Rakhita Times

အနောက်အရပ်က နေဝန်းနီ (သို့) အာဇာနည်ရဟန်းတော်

တဖြောက်ဖြောက် ကြွေကျနေသော စက်တင်ဘာမိုးသည် သူရဲကောင်းတစ်ဦးအတွက် ဝမ်းနည်းမျက်ရည် ဖွဲ့ငိုနေသလို ရှိသည်။ အခန်းအပြင်၌ ရွာနေသော ထိုမိုးစက်ကလေးများသည် သစ်ရွက်ပေါ်မှတဆင့် မြေကြီးသို့ ကြွေကျနေကြခြင်း ဖြစ်သည်။ သည်မိုးနှင့်အတူ လွန်ခဲ့သော နှစ်အနည်းငယ်က ကျွန်တော်ရေးသားခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ကို ရေရွတ်နေမိသည်။ စက်တင် ကိုးရက် မျက်ရည်နဲ့ မိုးစက်
Read more

မုဒိမ်းမှုတွေအတွက် ကြိမ်ဒဏ်ကို အသက်ပြန်သွင်းဖို့လို

အာရက္ခတိုင်းမ်စ် (၈ စက်တင်ဘာ ၂၀၂၅) ရက္ခိုင်က အမျိုးသမီး ၄ ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံတစ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ခရိုင်တရားရုံးက အလုပ်ကြမ်း နဲ့ ထောင်ဒဏ်နှစ် ၄၀ ချမှတ်လိုက်တဲ့အပေါ်မှာ ပြည်သူတွေက ဝေဖန်မှုတွေ မြင့်တက်လျက် ရှိပါတယ်။ အဲဒီ အမျိုးသမီး ၄
Read more

ကျောက်ဖြူနဲ့ စစ်တွေကို လေကြောင်းခရီးစဥ်တွေ လျှော့ချ

အာရက္ခတိုင်းမ်စ် (၈ စက်တင်ဘာ ၂၀၂၅) စစ်ကော်မရှင်က ရက္ခိုင်ပြည် ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်ကို ရန်ကုန်ကနေ ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဥ်တွေကို လျှော့ချလိုက်တယ်လို့ သိရပါတယ်။ အာရက္ခတပ်တော်နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်ဖြူကို အရင်က နေ့စဥ် လေယာဥ်ပြေးဆွဲနေပေမယ့် စက်တင်ဘာလကစပြီး တပတ်ကို ၂ ကြိမ်သာ ပြေးဆွဲတော့မှာ
Read more

မြောက်ဦးဗုံးကြဲခံရမှု သေဆုံးသူ ၁၅ ဦး အထိ ရှိလာ

အာရက္ခတိုင်းမ်စ် (၇ စက်တင်ဘာ ၂၀၂၅) ရက္ခိုင်ပြည် မြောက်ဦးမြို့ကို စစ်ကော်မရှင်က သြဂုတ်လ ၂၅ ရက် ည ၁၁ နာရီခွဲခန့်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ ၁၅ ဦး အထိ သေဆုံးခဲ့ပါတယ်။ “မနေ့က
Read more

မောင်တောမှာ မြေမြှုပ်မိုင်း ၁၀၀ ကျော် AA ရှင်းလင်း

အာရက္ခတိုင်းမ်စ် (၇ စက်တင်ဘာ ၂၀၂၅) ရက္ခိုင်ပြည် မောင်တောမြို့နယ်မှာ စစ်ကော်မရှင်က မြှုပ်နှံခဲ့တဲ့ မြေမြှုပ်မိုင် ၁၂၈ လုံးကို အာရက္ခတပ်တော်က ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ “ သွားလာ‌ရေး ပိုပြီး စိတ်ချလုံခြုံဖို့အတွက် တပ်တော်က မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးနေတာလေ။ အကြောက်တရား ကင်းကင်းနဲ့ သွားလာရတော့ ကျနော်တို့အတွက်
Read more

ဖြူဖြူကျော်သိန်းက ရက္ခိုင် ၄ မြို့နယ်အတွက် ငွေကျပ် သိန်း ၁၀၀၀ ကျော် လှူဒါန်း

အာရက္ခတိုင်းမ်စ် (၆ စက်တင်ဘာ ၂၀၂၅) အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်က ပေါက်တော၊ အမ်း နဲ့ ရမ်းဗြဲမြို့နယ်အပါအဝင် လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်အတွက် အဆိုတော် ဖြူဖြူကျော်သိန်းက ငွေကျပ် သိန်း ၁၀၀၁ ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီအလှူငွေတွေကို ပြီးခဲ့တဲ့
Read more

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

တန်ဖိုးအရှိဆုံး ရေတကျိတ် (အာရက္ခတပ်တော် ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝပုံရိပ်များ – ၇ ) **** (ဌေးဝင်း) နောက်နေ့ မိုးလင်းတော့ ငါက အိမ်သာ တက်ချင်တယ် ပြောလို့ သူတို့ ငါ့ကို အိမ်သာကို လိုက်ပို့တယ်။ အိမ်သာထဲမှာ ရေများ သောက်ရလေမလားဆိုတဲ့ စိတ်ကူးနဲ့
Read more

ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာအောင် ဆက်လက်ကြိုးပမ်းဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည် သား ကိုထိန်လင်း သ‌ဘောတူ

အာရက္ခတိုင်းမ်စ် (၆ စက်တင်ဘာ ၂၀၂၅) လူတိုင်း ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာအောင် ဆက်လက်ကြိုးပမ်းဖို့ အာရက္ခတပ်တော် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်ကလည်း ကိုထွန်းမြတ်နိုင်နဲ့ သူရဲ့
Read more

AA တပ်ဖွဲ့ဝင်တွေရဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့ ခုခံစစ် တန်ပြန်ထိုးစစ်အောက်မှာ စကမတပ်တွေ အကျအဆုံးများနေ

အာရက္ခတိုင်းမ်စ် (၅ စက်တင်ဘာ ၂၀၂၅) အာရက္ခတပ်တော်ထံမှာ စစ်ရှုံးထားတဲ့ စစ်ကော်မရှင်က ဆုံးရှုံးထားတဲ့ နယ်မြေတွေ အဓိကအားဖြင့် ဧရာဝတီ-ရက္ခိုင်အစပ်၊ မကွေး-ရက္ခိုင်အစပ်နေရာတွေကို ပြန်ရဖို့ ကြိုးစားနေပေမယ့် အထိအခိုက် အကျအဆုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါအပြင် စစ်ကော်မရှင်တပ်တွေဟာ အာရက္ခတပ်တော် ဝန်းရံပိတ်ဆို့ထားတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာရှိတဲ့ လက်ကျန်စခန်းတွေကိုလည်း အာရက္ခတပ်တော်ထံကို
Read more

စစ်တွေမှာ ကွမ်းတစ်ယာကို တထောင်၊ ငရုတ်သီး ၅ တောင့်ကို တထောင် ပေးနေရ

အာရက္ခတိုင်းမ်စ် (၅ စက်တင်ဘာ ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့နယ်ကို လေယာဉ်တွေ မဆင်းသက်တာ ရက်ပိုင်းရှိပြီ ဖြစ်တဲ့အတွက် ကွမ်းယာ တစ်ယာကို ငွေကျပ် တထောင်၊ ငရုတ်သီး ၅ တောင့်ကို ငွေကျပ် တထောင် ပေးနေရကြောင်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်တွေမြို့ကို လေယာဉ်မဆင်းတာဟာ
Read more