စကမရဲ့လုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မြောက်ဦးလူငယ်များအစည်းအရုံး ရှုတ်ချ

အာရက္ခတိုင်းမ်စ်(၁၂ ဒီဇင်ဘာ ၂၀၂၅)

စစ်ကော်မရှင်ရဲ့ ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ရှုတ်ချကြောင်း မြောက်ဦးလူငယ်များအစည်းအရုံးကဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးကုသနေတဲ့လူတွေ အပါအဝင် စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီး ၇၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) က စေတနာ့ဝန်ထမ်း လေးဦးလည်း ပါဝင်တယ်လို့ အစည်းအရုံးရဲ့ ဒုဥက္ကဌဖြစ်တဲ့ ကိုအောင်စိုးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အကြမ်းဖက် အာဏာသိမ်း မြန်မာစစ်တပ်ဟာ နေ့စဉ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ အပြစ်မရှိတဲ့ ပြည်သူတွေကို ရက်စက်ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ လူမဆန်စွာ သတ်ဖြတ်နေမှုများကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြီး မြောက်ဦးလူငယ်များအစည်းအရုံးအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့လည်း အရပ်သားပြည်သူများရဲ့တရားမျှတမှု ရရှိနိုင်ဖို့အတွက် အကြမ်းဖက် အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လူမဆန်စွာ လူမျိုးတုံး သတ်ဖြတ်နေများကို အရေးယူပေးရန် မြောက်ဦးလူငယ်များအစည်းအရုံးက တောင်းဆိုထားပါတယ်။

Related posts

“ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရှေ့ဆောင်လမ်းပြ ဦးဆောင်တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်” လို့ ဗမာ့တပ်တော်ပြော

မွေးနေ့ဆုတောင်းပေးသူတွေကို ULA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကျေးဇူးတင်

ဗိုလ်ချုပ် ဦးဆောင်မှုကို မှတ်တမ်းတင်ထားတယ်လို့ မူဆလင်ပြည်သူကိုယ်စား မောင်တောခရိုင်ဂျူရီ ပြော