Rakhita Times

စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပနိုင်

အာရက္ခတိုင်းမ်စ် (၂၂ ဧပြီလ ၂၀၂၅) စစ်ကောင်စီအနေနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန် (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ရွေးကောက်ပွဲကို ကျင်းပသွားမယ်လို့ တစ်ကမ္ဘာလုံးသိအောင် တရားဝင် ထုတ်ဖော်ပြောကြားထားတာကြောင့် မဖြစ်မနေ ကျင်းပမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကောင်စီ
Read more

စပါးတိုက်ရိုက် နယ်ကျော်သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်

အာရက္ခတိုင်းမ်စ် (၂၁ ဧပြီ ၂၀၂၅) စစ်ကောင်စီက တိုင်းတစ်တိုင်းနှင့်တစ်တိုင်း နယ်ကျော်ပြီး စပါးတိုက်ရိုက် သယ်ယူခွင့်ကို ကန့်သတ်ထားတယ်လို့ တောင်သူတွေက ပြောပါတယ်။ ဧရာဝတီတိုင်းက စပါးကို ရန်ကုန်ကို သယ်ပြီး ကြိတ်ချင်တာဖြစ်ဖြစ်၊ ပဲခူးတိုင်းကို သယ်ချင်တာ၊ ရောင်းချင်တာဖြစ်ဖြစ် လုပ်လို့မရကာ ဆန်ကိုပဲ တိုက်ရိုက် သယ်ခွင့်ရှိတယ်လို့ သိရပါတယ်။
Read more

နိုင်ငံတကာက မူဆလင်အရေးကို လူ့အခွင့်အရေးထက် နိုင်ငံရေးလက်နက်အဖြစ်သုံး

အာရက္ခတိုင်းမ်စ် (၂၁ ဧပြီလ ၂၀၂၅) မူဆလင်ဒုက္ခသည်တွေရဲ့ အရေးဟာ နိုင်ငံတကာအတွက် လူ့အခွင့်အရေးဆိုတာထက် နိုင်ငံရေးလက်နက်အဖြစ် သုံးကြတာများတယ်လို့ PNLO-NCA/S မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ဧပြီလ ၂ ရက်ကနေ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က BIMSTEC
Read more

ကျောက်တော်ဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ ပစ်ခတ်ရပ်စဲမှု ချိုးဖောက်တဲ့ မှတ်တမ်းလို့ HDCO ပြော

အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၅) ရက္ခိုင်ပြည် ကျောက်တော်မြို့ကို ဒီနေ့ မိုးလင်းဝတွင် စစ်ကောင်စီက လေယာဉ်နဲ့ ၄ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ “ လေကြောင်းတိုက်ခိုက်မှုများဟာ ဧပြီလ
Read more

NUG အနေနဲ့ EAO တွေနဲ့ပေါင်းပြီး တိုက်နိုင်ရင် တော်လှန်ရေးနိုင်မယ်

အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၅) အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ EAO တွေနဲ့ ပေါင်းပြီး စစ်ကောင်စီကို ထိထိရောက်ရောက် တိုက်နိုင်ပါက တော်လှန်ရေးမှာ နိုင်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ NUG တစ်စုတစ်ဖွဲ့တည်းနဲ့ စစ်ကောင်စီကို မတိုက်ထုတ်နိုင်ဘဲ EAO
Read more

ကျောက်တော်ကို ဗုံးကြဲလို့ သေဆုံး ထိခိုက်သူ စာရင်း

အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၅) ရက္ခိုင်ပြည် ကျောက်တော်မြို့ကို စစ်ကောင်စီက ဒီနေ့ မိုးလင်းဝ ၂ နာရီ နဲ့ ၃ နာရီကြားတွင် ၄ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့လို့ ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
Read more

ကျောက်တော်ကို ဗုံးကြဲ ၁ ဦး သေဆုံး၊ အများအပြားဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၅) ရက္ခိုင်ပြည် ကျောက်တော်မြို့ကို ဒီနေ့ မိုးလင်းဝတွင် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲလို့ ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။ စစ်ကောင်စီက ကျောက်တော်မြို့အနှံ့ကို ၄ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့တယ်လို့ ကျောက်တော်မြို့ဒေသခံက
Read more

ရက္ခိုင်မှာ အိမ်ဆောက်ပစ္စည်း ဈေးတက်၊ ကုန်စည်ဈေးနှုန်း ကျ

အာရက္ခတိုင်းမ်စ် (၁၈ ဧပြီ ၂၀၂၅) ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အိမ်ဆောက်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတလျှောက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတာ၊ ငလျင်လှုပ်ခတ်မှုကြောင့် လမ်းပိုင်းတွေ ပျက်စီးသွားတဲ့အတွက်ကြောင့်လည်း ကုန်စည်စီးဆင်းမှု ခက်ခဲပြီး
Read more

ရက္ခိုင်မှာ စစ်ကောင်စီအုပ်ချုပ်ရေးအာဏာ ဆက်ပြီးကိုင်စွဲထားဖို့ မဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၁၇ ဧပြီလ ၂၀၂၅ ခုနှစ်) ရက္ခိုင်ပြည်က ကျန်ရှိနေတဲ့ မြို့နယ် ၃ ခုမှာ စစ်ကောင်စီအနေဲ့ အုပ်ချုပ်ရေးအာဏာကို ဆက်ပြီးကိုင်စွဲထားဖို့ မဖြစ်နိုင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ စစ်တွေ၊
Read more

မောင်တောတွင် ဒိုင်းနက် ရိုးရာ ပန်းမျှောပွဲ ကျင်းပ

အာရက္ခတိုင်းမ်စ် (၁၄ ဧပြီ ၂၀၂၅) ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် ဧပြီလ ၁၃ ရက် မနက် ၁၀ နာရီက သက္ကမ (ဒိုင်းနက်) လူမျိုးတို့ရဲ့ ရိုးရာ ပန်းမျှောပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သက္ကမ (ဒိုင်းနက်) ရိုးရာပန်းမျှောပွဲကို မောင်တောမြို့နယ် ရေ‌နောက်ငါးသားရွာတွင်
Read more