အာရက္ခတိုင်းမ်စ် (၂၅ သြဂုတ် ၂၀၂၅)
ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့အနေနဲ့ ရက္ခိုင်ပြည် သံတွဲမြို့နယ်က ဒေသခံပြည်သူ ၂၀၀၀ ကျော်ကို အခမဲ့ ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။
“စကုသကတည်းက ခုချိန်ထိဆိုရင် လူဦးရေက ၂၁၅၄ ယောက်ပေါ့နော်။ ကျနော်တို့ ကုသပေးခဲ့ပါပြီ။ ကျနော်တို့ အခမဲ့ပေါ့နော် အကုန်လုံး အဲလောက်ကို ကုသပေးခဲ့ပါတယ်” လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့ဝင် ကိုနီထွန်းအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့အနေနဲ့ ဆေးကုသဖို့ တကြိမ်လျင် ငွေကျပ် သိန်း ၅၀ ခန့် ကုန်ကျတယ်လို့လည်း သိရပါတယ်။
“အခုဆိုရင် ကျနော်တို့ဟာ ၁၁ မြောက်ပေါ့နော်။ ကုသပေးခဲ့တာကတော့ အခမဲ့ပေါ့နော်၊ Mobile Clinic အနေနဲ့ ၁၁ ကြိမ်မြောက် ရှိပါပြီ” လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့ဝင် ကိုနီထွန်းအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့အနေနဲ့ သံတွဲမြို့နယ်က ဒေသခံပြည်သူတွေကို နယ်လှည့်ကုသပေးနေတာဟာ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က စတင်က အခမဲ့ ကုသပေးနေတာလည်း ဖြစ်ပါတယ်။
ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့အနေနဲ့ တလ ၂ ကြိမ် နယ်လှည့် ဆေးကုသပေးချင်ပေမယ့် ငွေကြေားအခက်အခဲကြောင့် တချို့လတွေမှာ တလ တကြိမ်ခန့်သာ ကုသပေးနိုင်တယ်လို့လည်း သိရပါတယ်။