести лечение в привычной обстановке, не доставляя ослабленного человека самостоятельно в клинику. Нарколог приезжает по указанному адресу, оценивает состояние пациента и определяет, какие процедуры могут безопасно выполняться на дому.
Изучить вопрос подробнее – http://www.2.vyvod-iz-zapoya-krasnoyarsk55.ru

Davidexant စက်တင်ဘာ 15, 2026 - 3:30 မနက်

При тяжелой клинической картине наркологическая помощь дома может оказаться неподходящей. Врач рекомендует клинику при высоком риске осложнений, выраженных нарушениях поведения, потере сознания, судорогах или других опасных симптомах. Наркологическая клиника обеспечивает более длительное наблюдение, поэтому выбор между домом и клиникой определяется медицинскими показаниями.
Ознакомиться с деталями – нарколог на дом анонимно

Add Comment